Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကျပ်သိန်း ၇၀၀ ကျော်ထည့်ထားသည့် မီးခံသေတ္တာကို ပုံစံတူသေတ္တာအတုဖြင့် လဲလှယ်၍ ခိုးယူသွားဟုဆို


ကျပ်သိန်း ၇၀၀ ကျော် တန်ကြေးရှိ အမေရိကန်ဒေါ်လာများ ထည့်ထားသည့် မီးခံသေတ္တာကို ပုံစံတူ သေတ္တာအတုဖြင့် အစားထိုးလဲလှယ်ပြီး ခိုးယူသွားသည်ဟု ဆိုကာအမှုဖွင့် တိုင်တန်းမှုတစ်ခုကို ကမာရွတ်ရဲစခန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။
ကမာရွက် (၆)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ (၇)လွှာနေ အင်္ဂလိပ်စာသင်ကြားပေးသူ ဆရာတစ်ဦးဖြစ်သူ ကိုကောင်းညွှန့် (၃၉)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်က တရားလိုသည် ခရီးသွားကုမ္ပဏီဖွင့်ရန် ငှားရမ်းထားသည့် ကမာရွက် မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်တာဝါရှိ အခန်း ၁/က ၀၆၁၊ (၇)လွှာတွင် မြန်မာတန်ဖိုးငွေ ကျပ် သိန်း ၇၀၅ သိန်းကျော် တန်ဖိုးရှိသည့် နိုင်ငံခြားမှ လှူဒါန်းထားသော အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံ သေတ္တာအတွင်း သော့ခတ်သိမ်းဆည်းထားခဲ့သည်ဟု တရားလိုက ရဲထံတွင် ပြောထားသည်။

ဖေဖော်ဝါရီ ၂၄ရက် နံနက်တွင် တရားလိုဖြစ်သူ နေအိမ်၌ရှိနေစဉ် စာရင်းကိုင်ဖြစ်သူက မီးခံသေတ္တာဖွင့် မရတော့ကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ရုံးသို့သွားရောက်ကြည့်ရှုခဲ့ရာ မူလမီးခံသေတ္တာ မဟုတ်ဘဲ ပုံစံတူတစ်လုံးဖြစ်နေပြီး ဒေါ်လာငွေများ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
ထို့အတွက် ဒေါ်လာငွေများ ခိုးယူသူကို စုံစမ်းဖော်ထုတ်ပေးရန် ကိုကောင်းညွန့်က တိုင်တန်းသဖြင့် ရဲစ ခန်းက (ပ)၉၃/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ခိုးယူသူကို ပုဒ်မ ၃၈၀ဖြင့် အရေးယူနိုင်ရန် စုံစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး  /mizzimaburmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB