Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေရေး တရုတ်ရေယာဉ်တွေ လက်မလျှော့


မလေးရှားလေယာဉ် MH370 ပျောက်ဆုံးနေတာ ၁၆ ရက် မြောက်နေ့ကို ရောက်လာပေမယ့် တရုတ်ရှာဖွေရေးရေယာဉ်တွေကတော့ လက်မလျှော့သေးဘဲ နောက်ဆုံးရထားတဲ့ သဲလွန်စကို သဲကြီးမဲကြီး ရှာဖွေနေပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်ဆီကို ဦးတည်တဲ့ လေယာဉ်ဟာ မတ်လ ၈ ရက်နေ့ကတည်းက လမ်းဝက်ကနေ ပျောက်ဆုံးနေခဲ့တာပါ။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ယောက်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက်ပါဝင်ပြီး၊ ခရီးသည်တွေထဲက ၁၅၄ ယောက်ကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ တရုတ်ရှာဖွေရေး ရေယာဉ် လေးစင်းဟာ နိဂိုအစီအစဉ်အတိုင်းပဲ အင်ဒိုနီးရှား အနောက်ပိုင်းက ရေပြင်မှာ ဆက်လက်ရှာဖွေနေပါတယ်။ ဒီနေရာမှာ လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စကို မတွေ့ရရင်တော့ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ဆက်လက် ဦးတည်သွားဖို့ရှိပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲက အဲဒီ ရေပြင်ဟာ မတ်လ ၂၀ ရက်နေ့တုန်းက
ဂြိုလ်တုကနေ လေယာဉ်ရဲ့အစိတ်အပိုင်းတခုလို့ ယူဆရတဲ့ အရာဝထ္ထုတခုကို ဓာတ်ပုံ ရိုက်ကူးမိခဲ့တဲ့ နေရာဖြစ်ပါတယ်။ တရုတ်ရေတပ်သင်္ဘော ၃ စင်းနဲ့ ရေခဲခွဲ သင်္ဘောတစင်းဟာလည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို အရှိန်နဲ့ ခရီးနှင်နေပြီး မတ်လ ၂၅ ရက်နေ့ကျရင် အဲဒီနေရာကို ရောက်သွားဖို့ ရှိပါတယ်။

လာလောဆယ် ရှာဖွေရေးရေယာဉ်တွေဟာ တရုတ်ဂြိုလ်တုကနေ မတ်လ ၁၈ ရက်နေ့က ရိုက်ကူးခဲ့မိထားတဲ့ အလျား ၂၂ မီတာ အနံ ၁၃ မီတာ ရှိတဲ့ အရာဝထ္ထုကို အာရုံစိုက် ရှာဖွေနေပါတယ်။
ကျွမ်းကျင်သူတွေက ဂြိုလ်တုဓာတ်ပုံက ဖော်ညွန်းတဲ့ အရာဝတ္ထုရဲ့ အရွယ်နဲ့ ပုံစံ အနေအထားဟာ ပျောက်ဆုံးနေတဲ့ ဘိုရင်း ၇၇၇ ရဲ့ တောင်ပံ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB