နေ့ ၁၄၁၅ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၊ ၀ါခင်းကျောင်းလမ်း၌ နေထိုင်သော ၎င်းနှင့်ခွဲခွာနေသည့် ခင်ပွန်းဖြစ်သူ သန်းထိုက်ဦး(ခ)နေထွဋ်ထံရှိ သားဖြစ်သူကလေးငယ်ကို ခေါ်ဆောင်ရန်
သွားရောက်ခဲ့ကြစဉ် နေအိမ်အထိကားဝင်၍မရသဖြင့် ၀ါခင်းကျောင်းလမ်း အလယ်လောက်၌ ဦးအောင်ကိုကိုမှကားရပ်ပြီး စောင့်နေခဲ့ကာ မကြည်မွေ့အိမ် တစ်ဦးတည်း သွားရောက်ခဲ့ပါသည်။
ထိုသို့ သွားရောက်ခဲ့သည့် မကြည်မွေ့အိမ် မှာ ပြန်မလာဘဲအချိန်ကြာနေ
သဖြင့် ဦးအောင်ကိုကိုမှလိုက်သွားကြည့်ရာ မကြည်မွေ့အိမ် ၏ မျက်နှာနှင့်ဝဲ/ယာပေါင်တို့တွင် အက်စစ်အရည်များပေလျက် အသားများလောင်ကျွမ်းထားသည့်ကိုတွေ့ရှိရပြီး လင်မယား(၂)ဦးတွေ့ဆုံ
စကားများကြခိုက် သန်းထိုက်ဦး(ခ)နေထွဋ်မှ အက်စစ်ဖြင့်ပက်ခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရသောကြောင့် အရေးယူပေးပါရန် ဦးအောင်ကိုကိုမှ တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း (ပ)၁၃၉/ ၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။
ထိုသို့အခင်းဖြစ်ပွားပြီးချိန်တွင် ထွက်ပြေးတိမ်းရှောင်သွားသည့်
ပြစ်မှုကျူးလွန်သူ သန်းထိုက်ဦး(ခ)နေထွဋ်ကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် သန်းထိုက်ဦး(ခ)နေထွဋ်၊
(၂၇)နှစ်၊(ဘ)ဦးလှထွန်း၊ ယာဉ်မောင်း၊ ၁၂/ထတပ(နိုင်)၁၂၉၀၇၁၊ အမှတ်(မရှိ)၊ ၀ါခင်းကျောင်းလမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့်လည်း ၎င်းနှင့်ပတ်သက်သည့် သတင်းများ ရရှိပါက အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေး
နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-
၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
၀၉- ၅၂၄၀၁၂၂ (ရဲမှူး-ဦးစီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
၀၉- ၈၆၀၂၃၆၃ (ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
၀၁- ၆၄၅၈၂၀(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁- ၆၄၅၈၂၁(အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁- ၆၄၅၈၁၉(အင်းစိန်မြို့မရဲစခန်း)။
Yangon Police
No comments:
Post a Comment