Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဓာတ်ရှင်ရိုက်သူများ ဇာတ်ကားကြီးဟာ ထူးထူးခြားခြား မျှော်လင့်နေကြသူတွေအတွက် ထူးခြားမှုတွေ ယူဆောင်လာလိမ့်မယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်


ပရိသတ်တွေအတွက် လျှို့ဝှက်မှုနဲ့ အံ့သြဆန်းကြယ်မှုတွေကို ယူဆောင်လာမယ့် ဓာတ်ရှင်ရိုက်သူများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတွေးအခေါ်အယူအဆ ထူးခြားလှပါတယ်ဆိုတဲ့ ဒါရိုက်တာညိုမင်းလွင်က ပုံဖော်ရိုက်ကူးနေပြီး ဇာတ်ကားအရေအတွက် အထွက်ကြဲပေမဲ့ ရိုက်သမျှဇာက်ကားတိုင်းကလဲ ပရိသတ်ရင်ထဲ ထင်မှတ်ကျန်နေစေခဲ့တဲ့ ကားတွေကိုသာ ရွေးချယ်ရိုက်ကူးတတ်တဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်စိုင်းစိုင်းခမ်းလှိုင်အပြင် မကြာသေးခင်ကမှ ပူပူနွေးနွေး အကယ်ဒမီရရှိထားတဲ့ ဖွေးဖွေးနဲ့ ဒီဇာတ်ကားကြီး အတွက် ပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ ဖန်တီးမှုသဘောတရားတွေဟာ ပရိသတ်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲ ဆိုတဲ့အကြောင်း စိုင်းစိုင်းကို မေးကြည့်ဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက ဓာတ်ရှင်ရိုက်သူများတဲ့။ ဒါရိုက်တာ ကိုညိုမင်းလွင်၊ မင်းသမီးကဖွေးဖွေးပါ။ ဒီဇာတ်ကားကြီးကို ရိုက်ရတဲ့စိတ်ခံစားချက်က ကျွန်တော်ရုပ်ရှင်ရိုက်ရတာကြိုက်တယ်။ ရုပ်ရှင်ရိုက်ရတာ ပျော်တယ်။ြ
ပီးတော့ တစ်ကားနဲ့တစ်ကားမတူတဲ့ ဇာတ်ညွှန်းတွေကို ကျွန်တော်ရင်ခုန်ပါတယ်။ ခုရိုက်နေတဲ့ ဓာတ်ရှင်ရိုက်သူများ ဇာတ်ကားကလဲ ကျွန်တော်ရိုက်ဖူးသမျှကားတွေနဲ့က ဇာတ်လမ်းပုံစံရော၊ စတိုင်ရော၊ တင်ပြပုံတွေပါ ကွဲထွက်နေမှာဖြစ်တဲ့အတွက် ဒီဇာတ်ကားလေးကိုရိုက်ရတာ အရမ်းစိတ်လှုပ်ရှားပါတယ်။ ကျွန်တော်ကို ညိုနဲ့ခင်လာတာလဲ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဗီဒီယိုဇာတ်ကားတွေကိုလဲ ငယ်ငယ်ကတည်းက လက်တွဲလုပ်ကိုင်ခဲ့ဖူးပါတယ်။ ခုချိန်မှာတော့ ဒီရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာအပေါ်မှာ ကျွန်တော်အပြည့်အ၀ ယုံကြည်ပါတယ်။ သူ့ရဲ့တင်ပြပုံရော၊ သူ့ပရိသတ်နဲ့တင် ဒီဇာတ်ကားကို ပရိသတ်အများကြီး လက်ခံကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဒီဇာတ်ကားထဲမှာ အချိန်ပြည့်စိတ်နှစ်ထားပြီး အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ကျွန်တော်က ကျွန်တော်တစ်ခုခု လုပ်တဲ့အခါမှာ ရှိုးပဲဆိုဆို၊ ရုပ်ရှင်ပဲရိုက်ရိုက် ကျွန်တော်ကိုယ်တိုင် ပရိသတ်နေရာကနေ ၀င်ကြည့်တယ်။ ငါသာပရိသတ်တစ်ယောက်ဖြစ်ခဲ့ရင် ဒီသီချင်းကိုကြိုက်မလား။ ကြိုက်တယ်ဆိုရင် အဲဒီသီချင်းကိုကျွန်တော်ရေးတယ်။ ကိုယ်ကိုတိုင်က အဲဒီသီချင်းကို ပရိသတ်နေရာကနေ ၀င်ခံစားတဲ့အခါ မကြိုက်ရင်၊ ဆက်မရေးတော့ဘူး။ အဲလိုပဲရှိုးဆိုတဲ့အခါမှာလဲ ဒီလိုတင်ဆက်မှုမျိုးဆို ငါကြိုက်တယ်ဆိုရင် အဲဒီတင်ဆက်မှုမျိုးကို လုပ်တယ်။ ရုပ်ရှင်ကားရွေးချယ်မှုမှာလဲ အဲဒီအတိုင်းပဲ။ ကိုယ်ကိုတိုင် စိတ်မ၀င်စားတဲ့ကားမျိုး၊ ကိုယ်ကိုတိုင် ရင်မခုန်တဲ့ကားမျိုးဆို ငြင်းပယ်လေ့ရှိပါတယ်။’လို့ သူက ပြောပြပါတယ်။
                    
ဒီကားထဲမှာ သရုပ်ဆောင်ရမယ့် ကာရိုက်တာနဲ့ပတ်သက်ပြီး သူက ‘တခြားဇာတ်ကောင်တွေရဲ့ ကာရိုက်တာက ဥပမာမဖွေးရဲ့ကာရိုက်တာဆို ထူးခြားမှုရှိတယ်။ ကျွန်တော်ကတော့ ဒီနှစ်၂၀၁၄ ရဲ့ လူငယ်တစ်ယောက်လိုဖြစ်တဲ့အတွက် မဖွေးနဲ့စာရင် သူ့လောက်တော့ ကာရိုက်တာမပြောင်းလဲဘူး။ ဒါပေမဲ့ ကျွန်တော်ရထားတဲ့နေရာက ရည်မှန်းချက်ရှိပြီးတော့ အဲဒီရည်မှန်းချက်တစ်ခုတည်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ အချိန်ပြည့်ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အဲလိုစရိုက်ကို ကျွန်တော်ချစ်တယ်။ ကျွန်တော်အပြင်မှာလဲ ရည်မှန်းချက်တစ်ချို့ရှိတယ်။ ကြိုးစားမှု တစ်ချို့ရှိတယ်။ ဒါပေမဲ့ ဒီထဲက ကောင်လေးလောက်တော့ မဟုတ်ဘူးပေါ့။ အပြင်မှာက ဆိုးတာ၊ပေတာ၊တေတာတွေရှိမှာပေါ့ဗျာ။ ဒီထဲက ကောင်လေးကတော့ သူဖြစ်ချင်တာနဲ့သူလုပ်ချင်တာfocus ပြတ်တယ်။ ပြီးတော့ အဲနောက်ကိုပဲ အားသွန်ခွန်စိုက် ရုန်းကန်နေတဲ့ လူငယ်တစ်ယောက်ဆိုတော့ ဒါချစ်ဖို့ကောင်းတဲ့ကြိုက်ချင်စရာကောင်းတဲ့ စရိုက်လေးတစ်ခုပေါ့။ ကိုညိုနဲ့ကျွန်တော်နဲ့က အနုပညာကို အစွမ်းကုန်ကြိုးစားတယ်။ ရူးသွပ်တယ်ဆိုတော့ သူနဲ့ကျွန်တော်တချို့နေရာတွေမှာ တော်တော်လေး နီးစပ်ပါတယ်။ သူရွေးထားတဲ့ ပုံစံ၊ သူဖန်တီးထားတဲ့ ဇာတ်ကောင်က ကျွန်တော်နဲ့အနီးစပ်ဆုံးတူမယ်လို့တော့ထင်ပါတယ်။ ထူးထူးခြားခြားတွေ ရွေးချယ်ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာရယ်၊ ကျွန်တော့ဆီက ထူးထူးခြားခြား မျှော်လင့်နေကြတဲ့ မျှော်လင့်မှုတွေရယ်၊ ဒီဇာတ်ကားကလဲ ကျွန်တော်ကိုယ်တိုင် ထူးခြားတယ်လို့ခံစားရတာကြောင့်ကျွန်တော်တို့သာ အောင်အောင်မြင်မြင်ရိုက်ကူးနိုင်ခဲ့ကြမယ်ဆိုရင် တကယ့်တကယ်တမ်း ရုံတင်တဲ့အခါမှာ ပရိသတ်အတွက်ကြည့်ပျော်မဲ့၊ အဆင်ပြေမဲ့၊ ခံစားလို့ကောင်းမဲ့ ကားတစ်ကားဖြစ်မယ်လို့ ဒုတိယမြောက်ရိုက်ကွင်းနေ့မှာတော့ မျှော်လင့်နေသေးတယ်။ အာဒံဧ၀ဒဿတုန်းကကျတော့ ကျွန်တော်က ဒုတိယမင်းသားကိုး။ တကယ်က အရမ်းကိုအောင်မြင်နေတဲ့ ကိုပြေတီဦးနဲ့မသက်မွန်တို့ပါတော့အောင်မြင်တယ်။ အဲကားအောင်မြင်မှုက ကျွန်တော်ပါဝင်တယ်သာဆိုပေမဲ့ တစ်စိတ်တစ်ဒေသပါ။ ဒီကားကတော့ တခြားမင်းသားမပါတဲ့အတွက် ဘယ်လိုဖြစ်လာမလဲတော့ မပြောတတ်သေးပါဘူးဗျာ’တဲ့။

ခင်ဆွေသက်/ By Trend Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB