Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကျုံးဘေး ညအချိန်တွင် နိုင်ငံခြားသူကို စကားပြောဟန်ဆောင်ကာ ကျောပိုးအိတ်လု

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇၃ x ၇၄လမ်းကြား ကျုံးတောင်ဘက်တွင် မတ်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က စက်ဘီးတစ်စီးစီ စီးနင်းလာသော ဗြိတိန်နိုင်ငံသူ နှစ်ဦးကို စကားပြော နှုတ်ဆက်ဟန်ဆောင်ကာ ကျောပိုးအိတ် လုယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နိုင်ငံခြားသူ နှစ်ဦးသည် ပုဂံ-ညောင်ဦးမှ မတ်လ ၅ ရက်နေ့ ည ၇ နာရီ အချိန်တွင် မန္တလေးသို့ ရောက်ရှိလာပြီး ည ၈ နာရီအချိန် ကျုံးဘေးသို့ စက်ဘီးစီးရာမှ ဆိုင်ကယ်ဖြင့် စကားပြော နှုတ်ဆက်ဟန်ဆောင်ပြီး စက်ဘီးရှေ့ခြင်းအတွင်း ထားရှိသော ကျောပိုးအိတ်ကို လုယူ ထွက်ပြေးခံခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုယူ ထွက်ပြေးသွားသော ကျောပိုးအိတ်ထဲတွင် မြန်မာငွေ ကျပ် ၅၀,၀၀၀၊ နိုင်ငံကူး လက်မှတ်တစ်ခု၊ iPhone 5S ရွှေရောင် ဟန်းဆက်တစ်လုံး၊ Panosonic အမျိုးအစား ကင်မရာတစ်လုံးနှင့် ပန်းရောင် ပိုက်ဆံအိတ် အသေးတစ်လုံး စုစုပေါင်းတန်ဖိုး ၁၁ သိန်းကျပ်ခန့်တို့ ပါသွားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းအရ သိရသည်။

“ကျွန်တော်တို့ အနေနဲ့ စက်ဘီး ရှေ့ခြင်းထဲကို ကျောပိုးအိတ်တွေ ဘာတွေ ထည့်သွားရင်တော့ စက်ဘီးလက်ကိုင်မှာ ချည်ထားဖို့ တွေ့ရင် သတိပေးတယ်။ ပြည်သူလူထု အနေနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်” ဟု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ (မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးမောင်မောင်အေးက The Voice သို့ ပြောကြားသည်။

နိုင်ငံခြားသားများ စက်ဘီးစီးနင်းနေစဉ် လုယက်ခံရမှုများ လျော့ကျလာစေရန်အတွက် ပုဂံ-ညောင်ဦးတွင် စက်ဘီး အငှားဆိုင်များကို စက်ဘီးရှေ့ခြင်း ဖြုတ်ထားရန် သတိပေးထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

မန္တလေးခရိုင် အတွင်းတွင် နိုင်ငံခြားသား ခရီးသွားများကို အကူအညီ ပေးနိုင်ရေးအတွက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ Tourism Police အင်အား ၅၀ ခန့် ရှိကြောင်း ရဲမှူးမောင်မောင်အေးက ထပ်မံပြောကြားသည်။

အဆိုပါ ကျောပိုးအိတ် လုယူ ထွက်ပြေးသွားသူကို စုံစမ်းဆောင်ရွက်လျက် ရှိပြီး ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၉၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ထားကြောင်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB