ရန်ကုန်၊ မဇ္ဈိမ ။ ။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၇
နှစ်ရွယ် အမျိုးသမီးတစ်ဦးကို စက်ရုံအလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ပြီး
တိုက်ခန်းတစ်ခုတွင် ပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ
နှစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှုဖွင့်
ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈)ရပ်ကွက်၊ ကျူးကျော်တဲတစ်ခုတွင်
နေထိုင်သည့် အသက် ၄ဝ နှစ်ရှိ မိန်းကလေး၏ မိခင်ဖြစ်သူက အမှုဖွင့်
တိုင်တန်းထားခြင်းဖြစ်သည်။ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
အမှုမှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အသက် (၁၇)နှစ်ရှိ သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်သွားပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် နံနက် ၁ဝ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက် ရှိလာသည်ဟု ဆိုထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်က သူမကို တစ်ရပ်ကွက်တည်းနေ မသဲသဲ (၂ဝ)နှစ်က အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်၊ လစာကောင်း မည်၊ အတူတူအလုပ်လုပ်ရန် စည်းရုံးပြောဆိုသဖြင့် ဗိုလ်တစ်ထောင်ဘုရားသို့ လိုက်သွား ခဲ့သည်ကို သမီးဖြစ်သူက ပြန်လည်
ပြောပြထားသည်ဟု မိခင်ဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။




