ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ပြည်ထဲရေးနှင့်သာသနာရေးဌာနက
ကြီးမှူးဖွင့်လှစ်တဲ့ ဥပဒေနှင့်မှုခင်းစုံစမ်းစစ်ဆေးရေးသင်တန်းဆင်းပွဲကို
သောကြာနေ့က ဘားအံခရိုင်လေးဝါးစခန်းမှာပြုလုပ်ခဲ့ပါတယ်။
ဒီလ ၁၀ ရက်နေ့ကစတင်တဲ့သင်တန်းကို KNU လက်အောက်ခံခရိုင် ၇ ခုက ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)က အရာရှိ (၈၀) တက်ရောက်သင်ကြားခဲ့ကြပါတယ်။
သင်တန်းရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်တယ်လို့ KNU ပြည်ထဲရေး နှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောပါတယ်။
ဒီရက်တိုသင်တန်းကို KNU တရားရေးဌာနက နည်းပြတွေနဲ့ နိုင်ငံတကာက နည်းပြအချို့က လာရောက်ပို့ချခဲ့တာဖြစ်ပါတယ်။
ဒီသင်တန်းတွေကို KNU လက်အောက်ခံ-ခရိုင်အသီးသီးမှာလည်း
မကြာမီဖွင့်လှစ်သွားမှာဖြစ်တယ်လို့ KNU
ဗဟိုတရားသူကြီး(၁)ဖြစ်တဲ့-ပဒိုနော်မြိုင်ဖိုးကပြောပါတယ်။
သင်တန်းဆင်းပွဲကို- KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းအပါအ၀င်-အရပ်ဖက်စစ်ဖက်ကခေါင်းဆောင်တွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
သင်တန်းလာတက်တဲ့ ညောင်လေးပင်ခရိုင်က ခရိုင်ရဲမှူးစောစိန်မြက
"ဘယ်အရပ်ဒေသမှာဘဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးမှုမရှိရင် အခြေအနေတွေက
ဖြစ်ချင်သလိုဖြစ်နေတာဘဲ-မြန်မာနိုင်ငံမှာဆိုရင်-
တရားဥပဒေစိုးမိုးမှုမရှိသေးဘူး- ဒါကြောင့်ကရင်အမျိုးသားတွေကို
ကာကွယ်ဘို့-တရားဥပဒေ
စိုးမိုးမှုရှိဘို့-(KNPF)ရဲ့ အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်တယ်" ဆိုပြီး သဘောထားပေးပါတယ်။
ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ၁၉၉၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအရ ရဲချုပ်အပါအ၀င် တပ်ဖွဲ့ဝင်အင်အား (၁,၆၃၂)ဦး ရှိပါတယ်။
လက်ရှိရဲချုပ်က-စောလယ့်ဝေါ်ဖြစ်ပြီး-ခရိုင်ရဲမှူးတွေကတော့
-စောအိုက်ဇက်(ဘားအံ) စောဆာ့ဘောနော်(သထုံ) စောခရစ်မူးစေး(တောင်ငူ)
စောစိန်မြ(ညောင်လေးပင်) စောအဲ့ကော်ဂေ(ဖာပွန်) စောတီးတု(ဒူးပလာယာ)
စောကြီးနို(မြိတ်/ထားဝယ်) တို့ဖြစ်ကြပါတယ်။
-
ဓာတ်ပုံ နှင့် သတင်း မန်းမျိုးမြင့်(မီဒီယာ)
Irrawaddy
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Subscribe to:
Post Comments (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |
No comments:
Post a Comment