Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်းရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။
မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မလေးအနောက်ဘက် ကမ်းရိုးတန်းကိုပါ တိုးချဲ့ ရှာဖွေနေတယ်လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။
လူစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ လေကြောင်းအချက်ပြ ထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး တဲ့နောက် မတ်လ ၈ ရက်နေ့က ဗီယက်နမ် ကမ်းရိုးတန်းမှာ ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
လေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလည်း အတည်ပြုပါတယ်။

ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက် လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု အတွင်း တိုက်ခိုက်ခံရမှုဟာ ဖြစ်နိုင်ချေတွေထဲက တခုပါ။
လောလောဆယ် ရှာဖွေရေးအတွက် လေယာဉ် ၂၂ စီးနဲ့ သင်္ဘောအစီးလေးဆယ်က ပျောက်သွားတဲ့ လေယာဉ်နဲ့ ပတ်သက်သမျှကို လိုက်ရှာဖွေနေဆဲပဲလို့ မလေးရှား ကာကွယ်ရေး တပ်ခေါင်းဆောင် ဗိုလ်ချုပ် ဇူကီဖယ်လီ မို့ဇင်က ပြောပါတယ်။
ဗီယက်နမ် တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ရှာဖွေရေး သင်္ဘောတွေ စေလွှတ်ခဲ့သလို အမေရိကန် ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်လေယာဉ်တွေ စေလွှတ် ကူညီခဲ့ တာပါ။
ပျောက်ဆုံးလေယာဉ်ဟာ လေကြောင်းခရီးစဉ်အတွင်း မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၁၂၀ အကွာမှာ လေကြောင်းထိန်းချုပ်ရေး စခန်းဆီကို နောက်ဆုံး ဆက်သွယ်ခဲ့ပါသေး တယ်။ ၂၄ နာရီ ကျော်တဲ့အထိ လေယာဉ်ကို မတွေ့သေးပါဘူး။


By

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB