Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အေးရတနာစက်ရုံ မီးလောင်မှုတွင် ပျောက်ဆုံးနေသော အလုပ်သမားတစ်ဦးမှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲစခန်းက အတည်ပြု

                                           မတ် ၁၀ ရက် နံနက်ပိုင်းက အေးရတနာ(သံနန်းဆွဲ) စက်ရုံအား မီးလောင်ကျွမ်းမှုအပြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ- အောင်ကျော်ထက်)

 ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၃ ရပ်ကွက်၊ ရွှေတောင်ကြား (၅)လမ်း၊ အမှတ် ၁၀၉၀ ပိုင်ရှင် ဦး---၏ အေးရတနာ(သံနန်းဆွဲ) စက်ရုံတွင် မတ် ၁၀ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် မီးလောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးနေခဲ့သည့် အဆိုပါစက်ရုံမှ အလုပ်သမားဖြစ်သူ ရဲထွန်း(၂၀) နှစ်မှာ ယင်းနေ့ကတည်းက မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အတည်ပြုခဲ့သည်ဟု သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းဦးနှင့် အလုပ်သမားတစ်ဦးလည်း ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“ပျောက်ဆုံးနေတဲ့ အလုပ်သမားကို မတ် ၁၁ ရက် နံနက် ၁၁ နာရီလောက်မှာ ရှာတွေ့ခဲ့ပါတယ်။ သူက မီးလောင်ခံရပြီး သေဆုံးသွားတာပါ” ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၁၂ ရက် နေ့လယ်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။



အေးရတနာ (သံနန်းဆွဲ)စက်ရုံတွင် စက်ရုံအတွင်း သွယ်တန်းထားသော ၀ါယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်၍ အပူလွန်ကဲပြီး ပေါက်ပြဲပြုတ်ကျရာမှ အောက်ဖက်ရှိ လွှစာမှုန့်များသို့ မီးကူးစက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင်မှုကြောင့် စက်ရုံအဆောက်အအုံနှင့် အတွင်းပိုင်းပစ္စည်းများ မီးလောင်ခံရပြီး ကျပ် ၁၁ သိန်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံ မီးလောင်မှုအား မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၂၃ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅၇ ဦး အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၃ ဦး ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၂ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အေးရတနာ (သံနန်းဆွဲ) စက်ရုံပိုင်ရှင်ဖြစ်သူ ဦး...(၄၈)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ(ပ) ၂၁၀/၂၀၁၄/ပုဒ်မ ၂၈၅၊ ၃၃၇၊ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

The Daily Eleven

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB