Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်းဝတ်ထားသူတစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေးဆောင်ရွက်နေသည့် သင်္ဃန်းကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။


ထို့နောက် ဦးပညာသီဟ(ခ) အောင်သန်းကို လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူပေးရန် ရဲအုပ်တင့်ဆွေ က တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် အမှုအမှတ်စဉ် (ပ)၆၇/၂၀၁၄ဖြင့် အမှုဖွင့် ပြီး လက်နက်ပုဒ်မ ၁၉(င)ဖြင့် အရေးယူရန် စစ်ဆေးနေသည်။

ထို့ပြင် အများပြည်သူရှေ့မှောက်တွင် သာသနာတော် ညှိုးနွမ်းအောင် သင်္ကန်းဝတ်ဖြင့် အရက်မူးဓားကိုင် ပြီး အလှူခံသဖြင့် ထပ်မံအရေးယူပေးရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ လ၀ကမှူး ဦးနန်းမြင့်ကလည်း တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၈/၂၀၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၅/၂၉၅က ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး        / Mizzima - News in Burmese


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB