စိုးပြည့်သဇင်က ‘ဒေါနကို ပြော ပြချင်တယ်’
ဆိုတဲ့ ဇာတ်ကားကို မြဝတီမှာ သွားရောက်ရိုက်ကူးနေပါတယ်။ နယ်
တွေမှာရှိုးပွဲတွေလည်းဆိုနေရင်း ဒုတိယ စီးရီးခွေအတွက် လည်း စီစဉ်နေတာ
ကြောင့် ဂီတ ဘက်ပိုလုပ်ဖြစ်နေတယ် လို့လည်း ပြောပြပါတယ်။ကားရိုက် တွေ
စီစဉ်ရိုက်ကူးမှုကိုတော့ “စိုးပြည့် ဇာတ်ကားတွေဘက် ရော၊ အဆို ဘက်ရော
နှစ်ခုလုံး ကို အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်မှာပါ။ ဇာတ်ကား တွေဘက်မှာ
အခုဒုတိယ စီးရီးခွေအတွက် စီစဉ် နေရတော့ကားရိုက်ဘက်ထက် သီချင်းကို နည်း
နည်းပိုအားစိုက်ဖြစ်နေတာပါ။ ကားရိုက်တွေ ဆက်တိုက်လုပ်သွားမှာပါ။ ဇာတ်ကားများများ များသောအားဖြင့် ဒရာမာနဲ့ ဟာသနှစ်မျိုး ရှိ တာ။ စိုးပြည့်က ဒရာမာကို ပိုအား သန်ပေမယ့် ဟာသကားလေးတွေလည်း ရိုက်ဖြစ်ပါတယ်။ တစ်မျိုးတည်းတော့ မရိုက်ဖြစ်ပါဘူး။ ပရိသတ်က ဒရာမာနဲ့ ပို လိုက်တယ်လို့ ပြောပေမယ့် ဇာတ်ရုပ်မျိုးစုံကို လုပ်နိုင်တဲ့ သရုပ်ဆောင် တစ် ယောက်ဖြစ်ချင်ပါတယ်” လို့ ပြောပြပါတယ်။

ဝါသနာပါတဲ့ အနုပညာလမ်းကို လျှောက်လှမ်းခွင့်ရသလို မိဘကိုလည်း
လုပ်ကျွေးခွင့်ရတဲ့အတွက် ကိုယ်လျှောက်တဲ့နေရာကို ရောင့်ရဲကျေနပ်တယ်
လို့ပြောပြတဲ့ စိုးပြည့် သဇင်က..
“စိုးပြည့်ကတော့ သရုပ် ဆောင်ရော၊ ဂီတအဆိုဘက်ရော နှစ်ခုလုံးဝါသနာ ပါတဲ့အတွက်
အနု ပညာလမ်းကြောင်းပေါ်လျှောက် လှမ်းခဲ့တာ။ အဲဒီအတွက် ပရိသတ် အားပေးနေသမျှ
ကံစမ်း၊ ဥာဏ်စွမ်း ရှိသလောက်တော့ တတ်နိုင်သ လောက် ကြိုးစားသွားမှာပါ။
အခုကိုယ်ရောက်နေတဲ့နေရာကိုလည်း စိုးပြည့် ရောင့်ရဲပါတယ်။ ပရိ သတ်တွေ
လက်ခံအားပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ စိုးပြည့် အနုပညာလောကထဲကို
ဝင်ရောက်ခဲ့တာက ဝါသနာပါတဲ့ အလုပ် တစ်ခုကို လုပ်ခွင့်ရတယ်။ ကံတရားက
လည်းပရိသတ်ချစ်တဲ့ အနုပညာရှင်ဖြစ် စေခဲ့တယ်။ မိဘကိုလည်း
လုပ်ကျွေးခွင့်ရတယ်။ ကျေနပ်မိပါတယ်” လို့ ပြော ပြခဲ့ပါတယ်။
မေမွန်မောင်popularmyanmar
No comments:
Post a Comment