Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ခြေထောက်ဒဏ်ရာသက်သာဖို့ နတ်ပွဲလုပ်ပြီး ကုခဲ့တဲ့ မြန်မာ့အကောင်းဆုံး ဘောလုံးသမား



မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ရန်ကုန် ယူနိုက်တက်ဘောလုံးအသင်းတို့ရဲ့ တောင်ပံ တိုက်စစ်မှူးဖြစ်တဲ့ ကြည်လင်းဟာ သူရရှိထားတဲ့ ခြေချင်းဝတ်ဒဏ်ရာကို သက်သာစေဖို့ အတွက်
မိခင်ဖြစ်သူပြုလုပ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကို လိုက်နာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုနဲ့ ဒေါပုံမြို့နယ်ထဲက ကြည်လင်းတို့ မိသားစုရဲ့အိမ်ရှေ့မှာ စည်ကားလွန်းလှတဲ့ နတ်ကနားပွဲကြီး
တစ်ခု ဖြစ်လာပါတော့တယ်။


နာမည်ကြီးဘောလုံးသမား တစ်ဦးရဲ့အိမ်က ကျင်းပတဲ့ ပွဲလည်းဖြစ်၊ မြူးကြွလွန်းတဲ့ဆိုင်းသံ၊
ဗုံသံတွေကြောင့် အနီးအနားဝန်းကျင်ကရော၊ အဝေးကပါ လာရောက်ကြတဲ့ ပရိသတ်တွေနဲ့
ပြည့်ကျပ်လို့နေပါတယ်။နတ်ကနားပွဲ အလယ်တည့်တည့်မှာတော့ ခုံတစ်လုံးမှာထိုင်ပြီး ပတ်တီးစည်းနှောင်ထားတဲ့ညာဘက်ခြေချင်းဝတ်ကို ရှေ့ကိုဆန့်ထုတ်ထားတဲ့ ကြည်လင်းကို တွေ့ရပါတယ်။
ဖယောင်းတိုင် လက်တစ်ဆုပ်စာကို မီးထွန်းညှိကိုင်ဆောင်လို့ ပါးစပ်ကလည်း တတွတ်တွတ်နဲ့
ရွတ်ဖတ်နေပြီး သုံးရက်တာကျင်းပတဲ့ နတ်ကနားပွဲရဲ့နောက်ဆုံးနေ့ကို စည်စည်ကားကားဖြစ်သွား
အောင် ကြိုးစားနေတဲ့ နတ်ကတော် ဦးတင်ဝင်း ကို ဘောလုံးသမားလေးဟာ ထူးဆန်းတဲ့ပုံစံနဲ့
လိုက်ကြည့်လို့နေပါတယ်။ဦးတင်ဝင်းက သူကိုင်ထားတဲ့ ဓားရှည်နှစ်ချောင်းကို ကြည်လင်းရဲ့ ခန္ဓာကိုယ်အပေါ် ပိုင်းကနေစကာအောက်ပိုင်းခြေထောက်အထိ ပွတ်ဆွဲလို့ ပါးစပ်ကလည်း "ကျေးဇူးပြုပြီးတော့ ဒီမိသားစုကိုအရှင်တို့ရဲ့ သား၊ သမီးတွေအလား စောင်မကြည့်ရှုပေးပါ။ ဒီမိသားစုမှာ သက်ရောက်နေတဲ့အဆိုးတွေကို အကောင်းတွေဖြစ် သွားအောင် ပြောင်းလဲပေးတော်မူပါ အရှင်တို့"လို့ ပြောဆိုနေပါတယ်။


အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူး ကြည်လင်းဟာ ဘောလုံးသမားတွေထဲမှာ ခန္ဓာကိုယ်ကြံ့ခိုင်
တောင့်တင်းသလို ကွင်းထဲမှာ မာန်အပြည့်ပါတဲ့ ကစားကွက်တွေနဲ့ လျင်မြန်သွက် လက်မှုတွေ
ကြောင့် ပရိသတ်အသည်းစွဲ အားထားရတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အားကစားစွမ်းရည်တွေနဲ့ လက်မောင်းက ဆေးမင်ကြောင်တွေကြောင့်လည်း သူ့အနေနဲ့
ဘောလုံးကွင်းထဲမှာ ထင်းရှားတဲ့ ကစားသမား တစ်ဦးဆိုရင်လည်း မမှားပါဘူး။
ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂၀၀၉ ခုနှစ် ကစပြီး ၀င်ရောက်ကစားခဲ့ကာ အသင်းရဲ့အကောင်းဆုံး
ဘောလုံးသမားအဖြစ် နှစ်ကြိမ်တောင် ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ဘောလုံးစွမ်းရည်ကြောင့်ပဲ ပြီးခဲ့တဲ့နှစ်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းအကြို
ပြင်ဆင်မှုအနေနဲ့ မာဒေးကားဖလားပြိုင်ပွဲမှာလည်း အမျိုးသားအသင်းရဲ့အသင်းသား တစ်ဦးအဖြစ်
ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲကြီးမှာတော့ ကြည်လင်း
အတွက် ကံဆိုးမှုတွေ စတင်ခဲ့ပါတယ်။
သူ ပါဝင်တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ပြီးသရေကျခဲ့တဲ့ပွဲမှာ အရင်က ရရှိခဲ့ဖူးတဲ့
ညာဘက်ခြေချင်းဝတ် ဒဏ်ရာကို ထိခိုက်မိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းပွဲတွေမှာတော့ ကြည်လင်းအနေနဲ့ ဘောလုံးကစားနိုင်စွမ်း မရှိတော့သလို
မြန်မာအသင်းအနေနဲ့လည်း ကိုရီးယားလူမျိုး နည်းပြ ပတ်ဆောင်ဟွာရဲ့ အမှတ်ပေး စည်းမျဉ်းအပေါ်
နားလည်မှု လွဲမှားခဲ့တာကြောင့် ဗိုလ်လုပွဲတောင် မတက်ရောက်နိုင်ခဲ့ပါဘူး။

တကယ်လို့ ကြည်လင်းသာ ခြေထောက် ထိခိုက်မှု မရှိခဲ့ဘူးဆိုရင် မြန်မာအသင်းရဲ့ ကံကြမ္မာဟာ
လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်ရမှာပါ။
ဒီလို ၄၄ နှစ်ကြာပြီးမှ မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့တဲ့ ဆီးဂိမ်းပွဲကြီးက
နောက်ဆုံးကျတော့ ရွှေဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
ပရိသတ်တွေရဲ့ မကျေနပ်မှုတွေက မုန်တိုင်းအသွင်ကို တစ်မုဟုတ်ချင်း ပြောင်းလဲသွားတဲ့အပြင်
နည်းပြ ပတ်လည်း နုတ်ထွက်ခဲ့ရပါတယ်။

ဒါတွေက လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ဖြစ်ခဲ့တာတွေပါ။ ခုတော့ မြန်မာနေရှင်နယ်လိဂ်
ဘောလုံးရာသီကို ရောက်လို့လာပါပြီ။ကြည်လင်းဟာ ထိုင်းနိုင်ငံအထိ သွားရောက်ပြီးတော့ သူ့ရဲ့ဒဏ်ရာကို ကုသခဲ့သေးပေမယ့်အခုချိန်ထိတော့ ဘောလုံးလေ့ကျင့်ရေးကွင်းထဲ ပြန်မ၀င်နိုင်သေးပါဘူး။
ကွင်းထဲမှာ အားမာန်အပြည့်နဲ့ကစားရမယ့်အစား ဘေးမှာ ထိုင်အားပေးနေရတဲ့သူအဖြစ်ကို
ရောက်လို့ နေတာပါ။သူ့ဆရာဝန်က နောက်ထပ်တစ်လ လောက်ကြာတဲ့အခါ လေ့ကျင့်ရေးကွင်း

ဆင်း နိုင်မယ်လို့ပြောပေမယ့် ဒါက ကြည်လင်းရဲ့ အမေ ဒေါ်တင်ပြုံးရဲ့ စိုးရိမ်စိတ်ကို ဖြေလျှော့ မပေးနိုင်ပါဘူး။

အသက် ၆၂ နှစ်အရွယ်ရှိပြီး ကြည်လင်းနဲ့ ချွတ်စွပ်တူတဲ့ ဥပဓိနဲ့ အရုပ်လေးတစ်ရုပ်လို
အေးအေးဆေးဆေးပဲနေတတ်တဲ့ ဒေါ်တင်ပြုံး က သူ့သားလေး ဘောလုံးကွင်း အမြန်ဆင်းနိုင်
အောင် သူ့အနေနဲ့ တတ်နိုင်သမျှ လုပ်ပေးချင်တဲ့အကြောင်း မျက်ရည်စက်လက်နဲ့ ပြောလိုက်ပါ
တယ်။

"ကျွန်မ သားအတွက် ကျွန်မ အရမ်းဝမ်းနည်းရတယ်။ သူ ပြန်ကောင်းလာဖို့ကို ကျွန်မအနေနဲ့
ဘာပဲလုပ်ပေးရ လုပ်ပေးရပါ။"

"ကျွန်မတို့က သုံးနှစ်တစ်ကြိမ် အိမ်မှာ နတ်အထိုင်ပွဲပေးနေကျပါ။ ဒါပေမဲ့ အခုတစ်လောတော့
မလုပ်ဖြစ်သေးဘူး။ ဒါကြောင့်ပဲလားပေါ့။ သားလေးလည်း ဒဏ်ရာပြန်ကောင်းအောင်၊ ကျွန်မတို့
မိသားစုလည်း အဆင်ပြေအောင် နတ်ပွဲပေးဖို့ တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာပါ။ ကျွန်မတို့ မိသားစုမှာ
အဆိုးတွေရှိရင်လည်း ကောင်းသွားအောင်ပေါ့"လို့လည်း ဒေါ်တင်ပြုံး က ထပ်ပြောလိုက်ပြန်ပါတယ်။
နတ်ကိုယုံကြည်လို့ အိမ်တွေမှာ နတ်ပွဲပေးမယ်ဆိုရင် အထိုင်ပွဲနဲ့ အထပွဲဆိုပြီးတော့ နှစ်မျိုး နှစ်စား
ထဲက ရွေးချယ်ပေးလို့ရပါတယ်။အထိုင်ပွဲမှာတော့ အိမ်တွင်းမှာရှိတဲ့ ကိုးကွယ်တဲ့ နတ်တွေ၊ မိဆိုင်ဖဆိုင်နတ်တွေကို ပင့်ဖိတ်ပြီးငှက်ပျောပွဲ၊ အုန်းပွဲတွေနဲ့ စားသောက်စရာ ပြင်ဆင်လို့ ပူဇော်ပသပြီး ဆုတောင်းအဓိဋ္ဌာန်ပြုရတာပါ။အထိုင်ပွဲ တစ်ပွဲရဲ့ ကုန်ကျစရိတ်က တစ်သိန်းကျော်၊ နှစ်သိန်းလောက် ရှိပါတယ်။အထပွဲကိုတော့ မိဆိုင်ဖဆိုင်နတ်၊ အတွင်းနတ်၊ အပြင်နတ်တွေ အပါအ၀င် ၃၇ မင်းနတ်တွေ
အကုန်လုံးကို နတ်ကတော်နဲ့ ပင့်ဖိတ်ပြီး စားကောင်း သောက်ဖွယ်တွေ၊ အုန်းပွဲ၊ ငှက်ပျောပွဲတွေ၊
ဆိုင်းဝိုင်းနဲ့ တခမ်းတနား ပူဇော်ပသရတာပါ။အထပွဲက ပိုခမ်းနားပြီး သုံးရက်ကနေ ခုနစ်ရက် တိုင်တိုင် ပြုလုပ်တဲ့ပွဲကြီးမို့ ကုန်ကျစရိတ်ကလည်းသိန်း သုံးဆယ်လောက် ရှိပါတယ်။

ဒေါ်တင်ပြုံးရဲ့ တောင်းဆိုမှုကြောင့်ပဲ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ သုံးရက်ကြာ
နတ်ပွဲပေးဖို့ကို ဆွေမျိုးတစ်သိုက်နဲ့အတူ တစုတစည်းတည်း လှူဒါန်းပြီး ဆုတောင်းခဲ့ပါတယ်။
"ကျွန်တော့် အမေက နတ်ပွဲကို ရိုးရာအရရော၊ အစဉ်အလာအရပါ လုပ်နေကျပါ။ ရိုးရာ အရရော၊
မိသားစု အဆင်ပြေဖို့အတွက်ရော၊ ကျွန်တော့်ဒဏ်ရာကို စိုးရိမ်တာကြောင့်ပါ ဒီလိုနတ်ပွဲလုပ်ဖို့
တိုင်ပင်ခဲ့ပါတယ်။ ဒါကြောင့် အမေ့ဆန္ဒကို လိုက်လျောလိုက်တဲ့သဘောပါပဲ" လို့ ခေတ်လူငယ်
တစ်ယောက် ဖြစ်တာကြောင့် နတ်ပွဲအကြောင်းတွေကို သေသေချာချာမသိဘဲ လုပ်ခွင့်ပေးလိုက်တဲ့
ကြည်လင်းက ဆိုပါတယ်။နတ်ကတော်ကြီး ဦးတင်ဝင်းကတော့ ကြည်လင်းရဲ့ အဖေဘက်ကရော၊ အမေဘက်မှာပါရှိတဲ့မိဆိုင်ဖဆိုင်နတ်တွေအပြင် နတ်အကုန်လုံးကို ပူဇော်ပသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

"နတ်ယုံကြည်တဲ့သူတွေက သူတို့တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အဆိုးတွေကို နတ်တွေက
ကူညီပြီးတော့ ဖယ်ရှားပေးမယ်လို့ ယုံကြည်ကြတယ်"လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ နတ်ကတော်လောကကို အသက် ၂၇ နှစ်အရွယ်တည်းက ၀င်ရောက်ခဲ့တာဖြစ်ပြီးတော့
နတ်ပွဲပေးတဲ့နေရာတွေကို သွားရောက်တဲ့အပြင် အိမ်တွေမှာရှိတဲ့ ခုနစ်ရက်သားသမီးတွေအတွက်
လည်း မိဆိုင်ဖဆိုင်နတ်ရိုးရာပွဲတွေ ပြုလုပ်ပေးပြီး နတ်ကတော်တစ်ဦးအဖြစ် အသက်မွေး
ဝမ်းကျောင်းနေသူ တစ်ဦးပါ။

"ဒီအိမ်က အမေဘက်က တလိုင်းခုတ်ကျွဲ၊ ပဲခူးမယ်တော်ကို ကိုးကွယ်တော့ အဲဒီအတွက် အရင်
ပူဇော်ပေးရမယ်။ ဒီလိုမျိုးပူဇော်တဲ့အတွက် နတ်တွေက ကူညီပေးတာပေါ့။ စီးပွားဖြစ်အောင်
အထုပ်လိုက်ကြီးပေးတာတော့ မဟုတ်ဘူးပေါ့။ ဥပမာ- ယိုင်နေတဲ့ တိုင်လေး တွေကို ဓာတ်နဲ့
တည့်ပေးသလိုပေါ့။

စီးပွား ခိုင်မြဲအောင်၊ တည်တံ့အောင် လုပ်ပေးတာ။ တချို့တွေကျတော့
စီးပွားရေးနဲ့ ပတ်သက်လို့ အဓိဋ္ဌာန်အောင်ရင် နောက်နှစ် ဒီလိုပွဲမျိုးပေးပါ့မယ်ဆိုပြီး ကတိက၀တ်
ပေးကြတာတွေလည်းရှိတယ်"လို့ ပ၀ါကို ခေါင်းမှာစည်းနှောင်ထားပြီး အနက်ရောင်နတ်ဝတ်နတ်စား
တွေကို ၀တ်ဆင်ထားတဲ့ နတ်ကတော်ကြီးက ကွမ်းချိုးတက်တာကြောင့် ညိုပုပ်ပုပ် အရောင်ထ
နေတဲ့ သွားတွေကို ပေါ်အောင်ရယ်ရင်း ပြောလိုက်ပါတယ်။
ကြည်လင်းရဲ့ဖခင် ဦးအောင်ကြည်ကတော့ နတ်တွေကို မကိုးကွယ်ပေမယ့် သူ့သားအတွက်ကြောင့်
နတ်ပွဲကို ပြုလုပ်ခွင့်ပြုလိုက်တာလို့ ပြောပါတယ်။"သားရဲ့ အဖေ တစ်ယောက်အနေနဲ့ရော ပရိသတ် တစ်ယောက်အနေနဲ့ပါ သူဒဏ်ရာရနေတာကိုမလိုလားဘူး။

သူက တစ်မိသားစုလုံးကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ကလေးပါ။ ကျွန်တော့် ဇနီးက
ဒီလိုမျိုးလုပ်ချင်လို့ တိုင်ပင်လာတော့လည်း ခွင့်ပြုရတာပေါ့"လို့ အသက် ၆၇ နှစ်အရွယ် အငြိမ်းစား
ဝန်ထမ်း ဦးအောင်ကြည်က ဆိုပါတယ်။အားလုံးထက်ပိုပြီး ကြည်လင်းကတော့ သူ ဒဏ်ရာရခဲ့တာကြောင့် သူ့ရဲ့ ပရိသတ်တွေကိုစိတ်အနှောင့်အယှက်ပေးမိသလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော့် ပရိသတ်တွေကိုတော့ ကျွန်တော့်အနေနဲ့ ဘောလုံးထိခွင့် မရသေးလို့ စိတ်မကောင်း
ဖြစ်မိပါတယ်"လို့ ဆိုပါတယ်။

မိသားစုတွေရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့်ပဲလား၊ တိုက်ဆိုင်မှုပဲလား၊ နတ်မစမှုကြောင့်ပဲလားတော့
ဘယ်သူမှ အတိအကျမဆိုနိုင်ပေမယ့် နတ်ကနားပွဲအပြီးမှာ ကြည်လင်းအတွက် ဂုဏ်ယူရမယ့်
ဆု တစ်ဆုဖြစ်တဲ့ Weekly Eleven မီဒီယာကနေ ချီးမြှင့်တဲ့ အကောင်းဆုံး ပြည်တွင်း
အားကစားသမားဆုကို မတ်လ ၄ ရက်နေ့ က လက်ခံရရှိခဲ့ပါတယ်။
"ဆုရတယ်ဆိုတာ နတ်ပွဲမလုပ်ခင်ကတည်းက အကြောင်းကြားထားလို့ ကြိုသိနေတာပါ"လို့
ကြည်လင်းရဲ့ ဖခင်ဖြစ်သူက မတ်လ ၁၀ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

နန္ဒာအောင်
မြန်မာတိုင်း(မ်)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB