Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တပ်မတော်အခန်းကဏ္ဍ ဆက်လက် ရှိရမည်ဟု ဦးသိန်းစိန် ပြောကြား

                                         သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်၌ မတ်လ ၂၆ ရက်နေ့က မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ/ရဲအောင်သူ

 နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံးရေးအတွက် တပ်မတော်သည် ခေတ်မီတောင့်တင်းခိုင်မာရန်
လိုအပ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင်လည်း တပ်မတော်၏ အခန်းကဏ္ဍ
ဆက်လက်ရှိနေရဦးမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ၎င်းတာဝန်ထမ်းဆောင်မှု သက်တမ်း
သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း
ပြောကြားခဲ့သည်။

"နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့
အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦး
မှာဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က ပြောသည်။

ထို့ပြင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းဖြင့် ညှိနှိုင်း အဖြေရှာသည့် စားပွဲဝိုင်းများတွင်
တပ်မတော် ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပြီး တပ်မတော်အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း
လျှော့ချရန် ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ရရှိလာမှုအပေါ် ချိန်ဆ ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။


သမ္မတ၏ မိန့်ခွန်းပါ ပြောကြားချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြ
သော်လည်း စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရန် အခြားမဏ္ဍိုင်များနှင့် တပ်မတော်၏ ပူးပေါင်း
ဆောင်ရွက်မှု လိုအပ်နေသေးကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

"သမ္မတကြီး အနေနဲ့က ဒီမိုကရေစနစ်ကို ပီပီပြင်ပြင်မဖြစ်သေးတဲ့ သဘောမျိုးကိုပြောသွားတာ
ပေါ့နော်။ တကယ်တော့ ဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ဖြစ်ဖို့ကတော့ ဘာလုပ်ရမလဲဆိုရင်
အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေး အပိုင်းဘက်ညီဖို့က အဓိကပါ။ တပ်မတော်ပိုင်းက လက်တွဲပူးပေါင်း
ဆောင်ရွက်ဖို့ လိုတယ်။ တခြားမဏ္ဍိုင်ကြီးတွေက တပ်မတော်ကဏ္ဍကို လက်တွဲခေါ်ဖို့ ဆန္ဒလည်း
ရှိကြတယ်။ တပ်မတော် အခန်းကဏ္ဍလျှော့ချဖို့ ငြိမ်းချမ်းရေး လိုတယ်ဆိုတာလည်း သိပါတယ်။
ဒါပေမဲ့ တပ်မတော်က ဒီမိုကရေစီ စနစ်ကိုသွားတဲ့အခါ အများကြီး ပူးပေါင်းပါဝင်ပေးရမယ်။
ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး က ဖြစ်လိုတဲ့ဆန္ဒတွေကို
တပ်မတော်ဘက်က ပူးပေါင်းဖို့ အများကြီးလိုတယ်"ဟု အလုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ကပြောသည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လျယ်ထန်း
ကမူ စစ်မှန်သည့် ဒီမိုကရေစီ စနစ် ရှင်သန်ဖြစ်ထွန်းရေးအတွက် အဓိကအချက်မှာ အစိုးရနှင့်
လွှတ်တော်သာမက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့
သည်။

"အစိုးရဘက်ကရော ပြည်သူဘက်ကပါ နှစ်ဖက်စလုံး နည်းနည်း ရင့်ကျက်ဖို့ လိုတယ်။ အဲဒီလို
ရင့်ကျက်ချင်ရင်တော့ ဒီမိုကရေစီလမ်းကြောင်း အရှိန်အဟုန်နဲ့ သွားဖို့ မြန်သွားမယ်"ဟု ၎င်းက
ပြောသည်။

သင်္ဃကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကမူ သမ္မတ ပြောခဲ့သည့်
မိန့်ခွန်းတွင် အားလုံးမငြင်းနိုင်သည့် အချက်သည် စစ်အာဏာရှင် နိုင်ငံမှ ဒီမိုကရေစီ အသွင်
ကူးပြောင်းသည့် နိုင်ငံအဖြစ် သရုပ်ဖော်နိုင်သည့်အတွက် နိုင်ငံတကာတွင် မြန်မာပြည်သည် မူလ
အများလေးစားသည့် အနေအထား ရောက်လာခြင်းပင် ဖြစ်ကြောင်းပြောသည်။

"သမ္မတမိန့်ခွန်းမှာ ပါတဲ့အချက်ကို သတိထားမိတာက အခြေခံဥပဒေကိစ္စ အခန်း ၁၂ ကို
အလေးထားဖို့၊ လူထုဆန္ဒကို မျက်ခြည်မပြတ်ဖို့ပေါ့။ ဒါတွေကို ဟန်ချက်ညီညီဘယ်လိုကိုင်တွယ်
နိုင်မလဲ။ အရေးကြီးဆုံးက အပြောင်းအလဲနဲ့ ပတ်သက်ပြီး အရင်စနစ်ဟောင်းနဲ့ လမ်းခွဲပြီး
လမ်းကြောင်းမှန်ပေါ် ရောက်နေတာတော့ အမှန်ပဲ။ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက အင်မတန်
ချောမွေ့နေပါတယ်လို့တော့ ပြောလို့ မရနိုင်ဘူး"ဟု ဦးသိန်းညွန့်က ပြောသည်။

မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်
သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအကြိမ်မြောက် မိန့်ခွန်းပြောကြား
ခြင်းဖြစ်ပြီး သုံးနှစ်တာကာလအတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဒီမိုကရေစီ အသွင်
ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ် အပါအ၀င် လူထုစိတ်ဝင်စားလျက်ရှိသည့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့သည်။

လွှတ်တော်နှင့် အစိုးရအဖွဲ့တို့အကြား အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး မကြာခဏ ပွတ်တိုက်မှုများ
ရှိနေသော်လည်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရ
သည့် ပြဿနာများကို လက်တွေ့ကျသည့် အဖြေရရှိလာရေး ပူးပေါင်း ဆောင်ရွက်ရန် သမ္မတက
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နှစ်နှစ်တာ ကာလမှာ ကျွန်တော်တို့ လုပ်နိုင်ရင် လုပ်နိုင်သလောက်၊
ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုးဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ လွှတ်တော်ကြီး
ထဲမှာကိုယ်စားလှယ်တွေ ငါးနှစ် တစ်ကြိမ် ပြောင်းလဲသွားမှာဖြစ်သလို ကျွန်တော်တို့ အစိုးရ
ဟာလည်း ငါးနှစ်တစ်ကြိမ် တာဝန်ကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်
ထမ်းဆောင်စဉ် တိုင်းကျိုး ပြည်ပြု ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ သမိုင်းတင်ခဲ့မှာ
ဖြစ်ပါတယ်။ ညင်သာချောမွေ့တဲ့ ဒီမိုကရေစီ အပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာနဲ့
ဖော်ဆောင်ခဲ့ကြတယ်ဆိုတဲ့ လှပတဲ့ သမိုင်းကို ရေးထိုးနိုင်ဖို့ ကျွန်တော်တို့အားလုံး ဆက်လက်
ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့"ဟု ဦးသိန်းစိန်က ပြောကြားသည်။

အိအိတိုးလွင်

မြန်မာတိုင်း(မ်)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB