Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အသက် ၁၅ နှစ်မှာ အပျိုစင်ဘ၀ကို ၅ သိန်းနှင့် ရောင်းချခဲ့ရပြီး ပြည့်တန်ဆာဖြစ်ခဲ့ရသူနှင့် မြန်မာအမျိုးသမီးလေးများရဲ့ သနားစဖွယ်ဘ၀များ

ယောက်ျား သုံးဦးရဲ့ ကိုယ်ထိ လက်ရောက် ရိုက်နှက် ခံရပြီးနောက်ပိုင်းမှာ ပြည့်တန်ဆာ လုပ်ငန်းက စွန့်ခွာဖို့ မလေပြေ (အမည်လွှဲ) ကြိုးစား ခဲ့ပါတယ်။

ဒါပေမဲ့ သုံးလ အကြာမှာပဲ မိသားစု စားဝတ် နေရေးကြောင့် ဒီလောကထဲ ကို ပြန်ဝင်ခဲ့ ရပါတယ်။

ပြင်ပ လောကမှာ ကောင်းရောင်း ကောင်းဝယ် လုပ်ငန်းကို သုံးလ တိတိ လုပ်ကိုင်ခဲ့ပေမယ့် ရရှိတဲ့ ၀င်ငွေဟာ မိသားစု ငါးဦးရှိတဲ့ သူမရဲ့မိသားစု အတွက် စားဖို့ တောင် အနိုင်နိုင် ဖြစ် ခဲ့ရပါတယ်။ ဒါကြောင့် ပြည့်တန်ဆာ လောကထဲ ပြန်လည် ၀င်ရောက် ခဲ့ရခြင်း ဖြစ်ပါတယ်။

ပြည့်တန်ဆာ လောကမှာ သုံး နှစ်လောက် လုပ်ကိုင် ခဲ့တဲ့ ကာလ အတွင်း သူမနဲ့ ဆက်ဆံတဲ့ အမျိုးသား အချို့ရဲ့ အနိုင်ကျင့်မှု တွေကို မကြာခဏ ကြုံတွေ့ခဲ့ ရပေမယ့် နောက်ဆုံး အကြိမ် စော်ကား ခံရမှုက တော့ သူမရဲ့ မျက်နှာမှာ သေရာပါ အမာရွတ် ရရှိခဲ့ပါတယ်။



““သူတို့ စိတ်ကြိုက် မလုပ်ပေး ရကောင်းလား ဆိုပြီး နှစ်ယောက်က ချုပ်ပေးတယ်။ တစ်ယောက် က လက်သီးနဲ့ ထိုးတာ၊ မျက်ခုံးနဲ့ နှုတ်ခမ်း ကွဲတယ်။ မျက်လုံးမှာ က သွေးခြည် ဥသွားတယ်”” လို့ သူမရဲ့ ညာဘက် မျက်ခုံးပေါ်က တစ်လက် မကျော် ရှိတဲ့ အမာရွတ် ကို လက်ညှိုးနဲ့ စမ်း ရင်း ပြောပါတယ်။

ပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက် မွေးဝမ်း ကျောင်းပြုနေတဲ့ အမျိုး သမီးငယ် တွေဟာ မကြာခဏ သူမ တို့နဲ့ ဆက်ဆံ ရတဲ့ အမျိုးသား တွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေ ကို ခံရလေ့ ရှိပါတယ်။ သို့သော် လည်း တရား မ၀င် လုပ်ကိုင် နေရတဲ့ အတွက် မည် မျှပင် နှိပ်စက် ခံနေရ စေကာမူ မည်သည့် ဌာန၊ အာဏာပိုင် အဖွဲ့ကိုမျှ တိုင်ကြားလေ့ မရှိကြပါဘူး။ သူမ တို့အတွက် တစ်ခုတည်း သော ကာ ကွယ်ပေးလေ့ ရှိသူ ကတော့ သူတို့ရဲ့ ခေါင်း (အရပ် အခေါ်)ကိုပဲ အားကိုး ကြရပါတယ်။

ဒါကြောင့် လိင် လုပ်သား အမျိုး သမီး အများစုဟာ သူတို့ တစ်ကိုယ် တည်း လုပ်ကိုင်ခြင်း ထက် ခေါင်းတစ်ဦး ရဲ့လက်အောက် မှာ အုပ်စု လိုက် လုပ်ကိုင် နေကြခြင်းဖြစ်ပါ တယ်။ ခေါင်းတွေရဲ့ အလုပ်က တော့ လိင် လုပ်သား အမျိုးသမီး တွေကို သူတိုနဲ့ ဆက်ဆံမယ့် အမျိုး သားတွေ ရှာဖွေပေး ရပါတယ်။ ဒါ့ အပြင် သူတို့ကို အမျိုးသား တွေရဲ့ အနိုင်ကျင့် စော်ကားမှု မရှိစေဖို့အ တွက် လည်း အကာအကွယ် ပေးပါ တယ်။ အဲဒီအတွက် လိင် လုပ်သား ရတဲ့ လုပ်အားခရဲ့ တစ်ဝက်ကို ခေါင်းက ယူပြီး ကျန်တစ်ဝက် ကိုပဲ လိင်လုပ်သား တွေကို ခွဲဝေ ပေးတယ် လို့ လှိုင်သာယာ အောက်ထိပ် ကား မှတ်တိုင် အနီးက ပြည့်တန်ဆာ ခေါင်း တစ်ဦးက ပြောပါ တယ်။

““ကျွန်တော့် မှာ ကောင်မလေး (၁၂) ယောက် ရှိတယ်။ သူတို့ကို လူ ရှာပေးတယ်။ ပြီးရင် စိတ်ချရ တဲ့ တည်းခိုခန်း မှာပဲ အလုပ်လုပ် ခွင့်ပေး တယ်။ နောက် အဖမ်း မခံရဖို့ ရဲကြေး လည်း ပေးရတယ်။ အဲဒီအတွက် သူတို့ဆီက တစ်ဝက်ကြေး ယူတယ်”” လို့ သူက ပြောပါတယ်။

လိင် လုပ်သားတွေ တစ်နေ့နဲ့ တစ်နေ့ လုပ်ကိုင်ရတဲ့ ပုံစံခြင်း မတူ ညီကြပါဘူး။ တစ်ခါ တစ်ရံမှာ ည လုံးပေါက် လုပ်ကိုင် ရပြီး၊ တစ်ခါ တစ်ရံမှာ နာရီပိုင်း နဲ့ပဲ လုပ်ကိုင်ကြ ပါတယ်။ ဈေးနှုန်း ကတော့ အသက် အရွယ် နဲ့ ရုပ်ရည်ပေါ် မူတည်ပြီး ရရှိကြတယ် လို့ သူကပြောပါတယ်။

““ငယ်ပြီး ရုပ်ချောတဲ့ သူက ဈေးပိုရတယ်။ အလုပ် လည်း ပိုဖြစ် တယ်”” လို့ ဆိုပါတယ်။

မလေပြေ ကလည်း ငယ်ရွယ် ပြီး ရုပ်ရည် အသင့်အတင့် ရှိသူထဲမှာ ပါတာကြောင့် တစ်ညတာ အတွက် သူမရဲ့ဝင်ငွေဟာ တစ်သောင်း အထက် မှာရှိတယ် လို့ သူမက ပြောပါတယ်။

တကယ်တော့ လေပြေ ဆိုတာ သူမရဲ့ အမည်ရင်း မဟုတ်ပါဘူး။ ဒီလောက မှာ လုပ်ကိုင် နေစဉ် အသုံးပြု တဲ့ နာမည် တစ်ခုသာ ဖြစ်ပါတယ်။

အတန်းပညာ ကို လေးတန်း အထိသာ တက်ရောက် နိုင်ခဲ့တဲ့ မလေပြေကို ဧရာဝတီတိုင်း ဒေသကြီး မှာ မွေးဖွား ခဲ့တာပါ။ မွေးချင်း မောင်နှမ လေးယောက်မှာ အကြီး ဆုံးဖြစ်ပြီး၊ သူမ လေးတန်း နှစ်မှာပဲ ဖခင်ဆုံးပါး သွားတာကြောင့်၊ မိခင် မုဆိုးမနဲ့ အတူ ဈေးရောင်းပြီး မိသားစု စားဝတ် နေရေးကို ဖြေရှင်း လာခဲ့တာ ပါ။ ဈေးရောင်းတယ် ဆိုပေမယ့် အများသူ ငါလို ဆိုင်နဲ့ ကနားနဲ့ ရောင်းချတာ မျိုးမဟုတ်ဘဲ အရင်း အနှီးမစိုက် ရတဲ့ အလေ့ကျ ပေါက် ဟင်းသီးဟင်းရွက် တွေကို ခူးပြီး ဗန်းနဲ့ ရွာတွေမှာ ရောင်း ခဲ့ရတာပါ။ နောက်ပိုင်း မိခင်ရဲ့ကျန်းမာရေး ဆိုးဝါးလာ မှုနဲ့ ဖခင်ရှိစဉ် က တည်ဆောက် ပေးခဲ့တဲ့ ၀ါးအိမ် ကို ပြန် လည် တည်ဆောက် နိုင်ဖို့အတွက် (၁၅) နှစ်သမီး အရွယ်မှာ သူမရဲ့ အပျိုစင် ဘ၀ကို ငါးသိန်းနဲ့ လဲလှယ် ခဲ့ရတယ်လို့ သူမက ပြောပါတယ်။

““အစပိုင်း ကတော့ အဆင်ပြေ တယ်။ နောက်ပိုင်းကြ တော့ လူ ပေါင်းစုံနဲ့ကြုံ လာရတော့ စိတ်ပျက် မိတဲ့ အခါတွေရှိတယ်။ တချို့တွေကြ တော့ သဘော ကောင်းတယ်။ နားလည်မှု ပေးတယ်။ တချို့တွေက နှမချင်း ကိုယ်ချင်းမစာဘဲ သူတို့ အလို မကျရင် ရိုက်တာ နှက်တာတွေ ခံရတယ်””လို့ သူမက ပြောပါတယ်။

မြန်မာနိုင်ငံ မှာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် သူတွေဟာ ရှေး ဘုရင် လက်ထက် ကတည်းက တည် ရှိနေခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် မှာတော့ အစိုးရက ပြည့်တန်ဆာ လုပ်ငန်း တွေဟာ ယဉ်ကျေးမှုနဲ့ မကိုက်ညီ တဲ့ အပြင် ကျန်းမာရေး အရ လည်း ဆိုးဝါးစွာ ထိခိုက် စေနိုင်တာ ကြောင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ကိုပြဋ္ဌာန်း ခဲ့ ပါတယ်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက် ဥပဒေ ပုဒ်မ၃/ပုဒ်မခွဲ(ခ)အရ ပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းပြု နေသည်ကို စိစစ် တွေ့ရှိ ပါက အလုပ်ကြမ်း နှင့် တစ်နှစ် ထက် ကျော်ပြီး သုံးနှစ် အောက်ရှိသော ထောင်ဒဏ် ချမှတ် ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။ သို့သော် လည်း ရှေးယခင် ကတည်းက တည် ရှိခဲ့တဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေ ဟာယနေ့ အချိန်အထိ ဒေသတိုင်းမှာ တည်ရှိနေပါတယ်။

ဥပဒေ အရ ပြည့်တန်ဆာ လုပ်ကိုင်တဲ့ အမျိုးသမီး တွေကိုသာ အရေး ယူနိုင်ပြီး ပြည့်တန်ဆာနဲ့ ပျော်ပါးသူ အမျိုးသားတွေ ကိုတော့ အရေးမယူ နိုင်ပါဘူး။ဒါကြောင့် လည်းပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်း ပြုနေတဲ့ သူတွေဟာ အမျိုးသား တွေ ရဲ့ အနိုင်ကျင့် စော်ကားမှုတွေကို ခံနေ ရခြင်းဖြစ် တယ်လို့ ဥပဒေ ရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

ခုလို ပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက်မွေး နေရတဲ့ အမျိုးသမီး တွေ ဟာ အမျိုးသား တွေရဲ့ နှိပ်စက်မှု တွေ အပြင်၊ ခေါင်းတွေရဲ့ ငွေကြေး ဆိုင်ရာ အမြတ် ထုတ်မှုတွေ၊ ပတ်ဝန်း ကျင်ရဲ့ ခွဲခြားဆက်ဆံမှု တွေကိုပါ ခံ စားကြရပါတယ်။ အဲဒီ အတွက် လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီး အချို့က ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုမှု တွေပြုလုပ်ခဲ့ တဲ့အပြင် ပြည့်တန်ဆာ လုပ်ကိုင် သူတွေကို လိုင်စင် ချထား ပေးဖို့ အတွက်ပါ တောင်းဆို ခဲ့ကြပါ တယ်။ သို့သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန က ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပါ ဘူး။ အကြောင်း ကတော့ ပြည့်တန်ဆာ လုပ်ငန်း ဆိုသည်မှာ မြန်မာ့ ယဉ်ကျေးမှု နဲ့ မကိုက် ညီသလို၊ ကျန်းမာရေး ရှုထောင့် အရ ကြည့်ရင် လည်း ကူးစက် ရောဂါပြန့်ပွား နိုင်ခြင်းကြောင့် လို့ ဆိုပါတယ်။

ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ရှိ သူတွေရဲ့ မှတ်ချက် ကိုကြည့် ရင် ယဉ်ကျေးမှု ကို အပေါ်ယံ ဗန်းပြ ပြီး လိင် လုပ်သား အမျိုးသမီး တွေ အပေါ် စာနာစိတ် ကင်းမဲ့စွာ မျက်နှာ လွှဲ ခဲပစ်လုပ်ချင်တဲ့ သဘောမျိုးလို့ ယူဆစရာ ဖြစ်နေသလို နောက်ဆက် တွဲပြဿနာ တစ်ခုဖြစ်တဲ့ နိုင်ငံသား တွေရဲ့ ကျန်းမာရေး ကိစ္စကိုလည်း မသိချင်ယောင် ဆောင်ချင်တာလား ဆိုတာ မေးခွန်း ထုတ်ချင်စရာပါ။ နောက် တစ်ချက်က မြန်မာ့ ယဉ်ကျေး မှုအရ ခွင့်မပြုနိုင် ကြောင်း ပြောခဲ့တဲ့ ပုဂ်္ဂိုလ် တွေဟာ ယောက်ျားသား တွေ ဖြစ်နေ တာကြောင့် လိင်ခွဲခြားပြီး စဉ်းစား ဆုံးဖြတ်ခဲ့ သလားဆိုတာလည်း စဉ်းစား စရာပါ။ ဘယ်လို ပဲဖြစ်ဖြစ် လူသားချင်း စာနာမှု ရှုထောင့် ကကြည့် ရင်တော့ ကိုယ်ချင်း စာစိတ်နဲ့ စဉ်း စားပြီး အဖြေတစ်မျိုး ထွက်ကောင်း ထွက်လာ နိုင်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ပြည့်တန်ဆာ လုပ်ငန်းဟာ မြန်မာနိုင်ငံ မှာ သာမက ကမ္ဘာပေါ် မှာလည်း ဆက် လက် တည်ရှိနေဦးမှာပဲဖြစ်တယ်။ ဘယ်နိုင်ငံမှာမှ ပြည့်တန်ဆာ လုပ်ငန်း ပပျောက်အောင် ဆောင်ရွက်နိုင် ခြင်း မရှိကြပါဘူး။ ဒါကြောင့်ပဲ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အချို့ဟာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ကို ပြင်ဆင် ဖို့ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။

ရှေးယခင် ကတည်းက မြန်မာနိုင်ငံ ရဲ့ဒေသ အသီးသီးမှာ ပြည့်တန် ဆာ လုပ်ငန်း တွေရှိခဲ့တာပါ။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး နှစ်ပေါင်း (၆၀) ကျော်ကြာမြင့် တဲ့အထိ လည်း ပြည့် တန်ဆာတွေ ဟာတည်ရှိ နေမြဲဖြစ်ပါ တယ်။

အခုလို ပြည့်တန်ဆာ တွေ တည်ရှိနေ တာဟာ ကိုယ်ကျင့် တရား ပေါ်တန်ဖိုး ထားမှု လျော့နည်းခြင်း၊ ပြောင်းလဲ လာတဲ့ ခေတ်စနစ်၊ လူမှု ဆက်ဆံရေး အခြေအနေ စတဲ့ အ ကြောင်းအရာ တွေကြောင့် လွယ်လွယ် နဲ့ ငွေရတဲ့ ပြည့် တန်ဆာ လုပ်ငန်းကို ရွေးချယ် လာကြခြင်းဖြစ် တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က လွှတ်တော် မှာပြောကြား ခဲ့ပါတယ်။ အခြေ အနေမှန်နဲ့ ကင်းကွာပြီး စာနာစိတ် ကင်းမဲ့တဲ့ ပြောကြားချက် တစ်ခုလို့တောင် အ မျိုးသမီး အခွင့်အရေး ကာကွယ်သူ တွေက ပြောကြ ပါတယ်။

တကယ်တော့ လိင်လုပ်သား တွေဟာ လွယ်လွယ် ကူကူနဲ့ ငွေရတာ တစ်ခုတည်း ကြောင့် ဒီလုပ်ငန်း ကို လုပ်ကိုင်ကြ တာမဟုတ်ပါဘူး။ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ အတူ နေထိုင် စရိတ်ကြီးမြင့်မှု တွေက မိသားစု စားဝတ် နေရေးကို ဆိုးဝါးစွာ ထိခိုက် လာတာကြောင့် လုပ်ကိုင် ရခြင်းဖြစ် တယ်လို့ ဒလမြို့နယ် နာရီစင် အနီးမှာ ရှိတဲ့ လိင်လုပ်သား အမျိုးသမီး ခေါင်းတစ်ဦး ကဆိုပါတယ်။ဘယ်လောက် ထိ ခက်ခဲလဲဆိုရင် တစ်ခါ တစ်ရံ နယ်မြေ ရဲတွေက ငွေကြေးမပေး ဘဲ အခမဲ့ လိင် ဆက်ဆံကြ တာအပြင် ရဲတွေနဲ့ ပါလာတဲ့ ဧည့်သည် များစွာ နဲ့ပါ တစ်ညတည်း ကြိမ်ဖန် များစွာ လိင် ဆက်ဆံခံ ရတာတွေပါ ရှိတယ် လို့ သူမက ပြောပါတယ်။

ပြောင်းလဲ လာတဲ့ ခေတ်စနစ် အရ အမျိုးသား အချို့ဟာ ဓာတုဗေဒ ပစ္စည်းတွေ၊ အနောက်တိုင်း ဆေးဝါး တွေ သုံးစွဲပြီး သာမန်ထက် လွန်ကဲ အောင် လုပ်ဆောင် လေ့ ရှိပါတယ်။ အခုလို သာမန်ထက် ကျော်လွန်တဲ့ အမျိုးသား တွေနဲ့ တစ်ခါလိင် ဆက်ဆံ ပြီးရင် အနည်းဆုံး နှစ်ရက် လောက် အနားယူ ရပြီးမှ အလုပ်ပြန် လုပ်ရတဲ့ အထိရှိခဲ့ တယ်လို့ ပဲခူးမြို့ မှာရှိတဲ့ အနှိပ်ခန်း နာမည် ခံပြီး၊ ပြည့်တန် ဆာလုပ်ငန်း ဆောင်ရွက် နေတဲ့ လုပ်ငန်း တစ်ခုမှာ လုပ်ကိုင် နေရတဲ့ အသက် (၁၉) နှစ် အရွယ် မသဇင် (အမည်လွှဲ) က ပြောပါတယ်။

““ဒီလို လူတွေနဲ့ တွေ့ရင် အလုပ် မလုပ်ချင်ဘူး။ ငြင်းလို့ လည်း မရ ဘူး။ ငြင်းရင် ခေါင်းက ရိုက်တယ်၊ လုပ်ခလည်း မပေးဘူး။ ကြိတ်မှိတ် ပြီး နေရတာပဲ”” လို့ သူမက ပြော ပါတယ်။

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် ရတဲ့ အမျိုးသမီးငယ် တွေဟာ သူတို့ ရဲ့ ဆက်ဆံရမယ့် ဧည့်သည် အမျိုးသား တွေနဲ့ အဆင်ပြေ အောင် ပေါင်းသင်း ရသလို သူတို့ရဲ့ ခေါင်းတွေနဲ့ လည်း အဆင်ပြေ အောင် ဆက်ဆံ ကြရ ပါတယ်။ ခေါင်းက အလိုမကျ လို့ ပိုက်ဆံ မပေးဘဲ ထားရင် လည်း ခံကြရ ပါတယ်။

““ဒီအလုပ် လုပ်ပြီး မိသားစု ကို ရှာကျွေး နိုင်တဲ့ အတွက် ကိုယ့်ကိုယ် ကိုယ် ဂုဏ်ယူတယ်။ ဒါပေမဲ့ တစ်ခါ တစ်လေကြ တော့ ကိုယ့်ဘ၀ ကိုယ် ၀မ်းနည်းတယ်။ ရွယ်တူ ကောင်မလေး တွေ အလုပ်သွား တာမြင်ရင် ငိုချင် မိတယ်”” လို့ မလေပြေ က ပြောပါ တယ်။

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် ရတဲ့ အတွက် သေစေနိုင် လောက်တဲ့ ရောဂါတွေဖြစ်တဲ့ ၊ HIV၊ AIDS အပြင် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ တွေ ဖြစ်ပွားနိုင်တယ် ဆိုတာကို ပြည့်တန်ဆာ လုပ်ကိုင်သူ အမျိုးသမီး တော်တော် များများက နားလည် ထားကြပါတယ်။

““အချိန်မရွေး ရောဂါ ရနိုင် တယ်ဆို တာကို သိလျက်နဲ့ ဘာ ကြောင့် လုပ်နေရလဲ ဆိုရင်တော့ အဖြေက ရှင်းပါတယ်။ စားစရာ မရှိလို့ လုပ်ရတာ”” လို့ သူမက ဆက်လက် ပြောပါတယ်။

အကြောင်း အမျိုးမျိုး ကြောင့် ပြည့်တန်ဆာ လုပ်ကိုင် ဖမ်းဆီးခံရတဲ့ အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် တွေကတော့ အစိုးရ က ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အခုလို ပြန်လည် ထူထောင်ရေး လုပ်ပေး ရာမှာ အသက်မွေး ၀မ်းကျောင်း ပညာများ သင်ကြား ပေးပြီး၊ လူမှု အသိုင်း အ၀ိုင်းမှာ ပြန်လည် ၀င်ဆံ့နိုင်ဖို့ အတွက် မိမိဘ၀ ရပ်တည် နေထိုင်ရေး၊ ဆေး ၀ါးကုသမှု ခံယူရစေဖို့ နဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိစေဖို့ အတွက် အမျိုးသမီး များ ပြုစု စောင့်ရှောက်ရေး ဌာနနှစ်ခု ကို တွံတေးမြို့နဲ့ မန္တလေးမြို့တို့မှာ ဖွင့်လှစ် ပေးခဲ့ပါတယ်။

သို့သော် လည်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် ခဲ့ကြတဲ့ အမျိုးသမီး အများစုဟာ ပြည့်တန်ဆာ လုပ်ငန်းကိုပဲ ပြန်လည် လုပ်ကိုင်မှု များ ပြားတယ် လို့ ယူနီဆက် မျိုးဆက် ပြန့်ပွားရေး ဆိုင်ရာ ဌာနမှက ဆရာဝန် တစ်ဦးက ဆိုပါတယ်။

““ပြည့်တန်ဆာ အများစုက ကျန်းမာရေး တစ်ခုခု ချို့ယွင်း ခဲ့ရင် ဆေး ရုံ၊ ဆေးခန်း လည်း မပြဖြစ်ကြဘူး။ ဆေးမြီးတို နဲ့ပဲ ကြိတ်ကုကြတာ၊ ဆေးရုံ၊ ဆေးခန်းမှာ သွားပြရင် သူ တို့ကို ဖမ်းမယ်လို့ ထင်ပြီး ကြိတ်ကု တော့ ရောဂါက ပိုဆိုးပြီး နောက်ဆုံး အဆင့်ရောက်မှ သိရတာများ တယ်”” လို့ အထက်ပါ ဆရာဝန်က ဆက်လက် ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ လည်း ပြည့်တန်ဆာ လုပ်ကိုင်သူ တွေ ကို ဖမ်းဆီး အရေးယူ လျက်ရှိရာ ယခု အစိုးရ လက်ထက် အတွင်း ၂၀၁၁ ခုနှစ် မှာ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ (၃၂၂၆) မှုနဲ့ ၂၀၁၃ ခုနှစ်မှာ ဇန်န ၀ါရီလက မေလ အထိ (၆၄၀) မှု ရှိခဲ့တယ် လို့ သိရပါတယ်။

ပြည့်တန်ဆာ လုပ်ကိုင်သူ တွေ ဟာ နိုင်ငံ အနှံ့အပြားမှာ ရှိနေပြီး ရန်ကုန် မှာတော့ လူဦးရေ နှစ်သောင်း ကျော်ထိရှိ တယ်လို့ ယူနီဆက် က ကောက်ယူ ထားတဲ့ စစ်တမ်း အရ သိရပါတယ်။

ပြည့်တန်ဆာ လုပ်ကိုင် သူတွေ ဟာ အခုဆို အမျိုးမျိုး သော အခက် အခဲတွေနဲ့ ကြုံတွေ့ နေရတာဟာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက် ဥပဒေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေ ကို ပြင်ဆင်ဖို့ အတွက် လွှတ်တော် ကိုယ်စားလှယ် အချို့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း တို့ကလည်း ကြိုး စားဆောင်ရွက် ခဲ့ကြပေမယ့် အောင် မြင်မှု မရရှိ ခဲ့ပါဘူး။

မည်သို့ ပင်ဖြစ်စေ ပြည့်တန်ဆာ လုပ်ကိုင် နေတဲ့ အမျိုးသမီး တွေဟာ ဘ၀ပေး အခြေအနေ အရ လုပ်ကိုင် နေရခြင်း ဖြစ်သလို သူမတို့ဟာ လူသားတွေ ပဲ ဖြစ်ပါတယ်။ သို့သော် လည်း ဥပဒေ အရ လူချင်းတူပေ မယ့် လိင်လုပ်သား တွေကိုပဲ ပြစ်ဒဏ် ပေးပြီး လိင်လုပ်သား တွေနဲ့ အခပေး ပျော်ပါးတဲ့ အမျိုးသား တွေ ကိုတော့ ပြစ်ဒဏ် မခံရဖို့ ကာကွယ် ပေးထား ပါတယ်။ ဒါဟာ မမျှတတဲ့ ဥပဒေ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း ဆွေက ထောက်ပြ ပြောဆို ပါတယ်။

နဂိုတည်း က ၀မ်းရေးကြောင့် အားနွဲ့တဲ့ အမျိုးသမီး တွေဟာ အမျိုး သား တွေဆီမှာ အခယူပြီး မိမိတို့ ရဲ့ ၀မ်းရေးကို ဖြေရှင်း နေရတာပါ။ သူ တို့တွေရဲ့ အတိတ်က မလှပ ခဲ့ပါဘူး။ ပစ္စုပန်ကလည်း မလှပပါဘူး။ ဒါပေ မဲ့ သူတို့ရဲ့ အနာဂတ်မှာ လူသား ချင်းခွဲခြားမှု၊ အနိုင်ကျင့်စော်ကား မှု၊ နှိမ့်ချ ဆက်ဆံမှုတွေ လျော့နည်း သွားမလားဆို တာကတော့...။
By The Messenger

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB