Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဘဏ်အနီး စကေဘာတစ်လက်နှင့် ဆိုင်ကယ်စီးနေသူ ထောင်နှစ်နှစ်ချ

မကြာခဏ လုယက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းများနှင့် ရွှေရတနာအရောင်းဆိုင်များတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်သတင်းရယူနေစဉ် မုံရွာမြို့၊ ဆူးလေကုန်းရပ်၊ ဘူတာလမ်းရှိ ရိုးမဘဏ်အနီး၌ စကေဘာကိုင်ဆောင်ထားသူ ဆိုင်ကယ်စီး လူငယ်တစ်ဦးကို ဖမ်းဆီးအရေးယူလိုက်သည်ဟု မုံရွာခရိုင် ဒုစရိုက် အထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်လင်းထက်နိုင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
ခိုး၊ ဆိုး၊ နှိုက် သတင်းများ စောင့်ကြပ်ကာလအတွင်း ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ တံတားဦးမြို့၊ ကွက်သစ်ရပ်ကွက်နေ မောင်ကောင်းခန့်ပိုင် အသက် (၁၉) နှစ်သည် FZ ဆိုင်ကယ်အနက် ရောင်တစ်စီးဖြင့် ရိုးမဘဏ်အနီးခေါက် တုန့်ခေါက်ပြန်သွားလာနေရာ မသင်္ကာ၍ စစ်ဆေးခဲ့ရာတွင် ဆိုင် ကယ်၏ ရှေ့မီးခွက်နှင့် လက်ကိုင်အကြား၌ အရိုးအသွား ၁၁ လက္မရှိ ဦးချွန်စကေဘာတစ်ချောင်းအသင့် ထည့်ထားသည်ကို တွေ့ရှိရသဖြင့် မြို့မရဲစခန်းတွင် အရေးယူပေးရန် အထက်ပါရဲအရာရှိက တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ကျပ်သိန်း ၇၀၀ ကျော်ထည့်ထားသည့် မီးခံသေတ္တာကို ပုံစံတူသေတ္တာအတုဖြင့် လဲလှယ်၍ ခိုးယူသွားဟုဆို


ကျပ်သိန်း ၇၀၀ ကျော် တန်ကြေးရှိ အမေရိကန်ဒေါ်လာများ ထည့်ထားသည့် မီးခံသေတ္တာကို ပုံစံတူ သေတ္တာအတုဖြင့် အစားထိုးလဲလှယ်ပြီး ခိုးယူသွားသည်ဟု ဆိုကာအမှုဖွင့် တိုင်တန်းမှုတစ်ခုကို ကမာရွတ်ရဲစခန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။
ကမာရွက် (၆)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ (၇)လွှာနေ အင်္ဂလိပ်စာသင်ကြားပေးသူ ဆရာတစ်ဦးဖြစ်သူ ကိုကောင်းညွှန့် (၃၉)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်က တရားလိုသည် ခရီးသွားကုမ္ပဏီဖွင့်ရန် ငှားရမ်းထားသည့် ကမာရွက် မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်တာဝါရှိ အခန်း ၁/က ၀၆၁၊ (၇)လွှာတွင် မြန်မာတန်ဖိုးငွေ ကျပ် သိန်း ၇၀၅ သိန်းကျော် တန်ဖိုးရှိသည့် နိုင်ငံခြားမှ လှူဒါန်းထားသော အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံ သေတ္တာအတွင်း သော့ခတ်သိမ်းဆည်းထားခဲ့သည်ဟု တရားလိုက ရဲထံတွင် ပြောထားသည်။

တက္ကစီကိုဝိုင်းရိုက်ခဲ့သည့် ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို စစ်ဆေးပြီ

ရန်ကုန်မြို့၊ ပြည်လမ်း၊ (၆) မိုင်အနီးတွင် တက္ကစီတစ်စီးအား ပြိုင်ကားငါးစီးက ၀ိုင်းဝန်းပိတ်ဆို့ ရိုက်နှက်မှုမှ ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို မိဘများကိုယ်တိုင် ဖေဖော်ဝါရီ ၂၅ ရက်ကရဲစခန်းသို့ လာ ရောက်အပ်နှံလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၅ ရက် ည ၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် အဆိုပါရိုက်နှက်မှုကို လှိုင်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ခဲ့စဉ် ပြစ်မှုကျူးလွန်စဉ် ပါဝင်ခဲ့သည့် နစ်ဆန်းဖဲလေဒီအဖြူရောင်ပြိုင်ကားကို ၁၉ ရက် နံနက် ၂ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် တော်ဝင်ချယ်ရီအိမ်ရာတွင် ရဲတပ်ဖွဲ့ကတွေ့ရှိ သိမ်းဆည်းခဲ့မိခြင်းဖြစ် သည်။
ကျန်ရှိပြိုင်ကားများကို ဆက်လက်စုံစမ်းနေစဉ်အတွင်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ကိုထက် (ခ) ဇာ နည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သည့်  V 300 ARISTO အဖြူရောင်ပြိုင်ကားကို ဖေဖော်ဝါရီ ၂၁ ရက် တွင်လည်းကောင်း၊ ၂၂ ရက် တွင် ဝေယံလင်းမောင်းနှင်ခဲ့သည့် MAZ-DA RX-8 ခဲပုတ်ရောင် ပြိုင်ကားကို လည်းကောင်း မိဘများကိုယ်တိုင် လှိုင်ရဲစခန်းတွင် လာရောက်အပ်နှံခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

၁၅ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသို့ရောင်းစားရန် ငွေဖြင့်စည်းရုံး

ရန်ကုန်လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စု၏ အကြောင်းကြားချက်အရ ဖေဖေါ်ဝါရီ ၂၅ ရက်တွင် အဝေးပြေးယာဉ်ပေါ်၌ မသင်္ကာဖွယ် အမျိုးသမီး ၂ ဦး လိုက်ပါသွားကြောင်း မူဆယ်မြို့၊ ၁ဝ၅ မိုင် စစ်ဆေးရေး စခန်း၌ စောင့်ကြည့်ခဲ့ရာ ၂၆ ရက် ညနေက သတင်းပေးပို့ချက်အရ  ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နေသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် နေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။
၎င်းတို့အားစစ်ဆေးရာ ရန်ကုန် ရွှေဆံတော် ဘုရားပေါ် ၌ တွေ့ဆုံခဲ့ပြီး  ခေါ်ဆောင်လာသူ အမျိုးသမီးမှ အထည်ဆိုင်တွင် စရိတ်ငြိမ်း ၆ဝဝဝဝ ကျပ်ရမည် ဖြစ်ပြီး ၁နှစ်ခန့် လုပ်ပါက ( လေးငါးဆယ်သိန်း) ရမည်ဟု ပြောဆိုစည်းရုံးခဲ့သည်။

သားအမိနှစ်ဦး လည်ပင်းဒဏ်ရာဖြင့် အသတ်ခံရပြန်

ရွှေဘိုခရိုင်၊ ရေဦး မြို့နယ် အတွင်းရှိ ချောင်းဖြူ စခန်းတွင် နေထိုင်သော အသက် (၁၆) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် မိခင် ဖြစ်သူတို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်က အသတ်ခံရ မှုဖြစ်ပွား ခဲ့ကြောင်း ရေဦး မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ သားအမိ နှစ်ဦးမှာ ချောင်းဖြူ စခန်းမှ နေ့စဉ် ရေသွားခပ် နေကျ ဖြစ်သည့် သံ ချောင်း အစပ်တွင် လည်ပင်းတွင် ဒဏ်ရာ အသီးသီး ရရှိ၍ သေဆုံး နေခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။ ဖေဖော် ၀ါရီလ (၂၆) ရက်နေ့ နေ့လယ် အချိန်ထိ ပတ်ဝန်းကျင် သက်သေ (၁၂) ဦး အားခေါ် ယူ စစ်ဆေး မှုများ ပြုလုပ် နေကြောင်း ရေဦးမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ် အားရေဦးမြို့မ ရဲစခန်းမှ (ပ) ၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် အမှု ဖွင့်ထားပြီး လူသတ် တရားခံ အား ဖမ်းဆီး ရမိ ရန် စုံစမ်း စစ်ဆေး လျက်ရှိကြောင်း ရေဦးမြို့မ ရဲစခန်းမှ သိရသည်။
The Messenger
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB