Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရုရှတပ်တွေ ယူကရိန်း စစ်သင်္ဘောဟောင်းနစ်မြုပ်ပြီး ပင်လယ်ထွက်ပေါက်ပိတ်

ရုရှတပ်တွေက ယူကရိန်းရဲ့ တခုတည်းသော ပင်လယ်နက်ထွက်ပေါက် မှာ မတ်လ ၈ ရက်နေ့က အိုမင်းဟောင်းနွမ်းနေတဲ့ ရေယာဉ် ၂ စီးကို နစ်မြုပ်ရင်း ပိတ်ချလိုက်ပါတယ်။ အနားမှာတော့ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ရုရှတိုက်သင်္ဘော မာ့က်စ်ဗာကို မြင်နိုင်တာပါ။ ဒါကြောင့် ယူကရိန်း ရေတပ်စစ်သင်္ဘော ၂ ဒါဇင်လောက်ထဲက ၆ စီးကျော် ပိတ်မိနေပါပြီ။
ရုရှကတော့ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှရဲ့အစိတ်အပိုင်း ဖြစ်လာစေမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မလုပ်မီ အင်အားတည်ဆောက်နေတာပါ ဒါကြောင့် ယူကရိန်းဟာ သူ့ရဲ့ရေတပ်ကို အရှက်တကွဲ ဆုံးရှုံးမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ယူကရိန်းရေတပ်မှာ ရေငုပ်သင်္ဘောတစီး ထောက်ပို့သင်္ဘော ၁၅ စီးနဲ့ လက်နက်ကိုင်တပ်သား တသောင်းခွဲလောက် အပါအ၀င် စစ်သင်္ဘော ၂၅ စီး ရှိနေတာပါ။ အဲဒီထဲက ၁ သောင်းလောက်ကတော့ ခရိုင်းမီးယားကျွန်းဆွယ်အခြေစိုက်တွေ ဖြစ်ပါတယ်။
အထီးကျန် အခြေစိုက်စခန်းအတွင်း ယူကရိန်းစစ်သည် ဘယ်လောက်ရှိတယ်ဆိုတာ ယူကရိန်း တပ်မှူးတွေက မပြောပါဘူး နစ်မြုပ်သင်္ဘောတွေကို ဖယ်ရှားဖို့ ဖြတ်တောက်ရေး ပစ္စည်းတွေနဲ့ ကရိန်းတွေလို နည်းပညာဆိုင်ရာ ကိရိယာတွေ သူတို့မှာ မရှိဘူးလို့တော့ ပြောပါတယ်။

အစောပိုင်းကတော့ ရုရှရဲ့ ပင်လယ်နက် တပ်မဟာက စစ်သင်္ဘော ၈ စီးက ယူကရိန်းရဲ့ ပင်လယ်နက် ထွက်ပေါက်ကို ပိတ်ထားပြီး ခုတော့ ဗိုက်ဖောက် နစ်မြုပ်ခံ သင်္ဘောတွေက ထွက်ပေါက်ပိတ်သွားလို့ ရုရှစစ်သင်္ဘော တစီးသာ အစောင့်ကျန်နေတယ်လို့ ယူကရိန်းရေတပ် အရာရှိတွေက ပြောပါတယ်။
ခရိုင်းမီးယား အခြေစိုက်စခန်းက ယူကရိန်း ဒုတပ်မှူး ဗာဒင်မ် ဖိလစ်ပန်ကိုကတော့ စစ်တိုက်မှာ မဟုတ်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ မျှော်လင့်တယ် ခရိုင်းမီးယားကို ရုရှသိမ်းမယ်ဆိုရင် ကျွန်တော်တို့က တခြားနေရာတွေမှာ ယူကရိန်းအတွက် ဆက်အမှုထမ်းမယ်လို့ ပြောပါတယ်။
လောလောဆယ်တော့ ရုရှရဲ့ပင်လယ်နက်တပ်မဟာ အခြေစိုက်ရာ ဆီဗက်စတိုပိုမြို့က ယူကရိန်းရေတပ် ဌာနချုပ်တွေဟာ ရုရှစစ်သားတွေနဲ့ ရုရှကိုလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ ရဲ့ သိမ်းပိုက်မှု မခံရရုံတမယ် အခြေအနေအောက်မှာ ရောက်နေပါတယ်။
အရင်လက ဘက်ပြောင်းသွားတဲ့ ယူကရိန်း ရေတပ်ဦးစီးချုပ်က စစ်သင်္ဘောတွေကို ထိန်းချုပ်ပြီး ခရိုင်းမီးယား တပ်မဟာလို့ သူကခေါ်ဝေါ်တဲ့ တပ်မျိုး ဖန်တီးမှာကို အခု စိုးရိမ်နေရတယ်လို့ ယူကရိန်းတပ်မှူးတွေက ပြောပါတယ်။

 By

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB