Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပျော်မွေ့တတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သူ ညိုမင်းလွင်ဖန်တီးတဲ့ ဓါတ်ရှင်ရိုက်သူများ

ထူးခြားဆန်းပြားမှုတွေနဲ့ ပရိသတ်တွေ တော်တော်များများ တွေ့မြင်လက်ခံလာတဲ့ ဒါရိုက်တာတစ်ယောက်က ညိုမင်းလွင်။လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပရိသတ်အပေါ် အပေးအယူတည့်အောင် ဇာတ်ကားတိုင်းမှာ ဖန်တီးပြသလေ့ရှိတဲ့ ညိုမင်းလွင်။ ရိုက်သမျှ ဇာတ်ကားတိုင်းကို ကြည့်ရတဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားရတဲ့အတွက် ခုသူကိုယ်တိုင်ဖန်တီးတင်ပြတော့မဲ့ ဓါတ်ရှင်ရိုက်သူများ ဇာတ်ကားရိုက်ကွင်းပေါ်က သူ့ရင်ခုန်သံကိုမသိမသာ မေးမြန်းကြည့်မိတဲ့အခါ ‘မျက်လှည့်ပွဲတစ်ပွဲလိုပါပဲ။ စင်နောက်ဖက်ကို ထွက်လာပြီးမှ ရုံရှေ့ထွက်ကြည့်လို့ရှိရင် အရသာရှိမှာမဟုတ်ဘူး။ အဲဒါကြောင့်ကျွန်တော်က ပရိသတ်ကို အံ့သြမှုလေး တစ်ခုပေးချင်တာပါ။ အံ့သြမှုဆိုတာက ၂ခါပြန်မရဘူး။
တစ်ခါအံ့သြပြီးရင် နောက်တစ်ခါ ထပ်မအံ့သြတော့ဘူး။ အဲဒီအတွက် အံ့သြစေချင်တဲ့ ရည်ရွယ်ချက်တစ်ခု၊ ပရိသတ်ကို အံ့သြစရာလေးတစ်ခုပေးချင်လို့ဇာတ်ဝင်ခန်းဓာတ်ပုံတွေကို စာချုပ်စာတမ်းနဲ့တစ်ကွ၊ ဓာတ်ပုံရိုက်ပြီးပုံတင်ခြင်းတွေ၊ ရုပ်သေ ရုပ်ရှင်ဘာနဲ့မှရိုက်လို့မရဘူး။ တစ်ခါတည်း စာချုပ်ချုပ်ထားပါတယ်။ လုပ်ထားရတာက ခုရိုက်တာက ဗီဒီယိုမဟုတ်ဘူး။ ပြီးတော့နောက်ထပ်၃၊ ၄လအတွင်းပရိသတ်ဆီ ရောက်နိုင်တယ်။ ရုပ်ရှင်ကားကြီးကကျတော့ ရုံတင်ရက်က စောင့်ရတယ်။ အဲဒီအချိန်အတွင်းမှာ ဘယ်သူ့ဆီကမှ မပေါက်ကြားစေချင်လို့ပါ။ ဒီဇာတ်ကားကြီးကို အပြည့်အ၀ယုံကြည်ပါတယ်။ ကျွန်တော့်ပရိသတ်နဲ့ စိုင်းစိုင်းပရိသတ်တွေ တစ်သားတည်းဖြစ်စေမဲ့ ဇာတ်ကားလို့ကျွန်တော်ယုံကြည်ပါတယ်။
ခုတကယ်ဆိုရင်ဒီနေ့မှာ ကျွန်တော်ဖျားနေပါတယ်။ ဒါပေမဲ့ရှုတင်ကို မဖြတ်ဘူးဆိုတဲ့စိတ်နဲ့လာရိုက်နေတာပါ။ ကျွန်တော်ဇာတ်ညွှန်း၊ ဇာတ်ဝင်ပစ္စည်းတွေအကုန်လုံးက စိတ်ထဲမှာ ဒါလောက်ဖွက်စရာလားလို့ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ဒီထက်ဖွက်စရာတွေ ရှိနေပါသေးတယ်။ ဇာတ်လမ်းကလဲ ထူးထူးခြားခြားတစ်ခုဖြစ်မှာပါ။ ကျွန်တော်က အနုပညာလောဘကြီးတယ်။ လောဘကအဆုံးသတ်လို့မရပါဘူး။ ပရိသတ်ဆီကို မရောက်မချင်း ဇာတ်ကားတိုင်းမှာ လောဘကကြီးလို့ရနိုင်သရွေ့ ကြီးနေဦးမှာပါပဲ။ ဇာတ်လမ်းတင်တုန်းက တော့ ဆင်ဆာကနဲနဲ ပြင်ခိုင်းထားတာရှိတယ်။ ဒါပေမဲ့ဇာတ်လမ်းထိခိုက်အောင်တော့မဟုတ်ပါဘူး။ လုံးဝကြီးရုံတင်တဲ့အထိ ဖွက်ထားမှာမဟုတ်ပါဘူး။ ကြားထဲမှာ နည်းနည်းချင်းစီထုတ်ပြသွားမှာပါ။ အဓိက ကျတဲ့ အစိတ်အပိုင်းကတော့ ရုံမှာပဲကြည့်ရမှာပေါ့။ သူတို့မျှော်လင့်တဲ့အတိုင်း ဒီဇာတ်ကားကြီးက ထူးခြားအံ့သြဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။ ကျွန်တော်ကိုယ်တိုင်က ဖွက်ရတာကိုသဘောကျသလို၊ သူများဖွက်ထားတာကို ရှာဖွေရတာလဲ သဘောကျတယ်။ အဲတော့ ကိုယ်ကိုတိုင်သဘောကျသလို ကိုယ့်လိုပဲသဘောကျတဲ့ ပရိသတ်လဲရှိမှာပဲဆိုတဲ့စိတ်နဲ့ ရိုက်ဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားကြီးက ကျွန်တော့်အနုပညာသက်တမ်း၁၄  နှစ်မှာရိုက်ခဲ့တဲ့ကားလေးပါ။ ဒီဇာတ်ကို ရိုက်ဖို့ပြင်ဆင်တာက ၆လကြာတယ်။ ဇာတ်ရထားတာကတော့၂နှစ်ကျော်သွားပါပြီ။ ဒီဇာတ်မှာပါဝင်တဲ့ စိုင်းစိုင်းအပေါ်ယုံကြည်မှုက စိုင်းစိုင်းခမ်းလှိုင်က ချာလီဖြစ်ပါတယ်’လို့သူက ပြောပြပေးခဲ့ပါတယ်။

May Thaw  /Trend Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB