Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဘဏ်အနီး စကေဘာတစ်လက်နှင့် ဆိုင်ကယ်စီးနေသူ ထောင်နှစ်နှစ်ချ

မကြာခဏ လုယက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းများနှင့် ရွှေရတနာအရောင်းဆိုင်များတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်သတင်းရယူနေစဉ် မုံရွာမြို့၊ ဆူးလေကုန်းရပ်၊ ဘူတာလမ်းရှိ ရိုးမဘဏ်အနီး၌ စကေဘာကိုင်ဆောင်ထားသူ ဆိုင်ကယ်စီး လူငယ်တစ်ဦးကို ဖမ်းဆီးအရေးယူလိုက်သည်ဟု မုံရွာခရိုင် ဒုစရိုက် အထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်လင်းထက်နိုင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
ခိုး၊ ဆိုး၊ နှိုက် သတင်းများ စောင့်ကြပ်ကာလအတွင်း ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ တံတားဦးမြို့၊ ကွက်သစ်ရပ်ကွက်နေ မောင်ကောင်းခန့်ပိုင် အသက် (၁၉) နှစ်သည် FZ ဆိုင်ကယ်အနက် ရောင်တစ်စီးဖြင့် ရိုးမဘဏ်အနီးခေါက် တုန့်ခေါက်ပြန်သွားလာနေရာ မသင်္ကာ၍ စစ်ဆေးခဲ့ရာတွင် ဆိုင် ကယ်၏ ရှေ့မီးခွက်နှင့် လက်ကိုင်အကြား၌ အရိုးအသွား ၁၁ လက္မရှိ ဦးချွန်စကေဘာတစ်ချောင်းအသင့် ထည့်ထားသည်ကို တွေ့ရှိရသဖြင့် မြို့မရဲစခန်းတွင် အရေးယူပေးရန် အထက်ပါရဲအရာရှိက တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားချက်ကို မုံရွာမြို့မ ရဲစခန်းက(ပ)၃၅/ ၂၀၁၄ လက်နက်ပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေး ယူလိုက်ခြင်းဖြစ်သည်။ ယင်းအမှုကို အမှုစစ်ရဲအရာရှိက မုံရွာမြို့နယ်၊ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ခင် ခင်အေးရုံး၌ တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုဆိုင်ရာအမှုအမှတ် ၂၆၉၄/ ၂၀၁၄ အရ လက်ခံခဲ့ပြီးကြား နာ စစ်ဆေးခဲ့ပြီးထိုသူအား ယခုလ ၂၅ ရက် က အလုပ်နှင့်ထောင်ဒဏ်နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။

ကိုတိုးကြီး  /mizzimaburmese

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB