မြတ်ကေသီအောင်က ဖေဖော်ဝါရီလ ၁၈ရက်နေ့
မှာကျရောက်တဲ့မွေးနေ့ကိုပုလဲမြို့သစ် မြရတနာ ကျောင်းတိုက်
မှာသံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ ၄၂ နှစ်ပြည့်
မွေးနေ့ဖြစ်ပြီး မွေးနေ့မနက်မှာ အဖေနဲ့အမေကို အရင်ဆုံး သတိရမိတယ်လို့
ပြောပြပါတယ်။ မွေးနေ့ အမှတ်တရနဲ့ပတ် သက်ပြီး မြတ်ကေသီအောင်က “မွေးနေ့ကို
အစ်မတို့ကိုး ကွယ်တဲ့ ဘုန်းကြီးကျောင်းက သံဃာတော်တွေကိုနေ့ဆွမ်း
ကပ်တယ်။နောက်အလှူအနေနဲ့ ကြေးဆင်းတုတော်တစ်ဆူ နဲ့ပလ္လင်တစ်ခုကို လှူခဲ့
တယ်။ဆင်းတုတော်နဲ့ပလ္လင်က အစ်မ အစကတည်းက လှူဖို့ရည်
ရွယ်ထားတာ။မွေးနေ့မှာအမှတ်တရဖြစ်အောင်အဖေနဲ့အမေနာမည်ကို
ကမ္ပည်းထိုးပြီးလှူခဲ့တယ်။မွေးနေ့ အတွက်ဒီလိုလှူနိုင်တာကလည်း
ပရိသတ်တွေကြောင့်ပါပဲ။အစ်မကိုအခုချိန်ထိလက်ခံအားပေးတဲ့အတွက်ကြောင့်ပေါ့။
အစ်မရဲ့အလှူ
အတွက်လည်းပရိသတ်တွေကို မျှဝေပါတယ်။ ဒီနှစ်မွေးနေ့က အစ်မ
အတွက်အမှတ်တရဆုံးပါပဲ။မွေးနေ့မနက်ရောက်တိုင်းအဖေနဲ့အမေ
ကိုအရင်ဆုံးကန်တော့လေ့ရှိခဲ့တာ။ဒီနှစ်တော့ အဖေနဲ့အမေမ ရှိတော့ ဘူး။
နှစ်ယောက်စလုံးနဲ့ခွဲရတဲ့နှစ်ပေါ့” လို့ပြောပြပါတယ်။မေမွန်မောင်
.popularmyanmar
No comments:
Post a Comment