Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ယဉ်ကျေးမှုအခြေပြု ရုပ်သံဇာတ်လမ်းတွဲများအနုပညာဖန်တီးရိုက်ကူးခြင်းအပေါ် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်တို့အမြင်စကားသံများ

တစ်ချိန်က ဂျပန်နှင့်တရုတ် ရုပ်သံဇာတ်လမ်းတွဲများကြည့်ရှု၍ ယဉ်ကျေးမှုပေါင်းကူးမှုပြုလုပ်ခဲ့ကြသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲကြည့် ပရိသတ်များအား ယခုအခါ ကိုရီး ယားရုပ်သံဇာတ်လမ်းတွဲများအပေါ် ရူးသွပ်စွဲမက်စွာ အားပေးကြည့်ရှုကြပြီး ကိုရီးယားယဉ်ကျေးမှုအပေါ်မှာ တိမ်းညွတ်ပေါင်းကူးလာကြတာ တွေ့ရ သည်။ ထိုကဲ့သို့ ကိုရီးယားဇာတ်လမ်းတွဲများကိုသာ တစိုက်မတ်မတ်အားပေးကြည့်ရှုနေကြချိန်မှာ မြန်မာပရိသတ်များအတွက် အနုပညာခံစားမှုအလှည့်အပြောင်း ဖြစ်စေခဲ့သည်က The Sign of love ၊ ပန်းနုသွေး၊ ထာဝရမန္တလေး စသည့်မြန်မာရုပ်သံဇာတ်လမ်းတွဲများ ဖန်တီးရိုက်ကူးထုတ်လွှင့်ပြသမှုများရှိလာခြင်းနှင့်  ပရိသတ်အားပေး မှုတစ်ခဲနက်ရ ရှိပြီး အောင်မြင်မှုရရှိနေခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးမှုအပေါ် အနုပညာရှင်များ၏ အမြင် များကို မေးမြန်းဖြစ်ခဲ့ပါသည်။
►မေသန်းနု-

“ဇာတ်လမ်းတွဲမှ၊ ဇာတ်ထုတ်မှ မဟုတ်ပါဘူး။ အနုပညာရှင်သရုပ်ဆောင် ဆိုတာ အတူတူပဲလေ။ လုပ်ရတဲ့သဘောပဲ။ ဗီဒီယိုဈေးကွက်တွေ ကမောက်ကမဖြစ်နေတဲ့ အချိန် မှာ ဒီလိုဇာတ်လမ်းတွေပေါ်လာတာ ဝမ်းသာတယ်။ ရှိလည်းရှိသင့်တယ်။ မဆင့် တို့က တော်တော့်ကို ခေတ် နောက်ကျနေပြီ။ channel  တွေက အခုမှ ခေတ်စားပြီးေ အာင်မြင်လာ တော့ ဇာတ်လမ်းတွဲတွေပေါ်လာတာ။ ကိုယ့်ဆီ မှာမရှိတော့ နိုင်ငံခြားက ဇာတ်လမ်းတွဲတွေ ပြ နေရတာ။ ကိုရီးယားဆိုလည်း ဒီသရုပ်ဆောင်ပဲ။ အဓိကက ရိုက်တဲ့ ဇာတ်လမ်း၊ဇာတ်ကွက်ပဲ။ သူတို့ကုမ္ပဏီစာချုပ်နဲ့ သွားတော့ ဖြည်းဖြည်း ချင်းရိုက်တာပေါ့။ ဇာတ်လမ်းက ကြည့်ရတာ အရသာ ရှိတာပေါ့။ အခုစရိုက်လာပြီဆိုတော့ ပရိသတ်တွေ ဘယ်လိုမျိုးကို ကြိုက်မလဲ။ နောက်ဆိုသိရမှာပေါ့”
►ဝါဝါအောင်-
