Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

နိုင်ငံသားကိုသာ ပါတီထူထောင်ခွင့်ပြုရန် ဥပဒေပြင်

ယာယီသက်သေခံနိုင်ငံသားလက်မှတ် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပါတီထောင်ခွင့် မပြုဘဲ နိုင်ငံသားတွေကိုပဲ ပါတီထူထောင်ခွင့်ပြုဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်တင်ပြခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂/၂၀၁၀)ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက တင်ပြခဲ့တဲ့ထဲ ပြင်ဆင်ချက်တင်ခဲ့တာ ဖြစ်ပါတယ်။ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို ကော်မတီဝင် မကွေးတိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီဥပဒေကြမ်းကော်မတီကတော့ အခန်း ၂ ပုဒ်မ ၄ မှာ နိုင်ငံသားဖြစ်ခြင်းဆိုတဲ့ စကားရပ်မှာ ပြင်ဆင်အစားထိုးဖို့ သဘောတူသင့်တယ်ဆိုပြီး၊ ဒီဥပဒေမှာ နိုင်ငံသားတွေသာလျှင် နိုင်ငံရေးပါတီ ထူထောင်ခွင့်ပြုမယ်ဆိုတဲ့ စကားရပ်ကို လက်ခံသင့်တယ်လို့ အကြံပြုလိုက်တယ်။ နောက်တခုက ပါတီထူထောင်လိုသူတွေရဲ့ စာရင်းထဲမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဒါမှမဟုတ်ရင် အမျိုးသားမှတ်ပုံတင်လက်မှတ် တင်ပြရမယ်ဆိုတာ ဥပဒေကြမ်းကော်မတီက အကြံပြုတယ်” လို့ ပြောပါတယ်။
မူလဥပဒေထဲမှာ ယာယီသက်သေခံနိုင်ငံသားလက်မှတ် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပါတီထောင်ခွင့် ပေးထားတာမို့ ပြင်ဖို့ လုပ်ကြတာလို့ ပြောပါတယ်။
ဥပဒေပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ထောက်ခံဆွေးနွေးခဲ့တဲ့ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးကလည်း ဒီအချက်ပြင်သင့်တယ်လို့ ပြောပါတယ်။

အစိုးရ ဦးဆောင်ဖွဲ့စည်းထားသော MPC ကို အယုံအကြည်မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား


(NCCT မှခေါင်းဆောင်များနှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှခေါင်းဆောင်များ ရန်ကုန်မြို့၌ မတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်))

Eleven Media Group
အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံအကြည် မရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့တို့က ပြောကြားသည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ NBF ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး NBF ခေါင်းဆောင်အချို့အား MPC တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု

ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
ပဲခူးတိုင်းဒေသကြီး အစိုးရက ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းမှာ ဆက်လက်နေထိုင်ခွင့် မပြုတော့တာကြောင့် ဒီကေဘီအေတပ်ဖွဲ့က ရွာသားတွေဆန္ဒရှိရင် သူတို့နယ်မှာ နေရာချ ထားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် ဒီကေဘီအေဒေသကို လာရောက်လေ့လာ တာဖြစ်ကြောင်း ဆရာတော် ဦးအဂ္ဂဓမ္မက အခုလို မိန့်ကြားပါတယ်။
"အခက်အခဲ ကြုံလာပါတယ်ဆို ပဲခူးတိုင်းက လက်မခံတော့ဘူး၊ ပဲခူးတိုင်းက ဦးဇင်းဆီကို ၈ ရက်နေ့က ရောက်လာတယ်၊ ဘယ်လိုပြောလဲ ဆိုတော့ ကျောင်းသားတွေရှိလို့ သူတို့ဒီလောက်ထိ လက်ခံပေးတာ အခုဟာ လက်ခံလို့မရတော့ဘူး၊ ၉ ရက်နေ့ကနေစပြီးတော့ အကုန်ပြောင်းပေါ့

နာကျင်မှုကြောင့် ခွဲစိတ်လိုက်တာပါ ဆိုတဲ့ ဇင်ဝိုင်း

ခွဲစိတ်ဖို့ လုပ်ထားတာ ကြာပါပြီ။ ဒါပေမဲ့ မခွဲစိတ်ချင်တာနဲ့ အချိန်ဆွဲထား တယ်။ ခုတော်တော် နာကျင်လာလို့ ခွဲ စိတ်လိုက်တာပါ” ဟု ဇင်ဝိုင်းကပြော သည်။
”ခွဲစိတ်ထား တဲ့နေရာမှာ အဆစ် နှစ်ခုက ပြားပြီး တစ်ခုက ကျွံထွက်နေ တာကို ပြန်လုပ်တာ အခု အရမ်းနာကျင် ပါတယ်” ဟု ဇင်ဝိုင်းက ပြောသည်။
ဇင်ဝိုင်းက ၈၈ အရေးအခင်း စစ်ကြောရေး တွင် ခါးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ရန် ဘန်ကောက်ကို အခါခါသွား သော်လည်း မခွဲစိတ်ဖြစ်ဘဲ ၂ဝ၁၄ ခုနှစ် မှသာ ခွဲစိတ်ကြောင်း သိရသည်။
 ”နာကျင်တဲ့ဝေဒနာကို ဘယ်လိုမှ မခံစားနိုင်တော့လို့ ဘန်ကောက်မြို့ ဝေ့ ဌာနီဆေးရုံမှာ ခွဲစိတ်လိုက်တာပါ” ဟု ၄င်းကဆက်ပြောသည်။
မတ် ၁ ရက်နေ့မှာ ခွဲစိတ်မှု ပြု လုပ်ပြီး ခါးရိုး အဆစ်နေရာ ဖြစ်သည့် အတွက် လေးနာရီကြာ ခွဲစိတ်ရကြောင်း ၄င်းထံမှ သိရသည်။
”သက်သာလာပါတယ်။ ၄ ရက် နေ့မှာ ဆေးရုံက ဆင်းရပြီး တစ်ပတ်ကြာ ရင် ချုပ်ရိုးတွေ ဘာတွေ ပြန်ပြပြီး ဓာတ် မှန် ရိုက်ပြီး အခြေအနေကို အတိအကျ သိရမယ်” ဟု ၄င်းက ဆက်ပြောသည်။
ဇင်ဝိုင်းသည် အနုပညာလောက မှာ သင်္ကြန်မိုး ဇာတ်ကားနဲ့ နာမည်ရလာ သူ တစ်ဦးဖြစ်သည်။

popularmyanmar

ကား မတော်တဆမှုကြောင့် အလုပ် မလုပ်နိုင်သေးတဲ့ လင်းဇာနည်ဇော်



ယာဉ်တိုက်မှုကြောင့် အလုပ် မလုပ်နိုင်သေး၍ လက်ခံ ထားသည့် အလုပ်အတွက် စရန်ငွေများကို ပြန်အမ်းထား ကြောင်း လင်းဇာနည်ဇော် က ပြောသည်။
 ”ကိုယ်က မလုပ်နိုင်သေးဘူး။ တစ်ဖက် အလုပ်ရှင်ကိုလည်း အားနာတယ်လေ”ဟု လင်းဇာနည်ဇော်က ပြောသည်။
လင်းဇာနည်ဇော်သည် ဇန်နဝါရီ ၂ဝ ရက်နေ့က ယာဉ် တိုက်မှုဖြစ်ခဲ့ပြီး ခါး၊ ဇက် နှင့် လက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ရာ ယခုအခါ ပြန်လည် သက်သာစပြု လာကြောင်း ၄င်းက ပြောသည်။
”ခါးကတော့ နည်းနည်း နားရဦးမယ်။ ဇက်ကတော့ တော်တော် သက်သာလာပါပြီ။ လက်ဆိုလည်း လှုပ်လို့ရပြီ။ အားလုံး ပုံမှန်အတိုင်း ပြန် မဖြစ်သေးပေမယ့် နောက် တစ်လ နှစ်လလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB