Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

စကားပြောကောင်းခြင်းဟာ အတတ်ပညာတစ်မျိုးပါ

စကားပြောကောင်းခြင်းဟာ အတတ်ပညာတစ်မျိုးပါ
++++++++++++++++++++++++++++++++
မိမိဟာ စကားတစ်ခွန်းကို အောင်မြင်စွာ ပြောချင်ရင်၊ အရေးပါ အရာရောက်ချင်ရင် မိမိရောက်နေတဲ့ ဒေသရဲ့ ယဉ်ကျေးမှုကို အရင်ဆုံး
လေ့လာသင်ယူရမယ်၊ မိမိရောက်နေတဲ့ အသိုင်းဝိုင်းဟာ ဘယ်လို အသိုင်းဝိုင်းမျိုးလည်းဆိုတာ လေ့လာထားဖို့ လိုအပ်တယ်။ ဒါမှသာ ထိ
ထိရောက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကောင်းခြင်းဟာလည်း အတတ်ပညာတစ်မျိုးဖြစ်ပါတယ်။

ကိုယ်ဘာပြောချင်တယ်ဆိုတာထက် သူတို့ ဘယ်လိုစကားတွေ နှစ်သက်တတ်လည်းဆိုတာ သိအောင် အရင်လုပ်ရမှာဖြစ်တယ်။ ပရိတ်
သတ်က နှလုံးသားနဲ့  နားထောင်လာနိုင်ဖို့  အတွက် ပရိတ်သတ်ရဲ့ နှလုံးသားဆိုတာကို ရအောင် အရင်ဦးဆုံးယူနိုင်ဖို့ တော့ လိုပါလိမ့်
မယ်။ လူတစ်ယောက်ရဲ့ နှလုံးသားကို ရလိုက်ခြင်းဟာ ဒီလူရဲ့ ဘ၀ကို ရလိုက်ခြင်းတစ်မျိုးပါ။
စင်မြင့်ထက်မှာ စကားပြောတာပဲ ဖြစ်ဖြစ်၊ အပေါင်းသင်းမိတ်ဆွေကြားမှာ စကားပြောတာပဲ ဖြစ်ဖြစ် ပထမဆုံး နားထောင်ပေးတဲ့သူအား
လုံးကို ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့သင့်ပါဘူး။ ဟာသလေးတွေ ကြားညှပ် ပြောတတ်ဖို့ လည်းလိုပါတယ်။ သူတို့ ရဲ့ ဓလေ့စရိုက်၊ အမူ
အကျင့်လေးတွေက မိမိ နှစ်သက်မိတယ်ဆိုတာမျိုးကိုလည်း ပြောဖို့ လိုပါတယ်။ ဒီအခြေခံ သဘောတရားတွေတော့ သိနေရမှာပါ။
ကိုယ်ပြောတဲ့ စကားလေးတစ်ခွန်းဟာ လူတစ်ဖက်သားရဲ့ ဘ၀ သေဆုံးသွားနိုင်သလို၊ အောင်မြင်သွားတဲ့ထိလည်း ဘ၀ပြောင်းလဲ သွား
နိုင်တယ်ဆိုတာ တွေးထားသင့်ပါတယ်။ ဒါဟာ စကားမမှားနိုင်ဖို့ လည်း ဆင်ခြင်ရာရောက်ပါတယ်။ စကားတစ်ခွန်းကြောင့်လည်း မိမိရဲ့
ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်ပါသေးတယ်။ သတိထားဖို့ လိုပါတယ်။
အပြောအဆို ကျွမ်းကျင်လိမ္မာခြင်းဟာ အလိုဆန္ဒတစ်ဝက်ကို ပြီးမြောက်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်က စကားပြောတတ်ဖို့ 
သိပ်အရေးကြီးပါတယ်။ ယနေ့ ကမ္ဘာမှာ အောင်မြင်နေသူတွေဟာ အဟောအပြော ကောင်းသူများဖြစ်တယ်ဆိုတာကို လေ့လာတွေ့ ရှိ
နိုင်မှာပါ။ စကားပြောကောင်းတဲ့သူတိုင်းဟာလည်း စာဖတ်တဲ့ သူတွေဖြစ်ကြတယ်ဆိုတာပါ တွဲမှတ်ထားရမှာပါ။ ကျင့်ကြံ အားထုတ်နိုင်
ကြပါစေ။
 
 mr7cho.blogspot

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB