Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရီးစားကိုဓါးဖြင့်ထိုးသတ်ပြီးနောက် လမ်းဘေးေ ကြာ်ငြာ ဆိုင်းဘုတ်ကြီးမှ ခုန်ချသေဆုံး

ထိုင်းနိုင်ငံချင်းမိုင်မြို့နယ် ချန့်မွဲ့လမ်းရှိ စနူကာဆိုင်တွင်အလုပ်လုပ်နေသော ချစ်သူအား သဝန်တိုမှုဖြင့် စကားများရာမှ ဓါးဖြင့်ထိုးသတ်ခဲ့သည့်အမှု ယမန်နေ့ကဖြစ်ပွါးခဲ့ပါသည်။

ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် သျှမ်းလူမျိုးအများစု နေထိုင်သော ပိန်းလုံအုပ်စုမှ ချင်းမိုင်မြို့တက်အလုပ်လုပ်သည့် အသက် ၁၆ နှစ်အရွယ် နန်းဂျန်တစ်အား ရည်းစားဖြစ်သူ စိုင်းခမ်းလိုင် က ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီက ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုင်းခမ်းလိုင်က ၎င်း၏ ချစ်သူကို တခြားအမျိုးသားများနှင့်သဝန်တိုသဖြင့် ခွန်းကြီးခွန်းငယ် စကားများရာမှ ထိုးသတ်ခြင်းဖြစ်သည်ဟု သေဆုံးသူ (မိန်းခလေး) မိသားစုနှင့် နီးစပ်သည့် စိုင်းကမ်က ပြောသည်။

သေဆုံးသူတွင် ရင်ဘတ်၌ ဓါးထိုးထားသည့်ဒဏ်ရာ ၅ ချက်ရှိပြီး ၎င်းအလုပ်လုပ်ရာဆိုင်အနောက်ဘက် ရေမြောင်းထဲသို့ တရားခံမှ ဆွဲ၍သွားပစ်ချထားကြောင်း ချင်းမိုင်မြို့ cm 108 ဝက်ပ်ဆိုက်တွင် ရေးသားဖော်ပြထားပါသည်။


သေဆုံးသူအား ထိုင်းရဲများ လာရောက်စစ်ဆေးသည့်သတင်းများ ထွက်ရှိပြီးနောက် ညပိုင်းတွင် တရားခံဖြစ်သူ စိုင်းခမ်းလိုင်မှာ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ကြီးပေါ်တက်၍ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားပြီဖြစ်သည်ဟု ပိန်းလုံသား စိုင်းအန်းက ပြောသည်။

တရားခံစိုင်းခမ်းလိုင်တွင် ယခင်ဇနီးနှင့်ရထားသည့် အသက် ၁ နှစ်ကျော်အရွယ် သမီးလေးတဦး ရှိ ကြောင်း၊ ၎င်းကိုယ်တိုင်မှာလည်း ရီးစားအားသဝန်တိုမှုကြောင့် စကားများရာမှ အဆိုပါဆိုင်မှ အလုပ် ထွက်သွားသည်မှာ ၃ ရက်ခန့်သာရှိသေးကြောင်း ဆိုပါသည်။

နန်းဂျန်တစ်၏ ရုပ်အလောင်းအား ချင်မိုင်မြို့ ဝပ်ပါပေါက်ဘုန်းကြီးကျောင်းတွင် ထားရှိပြီး နက်ဖြန် ဖေဖော်ဝါရီလ ၂၂ ညနေ ၄ နာရီတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း အသုဘတွင် အကူအညီပေးနေသည့် ပိန်းလုံဒေသခံ စိုင်းလမ်က ပြောပါသည်။

သေဆုံးသူ ၂ ဦးစလုံး(တရားခံနှင့်တရားလိုတို့) မှာ ပိန်းလုံအုပ်စုမှ ချင်းမိုင်မြို့တက် အလုပ်လုပ်ကြသူ များဖြစ်ကြောင်း၊ ထိုင်းအစိုးရ ထုတ်ပေးသည့် ပန်းရောင်ကဒ် (သက်သေခံကဒ်) ကိုင်ဆောင်ထားသူ များဖြစ်ပြီး ထိုင်းနိုင်ငံဖွားဖြစ်ပါက ထိုင်းနိုင်ငံသားအဖြစ် ခံယူနိုင်ဖွယ် ရှိသူများဖြစ်ကြောင်း နီးစပ်သည့် သူများက ပြောပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB