Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ခေတ္တအဝေးရောက် သမီးလေး ဖတ်ဖို့စာ


( မိဘရင်မှ ခေတ္တခွဲခွာ ပြည်မှာရပ်ခြား ပညာသင်သွား ချစ်သမီးများကို မိဘများကိုယ်စား ခံစားရေးဖွဲ့ပါသည် )

---- သူတစ်ပါးနိုင်ငံလူမျိုးခြားတွေကြားမှာနေတဲ့အခါ ကိုယ့်အကျင့်တစ်ခုမကောင်းဘူးဆိုရင် ပြင်ပေါ့ ၊ မဟုတ်ဘူးလား ၊ ပြင်တဲ့အချိန်ကစပြီး တန်းကောင်းသွားတာ ၊ မပြင်မချင်းကတော့ ဒီအတိုင်းဘဲ ၊ မပြင်ရင်တော့ နောက်ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူး ၊ အရင်လို စိတ်အလိုလိုက်လို့တော့မရဘူးနော် ၊ သမီးရောက်နေတာ အရင်လိုဗိုလ်ကျလို့ရတဲ့နေရာမဟုတ်ဘူး ၊ မမွေးသင့်တဲ့အရာတွေထဲမှာ ကိုယ့်ကိုယ်မှာရှိတဲ့ “ မကောင်းစိတ် “ လဲပါတယ် ။

---- ဒါတွေက ဘာနဲ့နွယ်နေလည်းဆိုတော့ မသိစိတ် ကို ကိုယ်စားပြုတဲ့ မောဟ - ဒီမောဟ ကြီးစိုးပြီဆိုရင် ကိုယ်လုပ်တာအကုန်မှန်တယ်လို့ထင်သွားတတ်တယ် ၊ ကိုယ်တကယ်မှန်နေရင်တော့ ဒီလောက်အကြောင်းမဟုတ်ဘူး ၊ ကြောက်စရာကောင်းတာက ကိုယ်မှားနေတာကို မှန်နေတယ်လို့ထင်စေတာဘဲ ၊ ဒါဟာ စိတ်ကိုလှည့်စားတာ လှည့်ဖြားတာ နောက်ကျိစေတာ အမှန်ဘဲ ။

---- ဘယ်လောက်အတိုင်းအတာအထိအဆိုးဆုံးဖြစ်သွားလဲဆိုတော့ ကိုယ်မှန်တယ်ထင်လို့ပြောနေတုန်း တစ်ပါးသူကလည်းမမှားဘူးလို့တုံ့ပြန်တဲ့အချိန် လောဘ နဲ့ ဒေါသ ကို အဖော်ခေါ်လာတဲ့အထိဘဲ ၊ နောက်ထပ်ညီနောင်စိတ်ဆိုး စိတ်ယုတ်တွေ ထပ်ကယ်ငြိပြီဆိုတော့ သိတဲ့အတိုင်း အသွေးအသား မီးယပ်ဇီဝဖြစ်စဉ်နဲ့ ဖွဲ့စည်းထားတဲ့ မိန်းမဆိုတဲ့အမျိုးနွယ် ဘာခံနိုင်မလဲ စိတ်အရမ်းတိုတော့တာပေါ့ ၊ မလွှတ်လိုက်နဲ့ သမီး ၊ နိုင်အောင်စိတ်ကိုထိန်းရမယ် ။



---- “ ပြောရင်ငြိမ်ခံနေမှ “ ဆိုတဲ့လူစားမျိုးလဲရှိသေးတယ် ၊ သတိထားသမီး ၊ အပြောခံရတာမှန်နေရင်အကြောင်းမဟုတ်ဘူး ၊ ကိုယ်မှားလို့ ပြောတာခံနေရတာတော်သေးတယ် ၊ ကိုယ်ကလည်းမှန်နေတယ် ( ပြောသူကမှားနေတာ ) အဆူအငေါက်လည်းခံနေရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ ၊ “ ကျောပူတာခံနိုင်တယ် နားပူတာမခံနိုင်ဘူး ” ဆိုတာ တကယ်ခံစားရသူတွေ နားလည်ပြီးသားဖြစ်ကြမှာပါ ။

---- သမီးတို့အမျိုးသမီးတွေဟာ စိတ်နုတယ် ၊ စိတ်ညွတ်လွယ်တယ် ၊ စိတ်မထိန်းနိုင်ကြဘူး ၊ တစ်ခုခုဆို ကိုယ့်ရည်းစား ၊ ကိုယ့်ယောင်္ကျား စတဲ့ အနီးကပ်လူကို “ မဲ ” တတ်တယ် ၊ ဒါဟာ တရားမျှတ သလား စဉ်းစားသင့်တယ် ၊ သူတစ်ပါးကို ကိုယ်က သတိလက်လွတ်ရိုင်းစိုင်းထိခိုက်တဲ့စကားတွေနဲ့ မနိုင် နိုင်အောင်ပြောလိုက်တာ ကိုယ်နိုင်သွားသလား ၊ ကိုယ်နိုင်မနိုင်ရော သိပါရဲ့လား ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြောထွက်လိုက်ရမှ စိတ်ပေါ့သွားတတ်တဲ့လူစားမျိုးလည်းရှိသေးတယ် ၊ ကိုယ်ကဘယ်လိုလူတန်းစားထဲပါလဲဆိုတာမစဉ်းစားကြတော့ လောကကြီးက တစ်ဖက်စောင်းနင်းဖြစ်နေတာပေါ့ ။

---- လူ့စိတ်က ကောင်းတာထက်စာရင် မကောင်းတာကိုမှ တစ်မက်တစ်မောခင်တွယ်တတ်တယ် ၊ မကောင်းတဲ့ကိလေသာကို ပိုမိုခုံမင်တယ် ၊ မကောင်းတာတွေချည်းကိုဘဲ လိုက်လုပ်နေတယ်လို့ဆိုလိုတာမဟုတ်ဘူးနော် ၊ လူကမလုပ်ရသေးဘူး စိတ်ကအရင်ကြံစည်နေတယ်ဆိုတာကိုပြောတာ ၊ အဲ - ဘာမှလုပ်စရာမရှိတဲ့အချိန်ကျပြန်တော့ တောင်တွေး မြောက်တွေး နဲ့ စိတ်ကယောက်ကယက်ဖြစ်တယ် ၊ ပြီးတော့ အထီးကျန်တယ် ၊ နောက်တော့ အတိတ်က မအောင်မြင်ခဲ့သမျှတွေကို ကိုးရီးယားကားရိုက်ပြီးဇာတ်အိမ်ဖွဲ့တော့တာဘဲ ၊ အားနေလို့စဉ်းစားဆင်ခြင်ဥာဏ်ရှိမလားလို့မထင်နဲ့ စိတ်ကူးယဉ်ပြီး ပိုကြမ်းတဲ့အတွေးတွေဝင်လာစေတယ် ၊ ဒါကြောင့်ဘဲ လူတွေမှာ အလုပ်ရှိဖို့လိုအပ်တယ်လို့ လူကြီးတွေပြောကြတာပေါ့၊ အလုပ်လုပ်တော့ ဘာသာစကားလေ့လာမှုများလာမယ် ၊ ပေါင်းသင်းဆက်ဆံရေးသင်ယူခွင့်ရလာမယ် ၊ သူတစ်ပါးကကိုယ့်ကိုဘယ်လိုဆက်ဆံတယ်ဆိုတာသိလာမယ် ၊ ဒါတွေကိုပေါင်းပြီးလေ့လာလိုက်တတ်ရင် ဘဝသင်ခန်းစာ ကျောင်းမတတ်ဘဲတတ်သလိုပါဘဲ ၊ အလုပ်ကနေ စိတ်လေ့ကျင့်ခန်းတွေတတ်လာမယ် ၊ သည်းခံနိုင်စွမ်းတွေတိုးလာမယ် ၊ လုပ်ချင်ကိုင်ချင်စိတ်တွေပေါ်လာမယ် ၊ ဒါဆို ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် အဆောင်သူ အဆောင်သားတွေစိတ်ချမ်းသာပြီ

---- သမီးရဲ့ကျောင်းကပေးလိုက်တဲ့ပညာဟာ ပညာမျှသာဖြစ်တယ် ၊ ဘယ်ပုံဘယ်နည်းအသုံးချသင့်လဲ ၊ လူမှုရေး ၊ နိုင်ငံရေး ၊ စီးပွားရေး နဲ့ ဘာသာရေးအထိ အသုံးဝင်အောင် သူ့နေရာနဲ့သူ ဆင့်ပွားအသုံးချနိုင်မှ “ ပညာတတ် “ ဖြစ်မှာ ၊ ဒါကြောင့်မို့လို့ လက်ရှိမြန်မာပြည်တွင်းမှာ “ ပညာတတ်တဲ့လူ “ ရှိပေမယ့် ပညာတတ်ရှားနေတာဒါကြောင့်ဘဲ ၊ ကျောင်းသင်ခန်းစာတွေမှာ စာတွေ့ နဲ့ လက်တွေ့ ( ၂ ) မျိုးစလုံးသင်ရတာ ဒီအကြောင်းကြောင့်ဖြစ်တယ် ၊ ဓါတ်ခွဲခန်းမှာသင်ရတဲ့လက်တွေ့က လူ့လောကထဲကိုထွက်ရင်တွေ့မယ့် ဘဝ နဲ့ တူဖို့မျှော်လင့်ထားလို့မရဘူး ၊ သင့်တော်သလိုဖြေရှင်းရမယ် ၊ ဒီနေရာမှာ စာသင်ခန်းထဲထိုင်ပြီးသင်ခဲ့ရတဲ့ သီအိုရီ ကို ထည့်သုံးတတ်ဖို့လိုအပ်လာပြီ - ပိုပြီးအရေးကြီးလာပြီ ၊ သတိထားရတော့မယ် ၊ အရေးကြုံရင် ထိုးထွင်းမြင်တဲ့ဥာဏ်က အဓိကကျသလို အမှန်ကိုအမှန်အတိုင်းမြင်တတ်တဲ့ ဓမ္မဓိဋ္ဌာန်ကို စာသင်သားရဲ့ဦးနှောက်ထဲကို ကျောင်းက အလိုလိုထည့်သွင်းပေးလိုက်ပြီးသားဖြစ်တယ် ၊ ဘယ်လိုထည့်ပေးလိုက်တာလဲလို့ သမီးကမေးချင်မှာပေါ့နော် ၊ စာကိုအလွန်မကျက်ဘဲ အဆင့်မြင့်အောင် ( ဝေဖန်နိုင်အောင် ) စဉ်းစားစေတဲ့ Critical Thinking နည်းအားဖြင့် လေ့ကျင့်ပေးလိုက်တယ်လေ ၊ သမီးတို့မယူမနေရ ဖြည့်စွက်-Requirement ဘာသာရပ်မှာသင်ရတဲ့ အင်္ဂလိပ်စာ က ဒီအတွက်ဘဲပေါ့ ၊ အားလပ်ချိန်ရှာပြီး စာအစုံဖတ်ဖို့လိုတယ် ၊ အင်္ဂလိပ်လိုဖတ်သလို မြန်မာစာကိုလည်း ရအောင်ရှာဖတ်ပါ ။

---- သမီးလေးရေ … ကိုယ့်အနာဂါတ်လက်တွဲဖော်ကို ဘယ်တော့မှအနိုင်မကျင့်နဲ့ ၊ ကိုယ့်ကိုလဲအနိုင်မကျင့်စေနဲ့ ၊ ဗိုလ်ကျစိုးမိုးရေးခေတ် ကုန်သွားပြီ ၊ အသွင်မတူတာအသာထားပြီး တူရာတူရာပူးပေါင်းဆောင်ရွက်တဲ့ လူ့အခွင့်အရေးအလေးပေးကာလ ဒီမိုကရေစီခေတ်ရောက်နေပြီ ၊ မရယ်နဲ့ တကယ်ပြောတာ ၊ အိမ်ထောင်ပြုတာလဲ နိုင်ငံရေးဘဲ ၊ လွှတ်တော်အမတ်လုပ်မှနိုင်ငံရေးမဟုတ်ဘူး ၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းလုပ်မှ နိုင်ငံရေးမဟုတ်ဘူး ၊ ခက်ခက်ခဲခဲစဉ်းစားစရာမလိုပါဘူး ၊ အခုထိပ်သီးခေါင်းဆောင်တွေ ဘယ်ဘဝ က လာကြသလဲ ၊ ပညာရေးနဲ့ ဘဝကို စခဲ့ကြရတာချည်းဘဲ ။

---- ထပ်ဖြည့်ပြီးပြောချင်တာက ဘဝကိုအိမ်ထောင်ကစတယ်လို့ဆိုကြပါစို့ ၊ သူ့ဖက်ကပါလာတဲ့ ပိုင်ဆိုင်မှု ၊ ဥစ္စာ ၊ ဓန ရှိသလို ကိုယ့်ဖက်မှာလည်းရှိတယ် ၊ ဒါတွေက အမြဲတမ်းကိုယ်လိုရာပိုင်စိုးချင်တိုင်း ရချင်မှရမယ် ၊ အခိုက်အတန့်တစ်ခုအထိတော့ရမယ် ၊ အခြေအနေတစ်ရပ်ပြောင်းသွားပြီဆိုလို့ကတော့ ကိုယ် ဘာပညာတတ်ထားလဲပေါ်မှာ မူတည်တယ် ၊ ရေရှည်မှာ ပညာတတ်က ခေတ်ကိုတည်ထောင်သွားလိမ့်မယ် ၊ ကိုယ်တတ်တဲ့ပညာနယ်ပယ်မှာ ကိုယ်ဆရာဖြစ်နေရမယ် ၊ တစ်နည်းအားဖြင့် ကိုယ့်ပညာကို ကိုယ်ဘယ်လိုကောင်းမွန်စွာအသုံးချတတ်လဲပေါ်မူတည်ပြီး လူ့အလွှာ အတန်းစားကို အသီးသီး သတ်မှတ်ကြတာပါ ၊ ကိုယ်ထိပ်ပိုင်းရောက်ချင်ရင်တော့ သူများအိပ်နေတဲ့အချိန်မှာ ကိုယ်ကစဉ်းစားနေရမယ် ၊ သူများထတဲ့အချိန်မှာ ကိုယ်ကပြင်ဆင်နေရမယ် ၊ သူများစလုပ်ပြီဆိုတဲ့အချိန် ကိုယ်က အချောသတ်နေပြီ ၊ ဒီလိုလေ့ကျင့်နိုင်ရင် ဘယ်အောင်မြင်မှုမှထွက်မပြေးနိုင်ပါဘူး ရကို ရရမယ် သေချာတယ် ၊ အောင်မြင်မှုဆိုတဲ့ ယန္တရားကြီးကိုချောမွေ့အောင်လည်ပတ်စေမယ့်ချောဆီကတော့ ဝိရိယ ဆိုတဲ့ အမြဲမပြတ်အားထုတ်မှုသာ ဖြစ်တယ် ။

---- သမီးကိုငယ်ငယ်တုန်းကပြောခဲ့တာမှတ်မိသေးလား ? အိမ်ထောင်မပြုရင် တစ်သက်လုံးကျွေးထားမယ်လို့လေ ၊ တကယ်တမ်းကျတော့ ဒါဟာ ဖြစ်နိုင်ခြေအရမ်းနည်းပြီး ယုတ္တိမတန်ဘူးလို့ ပြောကြမှာပေါ့ ၊ ဟုတ်ပါတယ် - သမီးကို ပညာရေးဆုံးခန်းမတိုင်သေးခင် အချစ်ရေး အချစ်စိတ်မွှန်ပြီး လမ်းခုလတ်ထောင်ချောက် အိမ်ထောင်မကျစေချင်တဲ့ ဖခင်တစ်ယောက်ရဲ့ပူပန်မှုနဲ့ ပြောခဲ့တာပါ ၊ ပညာဟာ အခရာဘဲ ၊ ပညာမရှိရင် သင်ညာဘယ်လောက်ရှိရှိ အမှန်ကိုမမြင်နိုင်ဘူး ၊ အမျှော်အမြင်မရှိတော့ဘူး ၊ ဒီအတွက် သင်ခဲ့တဲ့စာတွေဟာ ပညာဖြစ်သွားဖို့လိုတယ် ၊ တတ်တဲ့ပညာကို အသုံးချဖို့လိုတယ် ၊ အသုံးချတဲ့ ပညာဟာ နေရာမှန်ဖို့လိုတယ် ။

---- ကဲ - ပညာစုံပြီဆိုပါတော့ ၊ ဘွဲ့လွန်မာစတာဆက်မတက်တော့ဘူးဆိုတဲ့အချိန် သမီးအသက် ( ၂၄ ) လောက်ရောက်နေပြီ ၊ နောက်မကျသေးပါဘူး ၊ အိမ်ထောင်ဖက်ရွေးဖို့ စိတ်ဓါတ်ရင့်ကျက်တဲ့အရွယ်မို့လို့ သမီးကြိုက်တာရွေးပါ ၊ မမှားနိုင်တော့ပါဘူး ၊ အဓိက တစ်ယောက်ကိုတစ်ယောက်ညှာတာမယ် ၊ ဦးစားပေးမယ် ၊ နိုင့််ထက်စီးနင်းမလုပ်ဘူးဆိုရင် ရပါပြီ ၊ သမီးရဲ့ အနာဂါတ်အိမ်ထောင်ဖက်မှာလဲ ဒီအရည်အချင်းတွေပါရှိဖို့အရေးကြီးတယ် ၊ အားလုံးဟာ ကိုယ်ကျင့်တရားပေါ်မှာဘဲ အခြေခံတာပါ ၊ ကျန်တဲ့ဘဝသက်တမ်းကို ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ အတ္တ အရမ်းကြီးလို့မရဘူး ၊ ဆိုလိုတာက ကိုယ်လိုချင်တဲ့အရာ အကုန်လုံးရချင်မှရမယ်ဆိုတာကိုသိထားရမယ် ၊ မဖြစ်ချင်တာလည်း ဖြစ်တတ်တယ်ဆိုတာကို သိထားရမယ် ၊ ဒါမှ လောကဓံ နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ အားအင်မပျက် ကြံ့ကြံ့ခံနိုင်မှာပေါ့ ၊ ဒါထက်ပိုပြီးအလေ့အကျင့်လုပ်သွားရင် လာသမျှအခက်အခဲတွေကို သွေးအေးအေး နဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ် ၊ “ ငါလိုချင်တာ နင်ဘာလို့မသိရတာတုန်း “ လို့တော့ သွားအနိုင်မယူလိုက်ပါနဲ့ ၊ ကိုယ်လိုချင်တာ ကိုယ်ဘဲသိမယ်လေ ၊ ဒီလိုဘဲ ကိုယ်ဘာကိုကြိုက်တတ်တယ် ၊ ဘယ်လိုဆိုရင်တော့မကြိုက်ဘူးဆိုတာ နှစ်ယောက်သားကြိုတင်ပြောထားသင့်တယ် ၊ Communication သိပ်အရေးကြီးတယ် ၊ သမီးရည်းစားဘဝမှာ စည်းနဲ့ကမ်းနဲ့ တစ်ဦးကိုတစ်ဦးတန်ဖိုးထားရမယ် ၊ နှစ်ယောက်ပေါင်းမှ တစ်ဘဝ ဆိုတာ တကယ်မှန်တယ်သမီး ။

---- သမီးလေးရေ … ကိုယ့်ကိုမွေးခဲ့ကျွေးခဲ့တဲ့တိုင်းပြည်ရဲ့ကျေးဇူးကိုမမေ့ရဘူးနော် ၊ မိမိဘာသာစကား ၊ ယျဉ်ကျေးမှု ၊ ရိုးရာ ၊ စာပေ အားလုံးကိုအဆုံးအစွန်သိရမယ်လို့မဆိုလိုပါဘူး ၊ နိုင်ငံရပ်ခြားရောက်နေတော့ အားလုံးကိုခြုံငုံမိအောင် မိမိကိုယ်တိုင်လေ့ကျင့်ဖို့လိုတယ် ၊ မမေ့ဖို့လိုတယ် ၊ အဓိက မိမိကို လူလားမြောက်အောင်ခြေချခွင့်ပေးခဲ့တဲ့ မြေကြီးကို သစ္စာရှိရမယ် ၊ မိခင် ဖခင် တို့ရဲ့ကျေးဇူးကိုဆပ်လို့မကုန်ဘူးလို့ ရှေးလူကြီးတွေပြောခဲ့တယ် ဒါပေမယ့် မွေးကျေးဇူးထက် အရိပ်အာဝါသ ပေးတဲ့ကျေးဇူးက ပိုအရေးကြီးတယ်ပြောချင်တယ် ၊ မြတ်စွာဘုရားဟာ သစ္စာတရားကိုသိတော်မူဖို့ ဗောဓိညောင်ပင်အောက်မှာ အရိပ်ခိုခဲ့သေးတယ် ၊ ဘုရားဖြစ်တော်မူပြီးတဲ့နောက်မှာ ကျေးဇူးတရားသိတတ်ဖို့ ဘုရားရှင်ဟောကြားခဲ့တာ သမီးကြားဖူးမှာပေါ့ ၊ ဒီလိုပါဘဲ ၊ ကိုယ်ပညာသင်ဖို့က လိုရင်း ၊ မူလရည်ရွယ်ချက်ကိုဖြည့်စွမ်းရင်း ကိုယ့်ကိုဒီအခြေအနေရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အောင်မြေကို ပြန်လည်ခြေချဖို့ကြိုးစားပါ ၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေ ကိုယ်တတ်ထားတဲ့ပညာနဲ့ မူရင်းနိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင်တွေကို အသိပညာလက်ဆင့်ကမ်းပါ ၊ တစ်ချိန်းတုန်းက မလုပ်နိုင်လို့ မလုပ်ခဲ့တာကို အပြစ်မယူဘူး ၊ ဘာမဆိုလုပ်ခွင့်ရှိနေတဲ့ အခုလိုအချိန်မှာ နိုင်ငံ့အကျိုးမလုပ်နိုင်ဘူးဆိုတာကမှ နောင်တရစရာပါ သမီး ။

ကိုညီင်္ညီ ( တောင်ကြီး )



No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB