Yangon Police
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ
၂၀.၂.၂၀၁၄ရက်နေ့ ၁၆၄၀အချိန် သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း သာကေတဘက်မှ သန်လျင် ဘက်သို့ ယာဉ်မောင်း စိုးရန်နောင်(ဘ)ဦးလှညွန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)ြ မို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-----တိုယိုတာပရာဒို ခဲရောင်ယာဉ်သည် မြင်တော်သာလမ်းထိပ် ဂိတ်ဟောင်းမှတ်တိုင် အနီး အရောက် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ်
ကိုငယ်လေးချို (ဘ)ဦးသိန်းမောင်၊ သာကေတမြို့နယ်နေ သူ စီးနင်းလာသော
ဆိုက္ကားနှင့် ကိုကြည်ဝင်း (ဘ)ဦးအေးလွင် သာကေတမြို့နယ်နေသူ စီးနင်းလာသော
စက်ဘီးတို့အားတိုက်မိခဲ့ပါသ ည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကိုငယ်လေးချိုနှင့်
ဆိုက္ကားပေါ်ပါ ဒေါ်ရီရီထွန်း၊ ဒေါပုံမြို့နယ်နေသူ တို့တွင် ဒဏ်ရာများရရှိကာ
အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးဆိုက္ကားပေ
ါ်ပါ မနွေးယွန်းဖြူ (ဒေါ်ရီရီထွန်း၏ သမီး)နှင့် စက်ဘီးစီးနင်းလာသူ ကိုကြည်ဝင်းတို့တွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီး တွင် အတွင်းလူနာ (မစိုးရိမ်ရ)များ အဖြစ်
ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင် အား
သာကေတမြို့မရဲစခန်းယာဉ်(ပ) ၁၀/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့်
အမှုဖွင့်အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။
ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် ကျောက်တင်ကား တိမ်းမှောက်
ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီး နာရီစင်အနီးတွင် တန်လေးထောင်
ဘိလပ်မြေစက်ရုံ သို့ ဂေါဒန်တင်ပို့နေသော တန်ပိုတင် ကျောက်တင်ယာဉ်တစ်စီး
တိမ်းမှောက်မှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။
အမှုဖြစ်စဉ်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ဘက်မှ ဘားအံတန်လေးထောင်
ဘိလပ်မြေစက်ရုံ သို့ ဂေါ ဒန်ကျောက် များ သယ်ယူပို့ဆောင်ရေး
ဆောင်ရွက်လျက်ရှိသော ယာဉ်အမှတ် ၉ခ/ ----
နီဆန်း ယူဒီ ၁၀ ဘီး ကျောက်တင်ယာဉ်သည် ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင်
အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ
နာရီစင်အနီးညအိပ် ရပ်နားထားသော မော်တော်ယာဉ်နှစ်စီး ကို ကျောက် တုံးကြီးများ
လွင့်စဉ် ထိမှန်ပိပြားခဲ့ပြီး ညအိပ်ယာဉ်ငယ် ၉င/--- GAIA ပေါ်တွင်
အိပ်စက်နေသော ကော့ ကရိတ်မြို့နယ် သင်္ဃန်းညီနောင်နေ ကိုကျော်မှာ ညာခြေကျင်းဝတ်
ကျိုးကြေဒဏ်ရာနှင့် YGN 5E-...... GAIA အမျိုးအစား (ဆလွန်း)
ယာဉ်ပေါ်အိပ်စက်နေသော ကိုယ်ဝန်ခုနစ်လရှိ မခိုင်မာဝင်းမှာ ကျောက်တုံး ထိမှန်
ဒဏ်ရာရရှိခဲ့ကာ ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း
သိရသည်။
ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး
ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး
မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ
(၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန်
ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့်
ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့် ဒဏ်ရာများ ရရှိခဲ့သော ယာဉ်ထိန်း
ရဲတပ်ကြပ်ကြီးသောင်းဒန်၊ ကိုယ်ပိုင် အမှတ် -လ/၁၉၇၇၅၄ က ဗီဒီယို သရုပ်ဆောင်
နေသူရိန်ကို အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မြန်မာသံတော်ဆင့်
သတင်းဌာနသို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က လာရောက် ပြောကြားသည်။
ကျွန်တော် တပ်ကြပ်ကြီး သောင်းဒန် ကိုယ်ပိုင်အမှတ်-လ/ ၁၉၇၇၅၄ မှ ရင်ဖွင့်လိုက်ပါသည်။ ဖြစ်စဉ်က ဒီလိုပါ ကျွန်တော် တာဝန်ကျနေသည့် ကန်တော်ကြီးပတ်လမ်း မီးပွိုင့်တွင် ၉-၂-၂၀၁၄ (၁၁း၃၀) နာရီအချိန်ခန့် မီးပွိုင့်ပြင်တဲ့အဖွဲ့ မီးပြန်ချိန်ရန် ပြုပြင်နေစဉ် မီးပွိုင့်မီးဖြတ် လိုက်တယ်။ တာဝန်အရ ကျွန်တော် ကားတွေကို ထိန်းရတယ်၊ လက်ထွက်ပြရတယ်၊ အဲဒီမှာ ၇ဃ/၇၇၇၄ ကားက ဖရီးကြောက တည့်ထွက်လာတယ်၊ ထွက်လာတဲ့ကားကို လက်ပြပြီး တားထားတယ်၊ ဒီကားကမရပ်ဘူး။

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့်
သင်္ကန်းဝတ်ထားသူတစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉
ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေးဆောင်ရွက်နေသည့် သင်္ဃန်းကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။
အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်
အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ
ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင်
ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏
အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့်
တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ
သိရှိရသည်။
အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ဒုတိယနှစ် ကျောင်းသူကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ လူငယ် တစ်ဦးက မိဘများ သဘောမတူဘဲ ခိုးယူ ပေါင်းသင်းခဲ့သောကြောင့် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်လျက် ရှိရာ ခိုးယူ ပေါင်းသင်းချိန်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ကျောင်းသူကို ထပ်မံ ခိုးယူကာ ထိမ်းမြားခဲ့ပြီးနောက် ဓာတ်ပုံများ ဆက်လက် ဖော်ပြနေသောကြောင့် ကောလိပ် ကျောင်းသူ၏ အုပ်ထိန်းသူ မိဘများက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |