ပြိုင်ကားကို ချစ်တာကြောင့် ဒီလို ဇာတ်လမ်းလေး ရိုက်တာပါ။ ပြိုင်ကားကို အားကစား တစ်ရပ်လို သဘောထားပြီး တကယ် မောင်းနေကြတဲ့ သူတွေလည်း ရှိပါတယ်။ ည ဘက်သောင်းကျန်းတဲ့ သူ တွေလည်းရှိတော့ ရှိတာပေါ့။ အခု ဇာတ်ကား ထဲမှာက ညဘက် ပြိုင်ကားမောင်းသူတွေက တကယ့် ပြိုင်ကားကို အားကစား တစ်ရပ် လို မောင်းနှင်တဲ့ သူတွေနဲ့ပေါင်းမိ သွားပြီးတော့ အားကစား တစ်ရပ်လို စုစုစည်းစည်းနဲ့ မောင်းကြတယ် ဆိုတဲ့ မက်ဆေ့ခ်ျကို ပေးချင်တာပါ။ ဒီဇာတ်ကားက ထူးခြား ပါလိမ့်မယ်။ ကျွန်တော်တို့ ဆီမှာ ရိုက်တဲ့ ဇာတ်ကားတွေထဲမှာ မပါဖူးတဲ့ ပြိုင်ကား shoot တွေအများကြီး ကိုဝိုင်းပြီးတာ့ ကူညီပေးကြတယ်။ အဲဒီ အတွက်လည်း ပြိုင်ကား ချစ်ကြတဲ့ ညီအစ်ကို တွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်လမ်း မျိုးက ပုံမှန် ရိုက်နေကျ ဇာတ်လမ်းတွေ နဲ့ မတူဘဲ ကွဲထွက်တဲ့ အတွက် ရိုက်ရတာလည်း ပေါ့ပါးသလို ပျော်လည်း ပျော်ပြီး ရိုက်ရတာလည်း အားရမိကြောင်း မြင့်မြတ်က ပြောပါတယ်။ မြင့်မြတ်က နောက်ထပ် လည်း ကိုယ်လုပ်ချင် တဲ့၊ တင်ပြချင်တဲ့ ဇာတ်လမ်းတွေကို ခေတ် ဆန်ဆန် ပုံစံနဲ့ ပရိသတ်တွေကို မက်ဆေ့ခ်ျ ပေးမယ့် ဇာတ်လမ်းတွေလည်း ရိုက်ကူးဖို့ ရှိတယ်လို့ ပြောပါတယ်။ မြင့်မြတ်က ဒီဇာတ်ကား ပြီးတာနဲ့ ပြင်ဦးလွင်မှာ ဇာတ်ကားနှစ်ကား သွား ရောက် ရိုက်ကူး မှာဖြစ်ပြီး Pee Mak ဇာတ်ကား ရိုက်ကူးတဲ့ ထိုင်းနိုင်ငံက အနုပညာရှင် များနဲ့ Actor Stars အဖွဲ့တွေ နဲ့ ဘောလုံးကန်မယ့် ထဲမှာလည်း ပါဝင်မှာဖြစ်ပြီး ချစ်ကြည်ရေး အနေနဲ့ ကန်ရတာ ဖြစ်တဲ့ အတွက် တအား ဝမ်းသာပါတယ် လို့ မြင့်မြတ် က ပြောပါ တယ်။
ခိုင်ဝေလွင်/popularmyanmar
No comments:
Post a Comment