Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဘ၀တစ်ခုလုံးကို ပြောင်းလဲပေးဖို့ အချိန်တစ်နာရီပဲ လိုအပ်တယ်

ကလေးငယ်တစ်ဦးအား ခွဲစိတ်၊ပြုပြင်ပေးရန် ခွဲစိတ်ခန်းအတွင်း ပြင်ဆင်နေကြသည့် ဆရာဝန်များ။ ဓာတ်ပုံ - ဖီရိုနာကလေးငယ်တစ်ဦးအား ခွဲစိတ်၊ ပုပြင်ပေးရန် ခွဲစိတ်ခန်းအတွင်း ပြင်ဆင်နေကြသည့် ဆရာဝန်များ။ ဓာတ်ပုံ - ဖီရိုနာ
ရခိုင်ပြည်နယ်အတွင်း ဆရာဝန်များက ယာယီ ဆေးခန်းဖွင့်လှစ်ပြီး ခွဲစိတ်ကုသပေးမှုကြောင့်
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာ ရနေသည့် ကလေးမိဘများအနေဖြင့်သူတို့ရဲ့
သားသမီးကလေးတွေ လူတန်းစေ့ နေထိုင်နိုင်ကြတော့မယ်လို့ မျှော်လင့်လျက်ရှိကြပြီ။ အပြစ်
ကင်းစင်စွာ မွေးဖွားပြီး လူလောကထဲကို ရောက်လာတဲ့ ကလေးငယ်တစ်ဦးကို ၀မ်းပန်းတသာ
လက်ခံကြိုဆိုပေးနိုင်ဖို့ လူအများက ကလေးငယ်လေးရဲ့ နှလုံးသားထက် မျက်နှာကို အရင်ကြည့်
ပြီးမှ ဆုံးဖြတ်ကြပါလိမ့်မယ်။

တကယ်လို့သာ ကြောက်စရာကောင်းတဲ့ မျက်နှာတစ်ခုနဲ့သာ မွေးဖွားလာခဲ့မယ်ဆိုရင် ထိုကလေး
အတွက် ဘ၀ရဲ့ကံကြမ္မာက ဆိုးဝါးလွန်းလှပါတယ်။

အချိန်မီသာခွဲစိတ်မကုသခဲ့ရင် ကလေးငယ်ရဲ့ ဘ၀တစ်လျှောက်လုံးဟာ ပတ်ဝန်းကျင်ကို ၀င်ဆံ့ဖို့
အပေါင်းသင်းရှားလာပြီး ဆက်ဆံရေးမှာ အခက်အခဲများ ရင်ဆိုင်လာရနိုင်ပါတယ်။

ဒါ့ပြင် အလုပ်အကိုင် အခွင့်အရေး ရှားပါးပြီး၊ လူ့ပတ်ဝန်းကျင်မှလည်း ဖယ်ရှားခံလာရနိုင်ဖွယ်ရှိပါ
တယ်။

စစ်တွေ အထွေထွေဆေးရုံကြီးမှာ စေတနာဝန်ထမ်းခွဲစိတ်ဆရာဝန်များဟာ နှုတ်ခမ်းကွဲ၊
အာခေါင်ကွဲနဲ့ မီးလောင်ဒဏ်ရာကြောင့် မျက်နှာ ပျက်စီးနေတဲ့ ကလေးငယ်တွေကို ခွဲစိတ်ပေးနေ
ကြပါတယ်။

ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသူတွေကတော့ နယ်စည်းမထားစားဖိုမှူးများ
အသင်းခွဲ၊ မြန်မာနိုင်ငံစားဖိုမှူးများ အသင်း၊ ဂျာမနီနိုင်ငံက Interplast အဖွဲ့နဲ့ အခြား နိုင်ငံတကာ
အဖွဲ့အစည်းများတို့ ပူးပေါင်းပြီး ဒေသခံ ဘုန်းကြီးကျောင်းနှင့် ဆေးဝန်ထမ်းတို့နဲ့ ချိတ်ဆက်ကာ
လူနာပေါင်း ၁၀၀ ကျော်ကို ပလတ်စတစ်ဆာဂျရီဖြင့် နှစ်ပတ်ကြာ ခွဲစိတ်ပေးခဲ့တဲ့ အစီအစဉ်
ဖြစ်ပါတယ်။

ခွဲစိတ်ပေးသူတွေရဲ့ သနားမှု၊ နွေးထွေးမှု အပြည်နဲ့ ကလေးတွေကို စနစ်တကျခွဲစိတ်ပေနေသော်
လည်း ကလေးငယ်တချို့ကတော့ ခွဲစိတ်ခန်းထဲကို ၀င်ရမှာ အရမ်းကို ကြောက်ရွံ့ နေကြလို့
အော်ဟစ်ငိုယိုနေကြပါတယ်။

နှုတ်ခမ်းကွဲကလေးကနေ ငေါထွက်နေတဲ့ သွားတွေကို အထင်းသားမြင်နေရတာမို့ ကလေးလေးက
ရယ်ပြရင်တောင် တခြားကလေးတွေလို ချစ်စရာမကောင်းဘဲ မျက်နှာကို ရှုံ့မဲ့ပြီး အစွယ်ထုတ်ပြ
သလိုမျိုး ဖြစ်နေပါတယ်။

"တစ်နာရီပဲ ခွဲစိတ်ရုံနဲ့ မျက်နှာတစ်ခုလုံးက ပြောင်းလဲသွားနိုင်ပါတယ်ဗျာ။ ကြောက်စရာကောင်းတဲ့
မျက်နှာသေးသေး တစ်ခုလုံးဟာ ချက်ချင်းဆိုသလို ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေး အဖြစ်ကို
ချက်ချင်းပြောင်းလဲသွားစေနိုင်ပါတယ်"လို့ ဆေးကုအဖွဲ့ရဲ့ ခေါင်းဆောင်
ဒေါက်တာ ကာဆီးရက်ရက်ဂျုက နောက်ထပ်ကလေးငယ် တစ်ဦးကို ခွဲစိတ်ပေးဖို့ အဆင်သင့်
စောင့်နေရင်းနဲ့ ပြောပါတယ်။

ဒေါက်တာ ရက်ဂျုက နှုတ်ခမ်း၊ အာခေါင်ကွဲ ခွဲစိတ်ခြင်းသည် မျက်နှာပြင် တစ်ခုလုံးခွဲစိတ်ရာမှာ
အအောင်မြင်ဆုံး တစ်ခုဖြစ်ပြီး ဥရောပမှာဆိုရင် အသက်ခပ်ကြီးကြီး ကလေးငယ်များနဲ့ အရွယ်
ရောက်တဲ့သူများမှာ နှုတ်ခမ်းအာခေါင်ကွဲ တွေ့တာ လုံးဝ မရှိတော့ပါဘူးလို့ ဆိုပါတယ်။

အရှေ့တောင်အာရှမှာတော့ ဥရောပထက် မျက်နှာပုံပမ်း သဏ္ဌာန်ပျက်ပြီး မွေးလာတဲ့ ကလေးက
နှစ်ဆများပါတယ်။

ဥရောပမှာ ၁,၀၀၀ မွေးရင် တစ်ဦးဖြစ်တတ်ပြီး၊ အရှေ့ တောင်အာရှမှာတော့ ၅၀၀ မွေးရင်
တစ်ဦးဖြစ် တတ်ပါတယ်။
သားငယ်လေး သုခအောင်အတွက် ပျော်ရွှင်နေသည့် ဒေါ်ခင်မိုးရွှေ။ ဓာတ်ပုံ - ဖီရိုနာ

ဒါပေမဲ့လည်း အရှေ့တောင်အာရှက မိသားစုတွေ အများစုကတော့ ခွဲစိတ်မှုယူရမယ်ဆိုတာ
နားမလည်ကြသလို၊ တတ်လည်းမတတ်နိုင်ကြပါဘူး။

အခုလို Interplast အဖွဲ့အစည်းလို စေတနာရှင် အဖွဲ့အစည်းတွေလာမှ ခွဲစိတ်နိုင်ကြပါတယ်။

ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်တော့ "ခန္ဓာကိုယ်ကို ပြုပြင်ပေးပြီး ဘ၀ကိုပြန်လည်ထူထောင်နိုင်ဖို့
ကျွန်တော်တို့ ရှိနေမယ်" ဖြစ်ပါတယ်။

ရည်ရွယ်ချက်က ရိုးရှင်းသလောက် ဆေးလောကက နားမလည်တဲ့ လူတစ်ယောက်အနေနဲ့
ဘေးကနေကြည့်ရင်းနဲ့ ခွဲစိတ်ဆရာဝန်တွေရဲ့ အလုပ်ဟာ အနုစိတ် အသေးစိတ် ဂရုစိုက်
တော်တော်အားထုတ်ရတာ အရမ်းကို ရှုတ်ထွေးလှတယ်လို့ ထင်မိပါတယ်။

ငါးနှစ်အရွယ် ကလေးလေးတစ်ယောက်ဟာ ခွဲစိတ်ခုတင်ပေါ်မှ အိပ်ပျော်နေတာကိုတွေ့ရ ပါတယ်။

သူမှာ နှုတ်ခမ်းအက်ကွဲကြောင်း အကြီးကြီးက နှခေါင်းပေါက် အထိရောက်နေပြီး နှုတ်ခမ်းအတွင်း
သားများက အသားဖတ်တစ်ခုလို လန်ထွက်နေပါတယ်။

ခွဲစိတ်ဆရာဝန်က မေ့ဆေးကြောင့် အိပ်ပျော်နေတဲ့ ကလေးရဲ့ ယုန်ရုပ်ကလေးကို ဖယ်ပြီး
လိုက်တော့ အခြားဆရာဝန်တစ်ဦးက ခွဲခန်းစောင့်ကြီးကို ခွဲစိတ်မယ့် နေရာနှုတ်ခမ်းလေးကိုပဲ
ချန်ထားပြီး လွှမ်းခြုံပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ်မီးက အချိန်မရွေးပျက်နိုင်တာမို့ ခွဲစိတ်ဆရာဝန်က နဖူးစည်းမီးကို တပ်ပြီး
ခွဲစိတ်မှု စတင်လိုက်ကြပါတယ်။

နှုတ်ခမ်းကွဲနေတဲ့ နေရာလေးကို မင်စက်လေးနဲ့ သေသေချာချာမှတ်ထားကာ သွားနဲ့ သွားဖုန်းကြား
ထဲကနေရာကို သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် ရှင်းပေးကာ ကွဲနေတဲ့ နေရာလေးကို စေ့သွားဖို့
တစ်ချက်ချင်းစီ အသေးစိတ် လေးချုပ်ပေးပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ ဆရာက တွန်းလှည်းလေးနဲ့ ခွဲစိတ်ခန်းထဲကနေ အပြင်ကို
ထုတ်သွားပြီး၊ မကြာသေးခင်ကခွဲစိတ်ထားတဲ့ ကလေးငယ်ရဲ့ လှည်းဘေးမှာ ရပ်ထားလိုက်ပါတယ်။

ထိုနောက် ဆရာဝန်ကြီးက ယူထားတဲ့ ကလေးလေးယုန်အရုပ်ကလေးကို လက်ထဲမှာ ပြန်ထည့်
ပေးလိုက်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်မိုးရွှေက ခွဲစိတ်ပြုပြင်ထားတဲ့ ၁၁ လသားအရွယ် သားကလေး
သုခအောင်ကို ပြုံးပျော်စွာဖြင့် ချီပြပါတယ်။

ကလေးမှာ နှုတ်ခမ်းကွဲ အရာသေးသေးလေးနဲ့ ချုပ်ရိုးကြောင်းအရာသေသေးလေးပဲ ကျန်တော့တာ
တွေ့ရပါတယ်။ ဒေါ်ခင်မိုးရွှေက စိတ်လှုပ်ရှားစွာ ရခိုင်လေသံ ဖြင့် "ကျွန်မလေ သားလေးကို အခုလို
မျိုးခွဲစိတ်မှု ခံယူနိုင်လိမ်မယ်လို့ ဘယ်တုန်းကမှ တွေးမထားမိခဲ့ဘူး"လို့ ပြောပါတယ်။

"သူ့ကိုမမွေးခင်တုန်းကလေ သားချောလေး တစ်ယောက်ကိုပဲ လိုချင်ခဲ့တာပါ။ သူ့ကိုမွေးလာတော့
သူ့ဘ၀ရှေ့ရေးကို တွေးပြီးတော့ အရမ်း ၀မ်းနည်းခဲ့ရတယ်"လို့ သူကပြောတယ်။

"ဒါပေမဲ့ ခွဲစိတ်ပြီးတော့ အရမ်းပျော်တာပဲ၊ ဘာလို့လဲဆိုတော့ သားကလေးက အခုလိုလှလှပပလေး
ဖြစ်သွားလို့"ပြောပြီး ကလေးကို ချီမြှောက်ပြပါတယ်။

ဆရာဝန်တွေအတွက် ခွဲစိတ်ရက်က ရက်သတ္တပတ် နှစ်ပတ်ပဲရတာကြောင့် လူနာ ၁၀၀ ကို အပြီး
ခွဲစိတ်ပေးဖို့ နားချိန်းနည်းနည်းလေးပဲ ရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဒေါ်ဝေမာဦး ကတော့ ခွဲစိတ်ဆရာဝန်တွေကို ယုံကြည်စွာနဲ့
သူ့သားလေး တစ်ခုခုဖြစ်မှာကို လုံးဝစိုးရိမ်စိတ်မရှိပါဘူးလို့ ပြောပြီး၊ ၁၁ လအရွယ် သားလေး
အောင်တိုးကျော်ရဲ့ နှုတ်ခမ်းခွဲစိတ်ပြုပြင်ပြီး ထွက်လာမယ့် မျက်နှာကို ကြည့်ဖို့ မျှော်လင့်ရင်းနဲ့
စောင့်ဆိုင်းနေပါတယ်။

"ကျွန်မမှာ ကလေး ငါးယောက် ရှိပါတယ်၊ အားလုံးက ချောကြပါတယ်၊ သူကနောက်ဆုံးကလေးပါ
သူမွေးလာတော့ သူ့မျက်နှာကိုကြည့်ရင် အရမ်းကို စိတ်အားငယ်ပြီး ၀မ်းနည်းခဲ့ရပါတယ်"လို့
ဒေါ်ဝေမာဦးက ပြောပါတယ်။

"ကျွန်မတို့ မိသားစုက အရမ်းဆင်းရဲပါတယ်၊ တောင်ယာအလုပ်လုပ်ပါတယ်။ ရွာမှာဆိုရင် တခြား
ကလေးတွေက သူ့မျက်နှာကို ကြည့်ပြီး ဘီလူးသရဲနဲ့တူတယ်လို့ ပြောပြီးတော့ နောက်ကြပါတယ်"
လို့ သူက ပြောပြပါတယ်။

ဒါပေမဲ့ ခွဲစိတ်ခန်းထဲကထွက်လာတဲ့ အောင်တိုးကျော်ရဲ့ မျက်နှာကို ဘယ်သူကမှ ဘီလူးသရဲနဲ့
တူတယ်လို့ ပြောကြတော့မှာ မဟုတ်ဘူး ဆိုတာကတော့ သေချာနေပါပြီ။

ရွှေရည်စောမြင့် နှင့် ဖီရိုနာ

မြန်မာတိုင်း(မ်)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB