Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပြည်လမ်းတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေ


                                            အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ်



လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ IBC အနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းရှာဖွေနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်ကThe Daily Elevenသတင်းစာသို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။
 

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ အငှားယာဉ်မောင်း သက်ဇင်ဝင်းမှာ ယာဉ်အမှတ် ၈က/..... စူပါရုဗင် အငှားယာဉ်ဖြင့် ခရီးသည် အမျိုးသားသုံးဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်းအတိုင်း မောင်းနှင်လာကြောင်း သိရသည်။


ထိုသို့မောင်းနှင်လာစဉ် (၇) မိုင် ကားမှတ်တိုင်အရောက် ယာဘက်ပလက်ဖောင်းဘေးတွင် ရပ်ထားသော ဟွန်ဒါစီဗစ် (နံပါတ်မသိ) ယာဉ်အား ကျော်တက်မောင်းနှင်လာရာ လှိုင်မြို့နယ် (၁၁) ရပ်ကွက် (၆) မိုင်ခွဲ မိုင်တိုင်အရောက်၌ ပြိုင်ကားတစ်စီးမှ ကျော်တက်ကာ ရှေ့မှပိတ်ရပ်ခဲ့သဖြင့် ပြန်လည် ကျော်တက်ကာ မောင်းနှင်ခဲ့ပြီး နောက်ထပ် ပြိုင်ကားတစ်စီးက ရှေ့မှထပ်မံပိတ်ရပ်ခဲ့ရာ ကျော်တက်ရန်ပြုစဉ် ဟွန်ဒါစီဗစ်ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့သောကြောင့် ဆက်လက်မောင်းနှင်၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် နောက်ထပ်ပြိုင်ကားနှစ်စီး ထပ်မံရောက်ရှိလာပြီး ပြိုင်ကားငါးစီးဖြင့် အငှားယာဉ်အား ဝိုင်းရံထားသောကြောင့် သက်ဇင်ဝင်းသည် ယာဉ်ပေါ်မှဆင်း၍ တောင်း ပန်ပြောဆိုစဉ် အသက် (၂ဝ) ကျော်ခန့်ရှိအမျိုးသား ငါးဦးတို့က ဘေ့စ်ဘောတုတ်များအပြင် အုတ်ခဲများကိုင်ကာ ယာဉ်ပေါ်မှ ဆင်းလာပြီး ၎င်းအားတစ်ဦးက ရိုက်နှက်ခဲ့ကာ ကျန်လေးဦးက အငှားယာဉ်အား ဝိုင်းဝန်းရိုက်နှက်ကာ မောင်းနှင်ထွက်ခွာသွားကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် သက်ဇင်ဝင်း မှာ ယာပခုံးပွန်းစုတ်၊ ဦးခေါင်းနှင့် ဝဲလက်ခုံတို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် အခင်းဖြစ်စဉ် ယာဉ်ပေါ်ပါ ခရီးသည်သုံးဦးအနက် နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ အင်ထိတ်ကြန့် (၂၆) နှစ်မှာ ဝဲပေါင်နှင့် တံတောင်တို့တွင် နာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းအပြင် အငှားယာဉ်အား ရိုက်နှက်ခဲ့မှုကြောင့် ယာဉ်မှာ ရှေ့ဘောနက်၊ ဝဲပါးခြမ်း၊ ဝဲ/ယာ ရှေ့တံခါး၊ နောက်ဖုံးများ၊ ကားရှေ့ နောက် လေကာမှန်များ၊ တံခါးမှန်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ကားကိုပိတ်ပြီး ဝိုင်းရိုက်တဲ့သူတွေက စကားတစ်ခွန်းမှ မပြောဘဲ ဝိုင်းလုပ်ကြတာပါ။ သူတို့ရဲ့ ကားတွေပေါ်မှာလည်း မိန်းကလေးတွေ ပါတာတွေ့တယ်။ သူတို့ဝိုင်းဝန်း ရိုက်နှက်တဲ့IBC အနီးမှာ ရဲကင်းလည်း ရှိပါတယ်။ ရဲဝန်ထမ်းတွေလည်း ရှိတယ်။ ဝိုင်းဝန်းရိုက်နှက်နေတုန်း အချိန်မှာ လာရောက်တားဆီးခြင်း မရှိဘူး”ဟု အရိုက်ခံရသည့် အငှားယာဉ်မောင်းဖြစ်သူ ကိုသက်ဇင်ဝင်းက ပြောကြားသည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ဝင်းကြည်က “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြိုင်ကားငါးစီးထဲက တစ်စီးရဲ့ နံပါတ်ကို ရထားတယ်။ နောက်ပြီး မီးပွိုင့်တွေမှာရှိတဲ့ CCTV မှတ်တမ်းတွေကနေတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမြန်ဆုံး ဖမ်းဆီးရမိအောင် ပူးပေါင်းရှာဖွေ နေပါတယ်”ဟု ဆိုသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သည့် ပြိုင်ကားမောင်းနှင်သူ ငါးဦးအား လှိုင်မြို့မ နေ့ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း သိရသည်။



 Eleven Media Group


***မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'***

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB