Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကယားပြည်နယ်တွင် လူနာတင်ကားတစ်စီးသာရှိ၍ အရေးပေါ်အခြေအနေ များတွင် အခက်အခဲဖြစ်နေ

ကယားပြည်နယ်တွင် ဆေးရုံကြီးကိုးခုရှိသော်လည်း အရေးပေါ်လူနာတင်ကားတစ်စီးသာရှိနေရာ အရေးပေါ် အခြေအနေများတွင် ဆေးရုံတင်နိုင်ရန်အခက်အခဲဖြစ်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ကယားပြည်နယ်၏မြို့နယ်များဖြစ်သော လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ ရွာသစ်၊ ဘော်လခဲ၊ မော်ချီး၊ ဖားဆောင်း၊ မယ်စဲအစရှိသည့်မြို့နယ်များတွင် ဆေးရုံကြီးများရှိသော်လည်း အရေးပေါ်လူနာတင်ကားမှာ လွိုင်ကော်ဆေးရုံကြီး တစ်ခုတွင်သာရှိကြောင်း သိရသည်။

''တော်ရုံနေမကောင်းဖြစ်တာမျိုးက ဘာမှမဖြစ်ပေမယ့် အရေးပေါ်အခြေအနေဆို ဆေးရုံကြီးကိုပို့ဖို့ ရွာမှာကားက မရှိ အရေးပေါ်လူနာတင်ကားမရှိတော့ တော်တော်ဒုက္ခရောက်ရတယ်။ ရွာဆေးခန်းတွေမှာက နေမကောင်းဖြစ်ရင်တောင် ဆေးမစုံတာနဲ့ ဆေးမှူးမရှိဖြစ်နေတာ''ဟု ဘော်လခဲမြို့နယ်တွင်နေထိုင်သူ ဦးဖြိုးက ပြောသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ် ပါက ဆေးရုံပို့ရန်ကားမရှိ၍ ဆိုင်ကယ်ဖြင့်ပို့ဆောင်နေကြရကြောင်း ¤င်းက ဆက်ပြောသည်။

မြို့ပေါ်တွင်နေထိုင်သူများအနေဖြင့် အခက်အခဲမရှိသော်လည်း ကျေးရွာများတွင် နေထိုင်သူများအနေဖြင့် လမ်းခရီး ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းသည်လည်း အခက်အခဲတစ်ခုဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

''အရေးပေါ်ဆေးရုံတင်ကားမလုံလောက်တာတော့ အမှန်ပဲ။ ထပ်ချပေးမယ်ဆိုရင် ပိုအဆင်ပြေသွားမယ်''ဟု ကယား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအရေးပေါ်တင်ကားလိုအပ်နေမှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန် လည်ဖြေကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် ကယားပြည်နယ်အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော ကရင်နီလူငယ်များသမဂ္ဂအနေဖြင့် လည်း ဆေးရုံ၊ ဆေးခန်းများနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ပြည်နယ်အစိုးရသို့ တင်ပြထားကြောင်း သိရသည်။

''ကျွန်တော်တို့အဖွဲ့အနေနဲ့ အရေးပေါ်ကားမှမဟုတ်ပါဘူး။ ဆေးရုံတွေမှာ ဆရာဝန်မလုံလောက်တာတွေ၊ ဆေးဝါး နဲ့ ဆေးရုံအသုံးစရိတ်ဈေးကြီးတာတွေ၊ ကျေးလက်ဆေးခန်းတွေမှာလဲ ဆေးဝါးနဲ့ဆရာဝန်လိုအပ်ချက်တွေရှိနေတာကို ဆောင် ရွက်ပေးဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပါတယ်''ဟု ကရင်နီလူငယ်များသမဂ္ဂအဖွဲ့မှ ကိုဥတ္တရာအောင်က ပြောသည်။

The Flower News Journal Vol-10 , No.11

Yangon Media Group

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB