Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည်

ဝါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ပြောင်းရွှေ့လာသည့် သမီးကလေးကျေးရွာသားများကို မတ် ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

အစားပြန်လည်နေရာချပေးသည့် မြေကွက်သို့ မတ် ၂၇ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး မြေကွက်များကို မဲနှိုက် နေရာချ ပေးသည့်အခါ အမည်ပေါက် မပေးသဖြင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၆၄ စုက လက်မှတ်မထိုးကြဘဲ မတ် ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဝါးယားကုန်းမှ ပြန်လည်ထွက်ခွာလာသည့် သမီးကလေးကျေးရွာသားတစ်ဦးက “အာမခံချက် ဘာမှမရှိဘူး။ မြေကွက်ပိုင်ဆိုင်မှုဆိုတာလည်း မရှိဘူး။ ၀ါးတဲတောင် မဆောက်ပေးဘူး။ နောက်ပြီး ဒီမြေကွက်မှာ ၁၀ ရက်အတွင်း အိမ်ဆောက်နေရမယ်ဆိုတော့ ဘာမှမရှိတာ ဘယ်လို သွားဆောက်ရမှာလဲ။ ရေ ရတယ်လို့ပြောတယ်။ သောက်ရေက ရှိမှမရှိတာ။ နောက်ပြီး မြွေပွေးကလည်း တော်တော်ပေါတယ်။ ဒါကြောင့် မနေနိုင်တော့ဘူး။ DKBA နောက်ပဲ လိုက်တော့မယ်။ အားလုံးလိုလိုပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”ဟု ပြောကြားသည်။

အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက“ပြောင်းရွှေ့ခဲ့တဲ့ အိမ်ထောင်စု ၆၄ စုလုံး ဒီမနက်မှာပဲ ဘုန်းကြီးကျောင်းကို ပြန်ရွှေ့လာကြတယ်။ သူတို့ မနေနိုင်တဲ့အချက်ကတော့ ဒီမြေကွက်တွေက ရေရှည်နေထိုင်ခွင့်ရဖို့ အာမခံချက် မရှိတဲ့အတွက်လို့ ပြောတယ်။ ပဲခူးမြို့နယ်ထွေအုပ်လည်း ကျောင်းကိုလာသွားတယ်။ တဲတွေကို ဖျက်ခိုင်းတယ်။ ကိုယ့်ဘာသာကိုယ် မဖျက်ရင် သူတို့ဖျက်မယ်လို့ပြောတယ်။ ဦးဇင်းကတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာကုန်ပြီ။ ခုလေးတင်ပဲ DKBA ကို ဖုန်းလှမ်းဆက်ပြီး သွားပါပြီ။ သမီးကလေး ရွာသားတွေတင်မကဘူး အနီးနားရွာက လူတွေလည်းလိုက်ကြမှာ”ဟု မတ် ၂၉ ရက် နံနက်ပိုင်းက မိန့်ကြားသည်။

မြေနေရာ ပြန်လည်ချပေးသည့်နေရာမှာ လှည်းကူးမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာအနီးဖြစ်ကာ အိမ်ထောင်စုတစ်စုလျှင် ပေ ၂၀၊ ပေ ၅၀ရှိ မြေကွက်များကို မဲနှိုက်ချပေးခဲ့ခြင်း ဖြစ်သော်လည်း သမီးကလေးကျေးရွာသားများကမူ မိုးတွင်းဘက် ရေ၀ပ်သည့်နေရာဖြစ်ခြင်း၊ ကွင်းပြောင်ပြောင်ဖြစ်ခြင်းနှင့် ရေရှည်ပိုင်ဆိုင်ခွင့် မရှိခြင်းတို့ကြောင့် လက်မခံဘဲ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှည်းကူးအမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက “ဘာကြောင့်ပြန်ပြောင်းရွှေ့ရတာလဲဆိုတာတော့ အကြောင်းစုံ မသိသေးပါဘူး” ဟု မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

လက်ရှိတွင် ပြန်လည်ထွက်ခွာလာခဲ့သည့် အိမ်ထောင်စု ၆၄ စုမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ခိုလှုံလျက်ရှိကြောင်း နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်နေထိုင်ခွင့်မှာ မတ် ၃၀ ရက် နောက်ဆုံးဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB