Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တမူးမြို့နယ်တွင် ဇနီးဖြစ်သူအား သတ်၍ တောတဲမီးရှို့ပြီး အလောင်းဖျောက်

တမူး၊ မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်၏ အနောက်ဘက်၊ တစ်မိုင်ကျော်ခန့်အကွာ၊ တဘက် အိန္ဒိယ နိုင်ငံ အာသံရိုင်ဖယ်တပ်ရင်း(၉)၏ အရှေ့ဘက် ပေ( ၅၀၀)ခန့်နေရာရှိ ဦးလက်ခိုမာန်၏ လယ်တောအတွင်းယခုလ ၇ ရက်နေ့ ညနေ ၃ နာရီ ၁၃ မိနစ်က တောတဲ မီးလောင်၍ လူတစ်ဦးသေဆုံးနေကြောင်း တမူးမြို့နယ် အုပ်ချုပ်ရေး မှူးရုံးရှိ ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်အား အသေးစိပ် သတင်းအတည်ပြုချက်များ ရရှိစေရန်နှင့် ဖြစ်စဉ်မှန်အား စုံးစမ်းစစ်ဆေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်ရွှေထံ ထိုနေ့က ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်း ကြားခဲ့သည်။

ထို့ကြောင့် တမူးမြို့မရဲစခန်းမှူး ဒုရဲမှူး ဒုရဲမှူး လှထွန်း၊ ခလရ(၈၇) တမူးရှေ့တန်းရုံးမှ ဗိုလ်ကြီး ဝေဖြိုးအောင်၊ စော် ဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း တို့အဖွဲ့က မီးလောင်သေဆုံးနေသည့် နေရာအရပ်သို့ သွားရောက်စစ်ဆေး ခဲ့ကြသည်။
“ မီးလောင်ပြင်တဲရဲ့ အလည်မှာ ရုပ်ရည်မပီပြင်တော့တဲ့ အလောင်းတစ်လောင်းတွေ့ရပါတယ်..။ သေဆုံးသူရဲ့ အရိုး အဆစ်တွေကိုကြည့်ချင်းအားဖြင့် သေဆုံးသူဟာ အမျိုးသမီးတစ်ဦးဖြစ်နိုင်ပါတယ်..” ဟု တမူးမြို့မရဲစခန်းရှိ နယ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးမှ မဇ္ဈိမသို့ ထုတ်ဖော်ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့သည် တောအတွင်း နွားကျောင်းနေသည့် ကိုဘိုဘို ဆိုသူအား ဖြစ်စဉ်နှင့်ပတ် သက်၍ မေးမြန်းစုံးစမ်းကြည့်ခဲ့ရာ လယ်ပိုင်ရှင် ဦးလက်ခိုမာန်း၏ တောအတွင်း၌ တဘက် အိန္ဒိယနိုင်ငံမှ ကူကီးချင်းအ မျိုးသားတစ်ဦးနှင့် ပိုက်သဲချင်းအမျိုးသမီးတစ်ဦးတို့မှာ မီးသွေးဖုတ်ရန် တဲထိုး၍ လာရောက်နေထိုင်ခဲ့ကြသည်။ ထိုသူ နှစ်ဦးတို့နေထိုင်ရာတဲမှာ ယခုလ ၇ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်က မီးလောင်ခဲ့သည်ကို အနီးရှိ ချောင်းထဲမှ မြင်တွေ့လိုက်ရပြီးနောက် မိနစ်အနည်းမျှအကြာတွင် ကူးကီးချင်းအမျိုးသားဖြစ်သူမှာ အိန္ဒိယနိုင်ငံဘက်သို့ ဒယီဒယိုင် ပုံစံဖြင့် ပြန်လည်ဝင်ရောက်သွားသည်ကို အဆိုပါ နွားကျောင်းသားမှ မြင်တွေ့လိုက်ရသည်ဟု သက်ဆိုင်ရာ၏ စစ်ဆေး ပေါ်ပေါက်ချက်များအရ သိရသည်။
“ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး တဲကိုမီးရှို့ကာ အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ယူဆလို့ရနိုင်ပါတယ်..” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သုံးသပ်ပြောဆိုခဲ့သည်။

ထို့ကြောင့် သွားရောက်စစ်ဆေးခဲ့သည့် သက်ဆိုင်ရာအဖွဲ့သည် အိန္ဒိယနိုင်ငံ ၊ ခွန်မွန်းနုံကျေးရွာ၊ မန်ကန်ကျေးရွာရှိ ရွာ သူကြီးများထံ ထိုကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု သွားရောက်စစ်ဆေးခဲ့ရာတွင် လိုက်ပါခဲ့ သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

ပြီးခဲ့သည့်လ ဖေဖော်ဝါရီ ၂၀ ရက် နေ့ မနက် ၈ နာရီခွဲက မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဖြစ်သော နယ်စပ် ကျောက်တိုင်အမှတ် BP 62 အကြား အိန္ဒိယ နိုင်ငံဘက်ခြမ်းရှိ ဂျန်နိုဖိုင်( Jangnon Phi)ကျေးရွာနှင့် တမူး - ကလေး အဝေးပြေးကားလမ်းမကြီးအနီးတွင် အိန္ဒိယနိုင်ငံ မိုဘိုင်းမြို့နေ Satadinda Singh ဆိုသူနှင့် ဥတရာပရာဒေရှ်ပြည် နယ်နေ Dalgiagid Singh ဆိုသူ အိန္ဒိယနိုင်ငံသား အမျိုးသားနှစ်ဦး မှောက်လျက်မီးလောင်သေဆုံးခဲ့ရသည့် ဖြစ်စဉ် များရှိခဲ့ကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB