Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပြင်သစ်ဂြိုဟ်တုဓါတ်ပုံမှာ အိန္ဒိယသမုဒ္ဒရာတွင်း မျောနေတဲ့ပစ္စည်းများတွေ့

                                                            သီတင်း ၃ ပတ်ကြာ ပျောက်နေဆဲ မလေးရှားလေကြောင်းလိုင်း MH370 ကို ရှာဖွေနေတဲ့ ဧရိယာအကျယ်အဝန်းပြ မြေပုံ

အိန္ဒိယသမုဒ္ဒရာ တောင်ဘက်အခြမ်းမှာ ရေပေါ် ပေါ်နေတဲ့ အရာဝတ္ထုတွေကိုမြင်ရတဲ့ ဂြိုဟ်တုဓါတ်ပုံတွေကို ပြင်သစ်နိုင်ငံကနေ ရရှိတယ်လို့
မလေးရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ပြင်သစ်ဂြိုဟ်တုက တွေ့တဲ့အရာတွေဟာ သစ်သားနဲ့လုပ်ထားတဲ့ အပြားတခုအပါအဝင် အပိုင်းအစတွေကို အရပ်ဘက်လေယာဉ်တခုပေါ်ကနေ စနေနေ့က တွေ့ရှိတဲ့နေရာမှာပဲ ဖြစ်ပါတယ်။

Australia နဲ့ တရုတ်ဂြိုဟ်တုတွေကနေ ရေပေါ်မျောနေတဲ့ အရာဝတ္ထကြီးတွေကို တွေ့ထားတဲ့နေရာနဲ့လည်း သိပ်မဝေးဘူးလို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် အသိပေးခဲ့တာပါ။

မလေးရှားကနေ တရုတ်နိုင်ငံအသွား မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျောက်သွားတာ အခုဆိုရင် သီတင်း ၃ ပတ်ထဲ ဝင်ရောက်လာပါပြီ။ ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစတွေ တွေ့ရှိထားရာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ဒီကနေ့မှာလဲ အာရုံစိုက်ပြီး ရှာဖွေနေကြပါတယ်။



အဲဒီနေရာဘက်ကို စနေနေ့က သွားရှာတဲ့ New Zealand စစ်လေယာဉ် တစင်းကတော့ ရေညှိတွေကိုပဲ တွေ့ခဲ့ပါတယ်။

အခုလို ဂြိုဟ်တုဓါတ်ပုံတွေ ထပ်ရလာတာဟာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ကို ရှာတွေ့နိုင်ရေးအတွက် မျှော်လင့်ချက်တွေ ပို တိုးစေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က ဒီကနေ့ ပြောလိုက်ပါတယ်။

Australia နိုင်ငံ၊ Perth မြို့ရဲ့ အနောက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲမှာ လေယာဉ်ပျောက်ရှာဖွေရေးကို Australia က နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်ရှင်။  


 ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB