Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေအကြောင်း စုံစမ်းစစ်ဆေးနေ

ခိုးထားတဲ့ ဥရောပ နိုင်ငံကူးလက်မှတ် တွေ ကိုင်ဆောင်ထားသူ နှစ်ဦးဟာ အခု ပျောက်ဆုံး နေတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားပြီး သူတို့ လက်မှတ်တွေကို တချိန်ထဲမှာ ဝယ်ခဲ့ကြ တာ ဖြစ်ကြောင်း ဘီဘီစီက အတည်ပြု သိရပါတယ်။

အဲဒီလူ နှစ်ဦးစလုံးဟာ လေယာဉ်လက်မှတ်တွေကို China Southern လေကြောင်းလိုင်းကနေ ဝယ်ခဲ့တာ ဖြစ်ပြီး ဘေဂျင်းမြို့ကနေ Amsterdamကို သွားမယ့် ခရီးစဉ်အတွက် လက်မှတ် ကြိုဝယ်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတယ် ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရပေမယ့် လေယာဉ်ပေါ် ပါသွားတဲ့ တခြားခရီးသည်တွေဟာ ဘယ်သူဘယ်ဝါ ဖြစ်သလဲ ဆိုတာကို မလေးရှား အာဏာပိုင်တွေက စစ်ဆေး ကြည့်ရှုနေပါတယ်။


ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ဦး တင်ဆောင်သွားတဲ့ အဲဒီ Boeing 777 လေယာဉ်ဟာ ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကို အသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မလေးရှား လေယာဉ်ကို ရှာဖွေမှုတွေ ဆက်လုပ်နေချိန်မှာပဲ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေ အနေနဲ့ အဆိုးဆုံးကို ကြိုတွက်ထားကြဖို့ မလေးရှား လေကြောင်းလိုင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

လေယာဉ်နဲ့ နာရီပေါင်း ၃၀ကျော်လောက် အဆက်အသွယ် မရ ဖြစ်ခဲ့အပြီးမှာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကို အဆိုးဆုံး အခြေအနေတွေ ဖြစ်လာနိုင်တာမို့ ကြိုတင် ပြင်ဆင်ထားကြဖို့ ပြောခဲ့တယ်လို့ မလေးရှားလေကြောင်းလိုင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ကို နိုင်ငံပေါင်း ၉နိုင်ငံက သင်္ဘာ အစင်း၄၀၊ လေယာဉ် ၃၄စင်းနဲ့ ပူးပေါင်း ရှာဖွေနေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB