ဆရာရှင့် Gmail မှာမေးထားပါသေးတယ်။ ပြန်စာမရပါ။ မ မျိုးဥ ဘယ်လောက်ကျန်သေးလဲ
ဆိုတာ စမ်းသပ်လို့ ရနိုင်ပါသလား။ မမျိုးဥ ၂ ဥကြွေအောင် သဘာဝနည်းနဲ
့လုပ်လို့ ရနိုင်ပါလားဆရာ။ အမွှာရချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
မျိုးဥ ကြွေ-မကြွေသာ စမ်းလို့ရတယ်။ မကြွေတာကို ကြွေအောင်ဆေးပေးတယ်။ အမွှာကို
အာမမခံပါ။ မနက်ကတည်းက ဒီအကြောင်းရေးနေတာ။ ပြီးပါပြီ။ ဖေ့စ်ဘွတ်မှာ
တင်သင့်-မတင်သင့် စဉ်းစားနေလို့။
• (Clomid) Fertomid 50mg ဆေးကို အမျိုးသမီးတွေ ကလေးမရနိုင်သေးတာအတွက် သုံးတယ်။
• တိတိကျကျ ပြောရရင် မျိုးဥမထွက်သူတွေအတွက်သုံးတာ ဖြစ်ပါတယ်။
• Irregular ovulation မျိုးဥထွက် မမှန်သူတွေ နဲ့ ကိုယ်ဝန်ကြောင့်မဟုတ်ဘဲ
ရာသီမလာသူတွေကိုလဲ ပေးနိုင်တယ်။ ဥပမာ တားဆေးကြောင့်ဖြစ်ရတာ နဲ့ Polycystic
ovary syndrome မျိုးဥအိမ်အကျိတ်တွေ ရှိသူတွေ။
• Fertomid ဆေးထဲမှာ Clomiphene ခေါ်တဲ့ Selective oestrogen receptor
modulator ဆေးဖြစ်တယ်။ ဒီဆေးကြောင့် ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်)
ထဲမှာ Oestrogen receptor နဲ့ ပေါင်းစပ်ပြီး Oestrogen ရဲ့
ပြောင်းပြန်သတ္တိကို တားပေးမယ်။ (အီစထိုဂျင်) နည်းလာရင် (ဟိုက်ပိုသဲလ်မတ်စ်)
ကနေ (ပစ်ကျူထရီ-ဂလင်း) ကို (FSH) နဲ့ (LH) ဟော်မုန်းတွေကို ပိုထုတ်ပေးအာင်
နိုးဆွပေးမယ်။ ဒီ ဟော်မုန်း ၂ မျိုးဟာ မျိုးဥထွက်ဘို့ လိုအပ်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေကတော့ မျက်နှာနီမြန်းခြင်း၊ ဗိုက် နဲနဲအောင့်ခြင်း၊
လေပွခြင်း၊ မျိုးဥအိမ်ကြီးခြင်း၊ မျက်စိ မကြည်လင်ခြင်းတွေ ဖြစ်တယ်။
• နည်းနည်းသာဖြစ်တတ်တာတွေကတော့ ပျို့-အန်ခြင်ဖြစ်ခြင်း၊ စိတ်ကျခြင်း၊
အာယုတ်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊
ရင်သားတင်းခြင်း၊ ရာသီများခြင်း၊ ကြားရက်သွေးစို့ခြင်း၊
ကိုယ်အလေးချိန်တိုးခြင်း၊ အင်ပြင်ထွက်ခြင်း၊ အရေပြား အလာဂျီရခြင်း၊
ဆီးခဏခဏသွားခြင်း နဲ့ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်တယ်။
• ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိသူ၊ ရာသီသွေး မမှန်ဘဲ များနေသူ၊
စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်အကျိတ်ရောဂါ မဟုတ်ဘဲ မျိုးဥအိမ်ကြီးနေသူတွေကို
မပေးရပါ။
• Fertomid 50mg ကို တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၅ ရက်၊ ဆေးသောက်ချိန်မှန်မှန်သောက်ပါ။ ရာသီရက် ပဉ္စမနေ့ကနေစသောက်ပါ။
• နောက် ၅ ရက်နေလို့မှ မျိုးဥမထွက်သေးရင် နောက်လတွေဆက်သောက်ဘို့ညွှန်မယ်။ ဒါမှမဟုတ် ဆေးအဆ တိုးပေးမယ်။
• ယောက်ျားတွေ သုက်ပိုးအရေအတွက်များစေပြီး ကလေးရလာနိုင်အောင် Fertomid 25mg ပေးတယ်။
• ဒီနည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ
၁-၂% သာရှိတယ်။ ကလေးအမွှာ ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှား
ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။
By ဒေါက်တာတင့်ဆွေ
၁၁-၁၁-၂ဝ၁၂
၁၇-၂-၂ဝ၁၄
မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment