Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

စိတ်ထိခိုက်ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်

ဖြစ်ရပ်မှန်လေးပါ

ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ညားခါစ လင်မယားရဲ့ အမျိုးသားဟာ စစ်ပွဲထဲကို လိုက်သွားရပါတယ်။ မကြာပါဘူး ကောင်မလေးဟာ သူ့ယောက်ျားသေဆုံးသွားပြီဆိုတဲ့ စာကိုလက်ခံရရှိပါတယ်။ ပြီးတော့ စစ်ပွဲအတွင်းမှာပဲ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကောင်မလေးဟာ အရွယ်ငယ်တဲ့အတွက် သူ့ကို နောက်အိမ်ထောင်ပြုဖို့တိုက်

တွန်းကြသလို နောက်အိမ်ထောင်ပြုမယ့် သူတွေရှိတာတောင်မှ မယူဘဲ ကလေးကို လုပ်ကျွေးပါတယ်။ စစ်ပွဲကာလအတွင်းမှာဆိုတော့ အစားအစာကလဲ ရှားပါးပြီးတော့ တစ်ခါတလေ သုံးရက်လောက် ထမင်းမစားရတာတွေလဲရှိပါတယ်။


ဒီကြားထဲကပဲ သူ့သားကို သူကိုယ်တိုင်စာသင်ပေးခဲ့ပြီးတော့ အင်္ဂလိပ်စာ ကိုလဲ အမေရိကန်စစ်သားတွေနဲ့အတူပါလာတဲ့ ဖာသာတွေဆီကနေ သူကိုယ်တိုင် သင်ကြားပြီးတော့ ကလေးငယ်ကို ပြန်သင်ကြားပေးခဲ့ပါတယ်။ အဲဒီလိုကနေ အချိန်တွေကြာလာပြီးတော့ သူ့သားလေးဟာလဲ အရွယ်ရောက်ခဲ့ပြီး အင်္ဂလိပ်စာလဲ အလွန်ထူးချွန်ပါတယ်။ နောက်တော့ အမေရိက ကနေ ပညာတော်သင်ခေါ်တဲ့အထဲမှာ သူ့သားပါသွားပြီးတော့ အမေရိက ကို ကျောင်းသွားတက်ပါတယ်။ ကျောင်းတက်နေတုန်းမှာကော ကျောင်းပြီးလို့ အလုပ်ရတဲ့အထိ သူ့သားငယ်ဟာ အလုပ်တွေများလို့ နိုင်ငံကို မပြန်နိုင်ပဲ ခရစ္စမတ်နဲ့ အခြားအချိန်တွေမှာ ပိုက်ဆံတွေပို့ပေးလေ့ရှိပါတယ်။ဒီလိုနဲ့ ခရစ္စမတ်တွေ အများကြီးကို ကျော်ဖြတ်ပြီးတော့ ဆယ်စုနှစ်တခုလောက်အကြာမှာ သူ့အမေ ဗီယက်နမ်မှာ သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားတော့မှ ဗီယက်နမ်ကို ပြန်လာဖြစ်ပါတော့တယ်။

သူ့အိမ်ကို ပြန်ရောက်ပြီး သူ့အမေအလောင်းကိုတွေ့တော့ သူဟာ လုံးဝမငိုပါဘူး။ သူ့အမေ ကောင်းရာသုဂတိရောက်သွားဖို့ ဆုတောင်းပါတယ်။. ပြီးတော့ သူတို့အိမ်ကို ရှင်းတဲ့အခါမှာ သူ့အမေအိပ်ရာအောက်က သေတ္တာလေးတစ်ခုကို တွေ့ပါတယ်။ သေတ္တာကို ဖွင့်ကြည့်ပြီးတော့ သားခမျာ ယူကြုံးမရ ငိုပါတော့တယ်။ ရွာသားတွေလဲ စိတ်ဝင်စားသွားပြီး သေတ္တာထဲမှာ ဘာတွေရှိလဲလို့ သွားကြည့်ပါတယ်။ သေတ္တာထဲမှာ ဒေါ်လာ ၁၀၀ တန်တွေ အပြည့်ဖြစ်နေပြီးတော့ စာလေးတစ်စောင်လဲ ရှိပါတယ်။ အဲဒီစာလေးထဲမှာရေးထားတာကတော့ "
" ငါ့သားရယ် အမေ ပိုက်ဆံတွေအများကြီး သုံးဖို့မလိုအပ်ပါဘူး မင်းပေးတဲ့ပိုက်ဆံတွေကို မင်းမကျန်းမမာဖြစ်တဲ့အခါသုံးဖို့ အမေသိမ်းထားပေးပါတယ် " လို့ရေးထားပါလေရဲ့
By မောင်စိုင်း


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB