ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီး နာရီစင်အနီးတွင် တန်လေးထောင်
ဘိလပ်မြေစက်ရုံ သို့ ဂေါဒန်တင်ပို့နေသော တန်ပိုတင် ကျောက်တင်ယာဉ်တစ်စီး
တိမ်းမှောက်မှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။
အမှုဖြစ်စဉ်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ဘက်မှ ဘားအံတန်လေးထောင်
ဘိလပ်မြေစက်ရုံ သို့ ဂေါ ဒန်ကျောက် များ သယ်ယူပို့ဆောင်ရေး
ဆောင်ရွက်လျက်ရှိသော ယာဉ်အမှတ် ၉ခ/ ----
နီဆန်း ယူဒီ ၁၀ ဘီး ကျောက်တင်ယာဉ်သည် ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင်
အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ
နာရီစင်အနီးညအိပ် ရပ်နားထားသော မော်တော်ယာဉ်နှစ်စီး ကို ကျောက် တုံးကြီးများ
လွင့်စဉ် ထိမှန်ပိပြားခဲ့ပြီး ညအိပ်ယာဉ်ငယ် ၉င/--- GAIA ပေါ်တွင်
အိပ်စက်နေသော ကော့ ကရိတ်မြို့နယ် သင်္ဃန်းညီနောင်နေ ကိုကျော်မှာ ညာခြေကျင်းဝတ်
ကျိုးကြေဒဏ်ရာနှင့် YGN 5E-...... GAIA အမျိုးအစား (ဆလွန်း)
ယာဉ်ပေါ်အိပ်စက်နေသော ကိုယ်ဝန်ခုနစ်လရှိ မခိုင်မာဝင်းမှာ ကျောက်တုံး ထိမှန်
ဒဏ်ရာရရှိခဲ့ကာ ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း
သိရသည်။
ကျောက်သယ်ကား ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ပြီးအမှုကို ဘားအံမြို့မရဲစခန်းက အမှုဖွင့် ကာ ယာဉ်မောင်းကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar
ကျောက်သယ်ကား ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ
MOI Webportal Myanmar
No comments:
Post a Comment