“အန်တီဝါက ထာဝရမန္တလေး ဇာတ်လမ်းတွဲ ရိုက်ထားတယ်။ ဇာတ် လမ်း တွဲဆိုတာ အန်တီဝါတို့ဆီမှာလည်း အခုမှ ခေတ်စားတာပါ။ သူများ နိုင်ငံတွေမှာတော့ ဇာတ်လမ်း တွဲဆိုတာတွေကပေါ် တာ ကြာပြီ။ဇာတ် လမ်းတွဲ ပေါ်လာ ပြီး တော့ တက်သစ်စ ကလေးတွေ လည်း လုပ်ခွင့်ရလာ တယ်။ မျက်နှာသစ်တွေလည်း  အများကြီးပေါ်လာ တယ်။ အန်တီဝါ တို့အနေနဲ့ ကတော့ ဇာတ်လမ်းတွဲ ရိုက်တဲ့အခါရော ဗီဒီယိုရုပ်ရှင်ရိုက်တဲ့အခါမှာလည်း ကြိုးစားပြီး ရိုက်ရ တာတော့ အတူတူပါပဲ။ အန်တီဝါကို နောက်ထပ် ဇာတ်လမ်းတွဲတွေ ရိုက် ဖို့ကမ်း လှမ်းထားတာလည်း ရှိပါတယ်။ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကြိုက်သလို မြန်မာဇာတ် လမ်းတွဲတွေကိုလည်း အားပေးစေချင်ပါတယ်။ အန်တီဝါတို့ဘက်ကျတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ လူအများစိတ်ဝင်စားမယ့် ဇာတ်လမ်း မျိုးပြီးတော့ ဇာတ်လမ်းမှာပါတဲ့ နေရာရှုခင်းတွေက စိတ်ဝင်စား ဖို့ ကောင်းရင် တော့ ကြိုက်ကြပြီး စိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်”
►ကြည့်လဲ့လဲ့ဦး-
“ဝါ စိမ်းနီကမ္ဘာသိမ်းမည် ဇာတ်လမ်းတွဲလေးကို အစ်မရိုက်နေတာကြာပြီ။ ဒီဇာတ်လမ်းတွဲကို ရိုက်ဖြစ်တာက အဓိက ကတော့ ဦးညီနဲ့ ခင်တာလည်းပါတယ်။ ပြီး တော့ ကိုယ့်ရဲ့ ဆရာလည်းဖြစ်တယ်။ ပြီး တော့ ဇာတ်လမ်းကို ဖတ်လိုက်တဲ့ အချိန်မှာလည်း ကိုယ်နဲ့လိုက်နေတဲ့ အချိန်မှာလည်း ပထမဦးဆုံး ရိုက်ဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ် တဲ့အတွက် အမှတ်တရလည်းဖြစ်တယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ ဒီလိုဇာတ် လမ်းတွဲလေးတွေ ပေါ်လာတာလည်း ကောင်းပါတယ်။ ဒီဇာတ် ကားလေးက ကိုယ် ရိုက်ရင်းနဲ့တောင် သဘောကျတယ်။ ပရိသတ်တွေလည်း ကြိုက်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ အဓိက ကတော့ ကိုရီး ယားကား ကို ကြိုက်ကြသလို ကိုယ်ရဲ့ မြန်မာ ဇာတ်ကား ကိုလည်း ကြိုက်လာအောင် ကြိုးစားဖို့ကတော့ လိုပါတယ်။ မြန်မာဇာတ်ကားကို ကြည့်ကြပါ လို့လည်း ပြောချင်ပါတယ်။ အစ်မတို့ကလည်း ကြိုးစားပြီးရိုက် ထားပါတယ်လို့ပြောချင်ပါ တယ်”
►မျိုးသန္တာထွန်း-
“ဇာတ်လမ်းတွဲရိုက်ရတာတော့ အခန်းတွေက တအားများတယ်။ အခန်းဆက် တွေ တအားများတယ်။ အဲဒါတွေ တအားမှတ်ရ တယ်။ အဝတ်အစားတွေ မှတ်ရတယ်။ ရိုက် ရတာ ရုပ်ရှင်ကားကြီးတစ်ကားထက် တောင် ပိုကြာတယ်။ အချိန်ပိုပေးရ တယ်။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒီဇာတ် ကားလေး ကို ဇာတ်လမ်းစဖတ်ကတည်းက ကျွန်မ သရုပ်ဆောင်ရမယ့်နေရာကို တအား သဘောကျတာ။ အဲဒါကြောင့်မို့လို့ လည်း ဒီဇာတ်ကားလေးကို ရိုက်ဖြစ် သွားတာပါ။ ‘ဝါစိမ်းနီ ကမ္ဘာသိမ်းမည်’ ဇာတ်လမ်း တွဲမှာ ကျွန်မက ဝါဆိုတဲ့ ဇာတ်ရုပ်ပေါ့။ ယော က်ျားကိုလည်း တ အားနိုင် တယ်။ ဒါပေမဲ့ ရင် ထဲမှာ အမှတ်တော့မထားဘူး။ ၂ လုံး၊ ၃ လုံးလည်း လုပ်တယ်။ ဘောလုံးပွဲ လည်း လောင်းသေး တယ်။ အဲဒီနေရာမှာ သရုပ်ဆောင်ရမှာပါ။ ကျွန်မကိုယ်တိုင်လည်း ကိုရီးယား ဇာတ် လမ်းတွဲတွေကြည့်တယ်။ အရင်တုန်းက ကြည့် ရတာ ကြည့် လို့ကောင်းတယ်။ နောက် ပိုင်းအီသွားတယ်။ သူတို့မှာ ပုံသေကားချပ်တစ် ခုရှိတယ်။မင်းသားတစ်ယောက်ကို မင်းသမီးနှစ်ယောက်က လိုက်ကြိုက်ရမယ်။ တစ်ယောက်က ဗီလိန်ဖြစ်ရ မယ်။ကြာတော့ ဒါတွေက ရိုးသွားရော။ မကြည့်ချင်တော့ဘူး။သူတို့မှာ တစ်ခုကောင်းတာက ဇာတ်လမ်းပညာ တော့ကောင်းတယ်။နောက်ဘာဖြစ်မလဲဆိုတာ ကြည့်ချင်တဲ့ စိတ်လေး ဖြစ်လာအောင် ဇာတ်ညွှန်းကိုရေးတတ်တယ်။အဲဒါလေးကိုတော့ ချီးကျူး ရပါတယ်။ မြန်မာလူမျိုးဆိုတာတော့ မြန်မာကားကို ပိုကြိုက်ကြတာ ပေါ့။မြန် မာလူမျိုးဆိုတာ ပိုပြီးတော့တောင် အမျိုးချစ်ကြသေးတယ်။တကယ်သာ ပရိသတ်ရဲ့စိတ်နဲ့ အံဝင်ခွင်ကျဖြစ်ရင် ကြိုက်ကြမှာပါ”
►ဘုဏ်းသိုက်
“လက်ရှိ ကျွန်တော့်ရဲ့ဇာတ်လမ်းတွဲ ‘မြစ်ဖွက်ထားတဲ့ပန်းဒေစီ’ ကို တီဗီမှာပြဖို့လုပ်နေတယ်။ ကျွန်တော်ရယ်၊ မစိုးမြတ်နန္ဒာရယ်၊ နန်းဆုဦးရယ်၊ ကိုဖိုးကျော်ရယ်၊ ကိုပြေ ဇင်ရယ်၊ ဝတီရယ်ပေါ့။ နောက် ထပ်လည်း ဇာတ်လမ်းတွဲရိုက်ဖို့ ပြင် ဆင်နေပါတယ်။ ကျွန်တော့်ကို ကမ်းလှမ်းတဲ့ ပရိုဂျူဆာက တီဗီဇာတ်လမ်းတွဲရိုက်ချင်တယ်ဆိုပြီး ကမ်း လှမ်းတော့ ဇာတ်လမ်းတွဲရိုက်ဖြစ်တာပါ။ကျွန်တော် ရိုက်တဲ့ရလဒ် ကို သူကကြိုက်တယ်၊ သဘောကျတော့ နောက်ထပ်တစ်ကားထပ် အပ်တာပါ။အရင်ဇာတ်လမ်း နဲ့မ တူတဲ့ နောက်ထပ် သီးခြားဇာတ်လမ်း တစ်ခုပါ။ဇာတ်လမ်းတွဲက ကိုယ်ပြချင်တာကို Presentation ကျယ် ကျယ်ပြန့်ပြန့်ပြလို့ရတယ်။ ဗီဒီယိုတစ်နာရီခွဲစာ တစ်ကားစာမှာ တစ်ခါ တလေကျရင် ဇာတ်အိမ်ကကြီးနေတဲ့ အခါကျရင် ကျွန်တော့်ပရိသတ် အနေနဲ့ ကြည့်ရတာပြချင်တဲ့ ဇာတ်လမ်းက လူတစ်ယောက်ရဲ့ ဘဝ တစ်ခုတည်း မဟုတ်ဘဲ မျိုးဆက်နှစ်ခုလုံးနဲ့ဆိုင်တဲ့ ဇာတ် အိမ်ကြီးကို တစ်နာရီခွဲလောက်အတွင်း နောက်ကြောင်းပြန်ပြတဲ့အခန်းတွေကို အတင်းချုံ့ပြ တဲ့အခါ ပရိသတ်တစ်ယောက်အနေနဲ့ ဒီဇာတ် လမ်းအပေါ်မှာ ဒီထက်ပိုပြီး သိသင့်တဲ့ ဇာတ်ကွက်တွေရှိတယ်။ ပိုပြီး အရသာရှိမှာ တွေရှိတယ်။အဲဒါတွေကို ဇာတ်လမ်းတွဲမှာဆိုရင်တော့ ပိုပြီးလုပ် ခွင့် ရှိတာပေါ့။ဇာတ် လမ်းတွဲ ကျတော့ ကိုယ်ပြတဲ့ Time Line ကို ပြခွင့်ရှိတယ်။ကိုယ်ပြ ချင်တဲ့ ဇာတ်ကောင်စရိုက်တွေကို မျိုးစုံကစားလို့ ကောင်းမယ်။ကျွန်တော်တို့ ဇာတ်လမ်း တွဲပရိုဂျူဆာေ တွ ပြောတာကြားရတာတော့ ဇာတ် လမ်းတွဲကတော့ ရေရှည်ပိုပြီး ကောင်းလာ မလားမသိ ဘူးလို့ ပြောကြတယ်”
►နန်းမြတ်ဖြိုးသင်း
“ဇာတ်လမ်းကို ပိုပြီးတန်ပို ပိုချိန်ရ တယ်။တစ်ပိုင်းချင်းစီရော၊ ဇာတ် လမ်းတွဲ၃ဝလုံးရော တန်ပိုတွေ က တစ်ပိုင်းစီမှာလည်း တန်ပိုတွေ ရှိတယ်။နန်းမြတ်က ‘ဝါစိမ်းနီ ကမ္ဘာသိမ်း မည်’ ဇာတ်လမ်းတွဲမှာ မင်းသမီးရူးဆိုတော့ အပြင်အဆင်လေးတွေကို အသေးစိတ် ပြင်ဆင် ဖြစ်ပါတယ်။နန်းမြတ်ထင်တာကတော့ ဗီဒီယို ရော၊ ဇာတ်လမ်း တွဲရော နှစ်ခုစလုံးပရိသတ် ကြိုက်ကြမှာပါ။ ဇာတ်လမ်းတွဲကျတော့ ရုပ်သံလိုင်းတွေက င်္မနန ပြမှာ ဆိုတော့ တစ်ပိုင်းတည်း မဟုတ်ဘဲ ဆက်ဆက်ပြီး ကြည့်ရတာပေါ့။ အရင်ကိုရီးယားဇာတ်လမ်းတွဲတွေ နေရာမှာ မြန်မာဇာတ်လမ်းတွဲတွေ နေရာယူနိုင်အောင် ကြိုးစားရမှာပေါ့။ ၂နာရီစာ လောက်ပဲ အချိန်ပေးနိုင်တဲ့လူကျတော့ ဗီဒီယိုပဲ ကြည့်မှာပေါ့”
►ဂျူးဂျူးကေ
“ဇာတ်လမ်းတွဲက ဒီမှာရှားနေသေးတယ်လေ။ ညီမလည်း စွန့်စားမှုလုပ်ရတာကိုကြိုက်တယ်။ အဲဒါကြောင့် ပါဝင်ပူးပေါင်းဖြစ်တာပါ။ ပုံမှန် ကိုယ် သိထား၊ တတ်ထားတာေ တွ၊ ရိုက်ဖူးတာတွေနဲ့ ယှဉ်ရင် ကွာခြားနေတာပေါ့။ အများကြီးပြန်ပြီး လေ့လာကြိုးစား ရတာပေါ့။ နိုင်ငံခြားဇာတ်လမ်းတွဲတွေ လွှမ်းမိုးမှုကို ညီမတို့က ထိုးဖောက်ပြီး အစား ထိုးချင်တဲ့ စိတ်ရှိတယ်။ ဒါက မျိုးချစ် စိတ်ဓာတ် လို့ပြောရမလားပဲ။ နောက်ထပ်ဇာတ်လမ်းတွဲတွေ ရိုက်ဖို့လည်းရှိပါ တယ်။ ဇာတ်ကားတွေကျတော့ မကြည့်ဖြစ်တဲ့ ပရိ သတ်တွေလည်း ရှိတယ်။ချန်နယ်ကနေပြတော့ ပရိ သတ်တွေနဲ့ ပိုထိတွေ့ခွင့်ရတာပေါ့”
►သင်ဇာနွယ်ဝင်း
“အရင်ကဆိုရင် ကိုရီးယား ဇာတ်လမ်းတွဲတွေပဲရှိတော့  မြန်မာ ဇာတ်လမ်းတွဲတွေ တစ်ခါမှမရှိဘူး။ အခုကျတော့ မြန်မာဇာတ်လမ်းတွဲ တွေလည်း ပေါ်လာပြီဆိုတော့ ဒီ အနုပညာလောက ထဲကလူတွေ လည်း ပိုပြီးတော့ နေရာရလာတယ်။ တအားလည်းကောင်း ပါတယ်။သဉ္ဇာကိုတော့ ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းတာတော့ ကြုံတယ်။ ဒါပေမဲ့ သဉ္ဇာက ကားရိုက်ရှိတော့ မရိုက်ဖြစ်ဘူး။ နောက်ပိုင်းတော့ အချိန်ရရင် တော့ ရိုက်ဖြစ်သွားဖို့ စိတ်ကူးထားပါတယ်။ အခု ထင်တာထက်ပိုပြီး ဇာတ်လမ်း တွဲတွေက ကြည့်ရတာကောင်းပါတယ်။အဲဒီ အတွက် လည်း ကိုရီးယားဇာတ်လမ်းတွဲတွေကို အား ပေးသလို သဉ္ဇာတို့ရဲ့ မြန်မာဇာတ်လမ်း တွဲတွေကိုလည်း အားပေးပါလို့ ပြောချင် ပါတယ်”
►မြတ်သူအောင်
“ဒီလိုဇာတ်လမ်းတွဲတွေ ပေါ်လာတာကောင်းပါတယ်။ မျက်နှာသစ်မော်ဒယ်တွေအတွက် အခွင့်အရေးရသလို ဒီကနေ အတွေ့အကြုံတွေ အများကြီး ရနိုင်ပါတယ်။  ကိုယ်က အတွေ့အကြုံ မရှိတော့ အိုက်တင်ကို အသားပေးရင် စကားပြောရတာ အဆင်မပြေ၊ဒီတော့အိုက်တင်မှာ အားနည်းသွားတာမျိုးတွေ ဖြစ်ဖူးတယ်။ နောက် ပိုင်းမှ အဆင်ပြေသွားတာ။ ဗီဒီယိုတွေ စရိုက်တာထက်စာရင် ဇာတ် လမ်းတွဲဆိုတော့ ရိုက်ကူးရတဲ့အချိန်လည်း ကြာတော့ ရိုက်ကွင်း အတွေ့အကြုံတွေ ရင်းနှီးပြီးသားမို့ ပြင်သွား တာပေါ့။ခုလို မြန်မာပြည်မှာ ဇာတ်လမ်းတွဲတွေ ပေါ်လာ တာကောင်းတယ်လို့ မြင်မိပါတယ်။ “
►ဧငြိမ်းဖြူ (ခ) ရတနာ
“အခု ‘ဟိုးတုန်းကအစီအစဉ်များ’ ဆိုတဲ့ အသံနဲ့သရုပ်ဆောင်ထားတဲ့ ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖြစ်နေတယ်။ ‘ပန်းနုရောင်သံ စဉ်များ’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်   ဆောင်ပြီးသွားပါပြီ။ သရုပ်ဆောင် လောကထဲကိုတော့ ‘ဝိညာဉ် တစ်ကောင် ၏ ငိုညည်းသံ’ ဇာတ်ကားနဲ့ စတင် ခဲ့တာပါ။ ‘မှော်ဝင်နတ်ဆိုး’ ဒီဗီဒီ ကားမှာ ကိုနိုင်းနိုင်းနဲ့အ တူ ခေါင်း ဆောင်မင်းသမီးနေရာကနေ သရုပ် ဆောင်ထားပါတယ်။ ညီမ ဇာတ် လမ်းတွဲတွေကို ကြည့်တဲ့အခါမှာ ပရိသတ်အနေနဲ့ ဝေဖန်ပြီး ကြည့်မယ့် အစား ကိုယ့်အနေ
နဲ့ပိုကောင်းအောင်ဘာတွေ ထပ်ကြိုးစားရမလဲဆိုတာမျိုး အဲဒီလို ကြည့်ဖြစ်တာများတယ်။ ‘ပန်းနုရောင်သံစဉ်များ’ ဇာတ် လမ်းတွဲက ညီမရဲ့ ပထမဆုံး ဇာတ်လမ်းတွဲရိုက် ကူးမှုပေါ့။ဘာနဲ့မှအဆင်မပြေဘူး။  အဲဒီလို ဇာတ်ရုပ်မျိုးပါ။”
ပေါ်ပြူလာအဖွဲ့

 By  popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB