Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

နိုင်ငံခြားသူထံမှ လုယက်သွားသည့် ပစ္စည်းအချို့ ပြန်လည် ဖော်ထုတ်၍ ပိုင်ရှင်ထံ ပေးအပ်

မန္တလေးမြို့သို့ အလည်အပတ် ရောက်ရှိ လာသည့် ကမ္ဘာလှည့် ခရီးသည် Ms.Sarah Rulk Anvoner ၏ ပျောက်ဆုံး ပစ္စည်းများကို ပြစ်မှု ကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးပြီး ပိုင်ရှင်ထံ ပစ္စည်းများ ပြန်လည်ပေး အပ်မှုကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ချမ်းအေးသာစံ မြို့နယ် မြို့မရဲစခန်း တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၅ ရက်ည ၈ နာရီခွဲက အင်္ဂလန် နိုင်ငံသူ Ms.Sarah Rulk Anvoner နှင့် PP No. 507719479, Visa No. B470813 ပါ နိုင်ငံခြားသူ နှစ်ဦးသည် စက်ဘီး တစ်စီးစီဖြင့် စီးနင်း လာစဉ် Ms. Sarah Rulk Anvoner ၏ စက်ဘီး ရှေ့ခြင်းတွင် ထည့်ထားသည့် ကျောပိုးအိတ်ကို ဆိုင်ကယ်စီး အမျိုးသား တစ်ဦးက ဆွဲယူ ထွက်ပြေး သွားသဖြင့် အင်္ဂလန်နိုင်ငံသူ ၏ တိုင်ကြားချက် အရ မြို့မရဲစခန်း က (ပ)၁၉၈/ ၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၈၂အရ အမှုဖွင့် စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန် သူ မင်းသူအောင် (ဘ) ဦးကိုကိုကြီး ၂၇လမ်း၊ ၈၈-၈၉ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်နေသူ ကို ဖော်ထုတ် ဖမ်းဆီးရမိကာ ပစ္စည်းအချို့ ပြန်လည် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ပြန်လည် သိမ်းဆည်း ရမိခဲ့သည့် ပစ္စည်းများ ဖြစ်သော ရွှေရောင် iPhone 5 S တစ်လုံး၊ ပန်းရောင် iPod တစ်ခု၊ Sony Camera တစ်လုံး ၊ Sim Card တစ်ခု၊ အဖြူရောင် iPod ရော်ဘာ ကာဗာတစ်ခု တို့ကို ပိုင်ရှင် Ms.Sarah Rulk Anvoner ကို မိမိနိုင်ငံတွင်း ခရီးသွားစဉ် ပြန်လည် ဆက်သွယ် ခေါ်ယူ၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ချမ်းအေးသာစံ မြို့နယ် မြို့မရဲစခန်း မှ မြို့နယ် ရဲတပ်ဖွဲ့မှူး အုန်းခင်၊ စခန်းမှူး ကျော်သာဦး နှင့် ESifhTourist Police Force မှ တပ်ဖွဲ့စုမှူး ရဲမှူး မောင်မောင်အေး တို့က မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားရေးမှူး ညီညီဆွေ တို့ရှေ့တွင် ပိုင်ရှင်ထံ ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁၅၆)

The Myawady Daily




No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB