Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တက္ကစီကိုဝိုင်းရိုက်ခဲ့သည့် ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို စစ်ဆေးပြီ

ရန်ကုန်မြို့၊ ပြည်လမ်း၊ (၆) မိုင်အနီးတွင် တက္ကစီတစ်စီးအား ပြိုင်ကားငါးစီးက ၀ိုင်းဝန်းပိတ်ဆို့ ရိုက်နှက်မှုမှ ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို မိဘများကိုယ်တိုင် ဖေဖော်ဝါရီ ၂၅ ရက်ကရဲစခန်းသို့ လာ ရောက်အပ်နှံလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၅ ရက် ည ၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် အဆိုပါရိုက်နှက်မှုကို လှိုင်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ခဲ့စဉ် ပြစ်မှုကျူးလွန်စဉ် ပါဝင်ခဲ့သည့် နစ်ဆန်းဖဲလေဒီအဖြူရောင်ပြိုင်ကားကို ၁၉ ရက် နံနက် ၂ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် တော်ဝင်ချယ်ရီအိမ်ရာတွင် ရဲတပ်ဖွဲ့ကတွေ့ရှိ သိမ်းဆည်းခဲ့မိခြင်းဖြစ် သည်။
ကျန်ရှိပြိုင်ကားများကို ဆက်လက်စုံစမ်းနေစဉ်အတွင်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ကိုထက် (ခ) ဇာ နည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သည့်  V 300 ARISTO အဖြူရောင်ပြိုင်ကားကို ဖေဖော်ဝါရီ ၂၁ ရက် တွင်လည်းကောင်း၊ ၂၂ ရက် တွင် ဝေယံလင်းမောင်းနှင်ခဲ့သည့် MAZ-DA RX-8 ခဲပုတ်ရောင် ပြိုင်ကားကို လည်းကောင်း မိဘများကိုယ်တိုင် လှိုင်ရဲစခန်းတွင် လာရောက်အပ်နှံခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထို့နောက် ကျန်ရှိပြိုင်ကားများဖြစ်သည့် အနက်ရောင် GRAND CHIEROKEE JEEP နှင့် ခဲပုတ်ရောင် Nissan Fairlady 350z  ပြိုင်ကားများကိုလည်း ပြစ်မှုကျူးလွန်သူများ၏ မိဘများက ရဲစခန်းသို့ ထပ်မံလာ ရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကိုကိုနိုင် (ဘ)ဦးစိန်မောင်၊ (၂) ရပ်ကွက် မရမ်းကုန်းမြို့နယ်၊ ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ (ဘ)ဦးအေးမြင့် (၂)ရပ်ကွက်၊ မရမ်းကုန်း၊ ဝေယံလင်း (ဘ) ဦးနေ ထွန်း(၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ထက်အောင်လူ (ဘ)ဦးလူမော် (၃)ရပ်ကွက်၊ တောင်ဥက္ကလာပနှင့် ကောင်းစည်သူ (ဘ)ဦးကိုကိုအောင် (၅)ရပ်ကွက် တောင်ဥက္ကလာပနေသူတို့ ငါးဦးကိုလည်းမိဘများကိုယ် တိုင် ရဲလက်အပ်ခဲ့သဖြင့် အမှုကိုဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
၎င်းတို့သည် တက္ကစီယာဉ်တစ်စီးကို ၀ိုင်းဝန်းပိတ်ဆို့ပြီး ယာဉ်မောင်းနှင့်ခရီသည်တစ်ဦးတို့ကို ဘေ့စ်ဘော တုတ်များဖြင့် ရိုက်နှက်ခဲ့သည့်အပြင် တက္ကစီယာဉ်ကိုလည်း ရိုက်နှက်ဖျတ်ဆီးခဲ့သဖြင့် လှိုင်ရဲစခန်းက (ပ) ၇၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ တို့ဖြင့် အရေးယူရန် ရဲတပ်ဖွဲ့ က အလိုရှိနေသူများလည်း ဖြစ်သည်။

ဇော်ဇော်ထွေး / mizzimaburmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB