Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သေရွာမှ အသက်ပြန်ရှင်လာသူတစ်ဦးကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်

ကြောက်တတ်သူများ မဖတ်ရ

 သေခြင်းတရားဟူသည် ကြီး၊ ငယ်၊ လတ် မရွေး အချိန်မရွေးခေါ်ဆောင်သွားနိုင်သည်ကို အခုတော့  ကိုရေခဲသိလိုက်ရပါပြီ။ ရုတ်တရက် မကျန်းမမာဖြစ်ရာကနေ ဆေးရုံအထိတက်ရောက်ကာ သေမည့်နေ့ကိုအသက်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းရှူကာစာင့်နေရပြီး အခုတော့ သူလွတ်မြောက်သွားပါပြီ။ ဘာသာတရားအဆုံးအမနှင့် ကြီးပြင်းလာခဲ့သည်၊ သူ့ကိုယ်သူ သေဆုံးသွားပြီဆိုတာကိုလည်း သူသိသည်။ သိပေမပေါ့ ရုပ်အလောင်းကောင်ကြီးက ဆေးရုံကုတင်ပေါ်မှာ ရှိနေခဲ့သည်ကို သူမပ်တပ်ရပ်ရင်းမြင်နေရတာကိုး။
သူသေဆုံးသွားခဲ့လေပြီ.............


ပထမဆုံးသတိရမိသည်က အိမ်ရှိကျန်နေသော မိသားစု၊ သူရွာသို့ပြန်မည်အသိပေးမည်ဟု အိမ်သို့ပြန်မည်ဟု စိတ်ဆုံးဖြတ်လိုက်ခြင်း သူ့အိမ်ရှေ့သို့ ရောက်ရှိသွားခဲ့သည်။ အရမ်းအံ့သြဖို့ကောင်းစွာ သူကြားနာခဲ့ရဖူးသော ကြားခဲ့ဖူးသော ခြံစောင့်နတ်အိမ်စောင့်နတ်တို့ သူ့ကို
လာလည်းမတား မြင်လည်းမမြင်မိ၊ အမေ့ဘေးမှာထိုင်ပြီး


အမေသား သေသွားပြီ ဘယ်သွားလို့သွားရမှန်းလည်းမသိသေးပါဘူးအမေရယ်၊ သူပြောနေသော်လည်း မည်သူမျှကြားဟန်မတူ စိတ်ဓါတ်ကျကာ ရောက်ရာပေါက်ရာသွားတော့မည်ဟုတွေးပြီး အိမ်မှထွက်လာခဲ့သည်။
သူဦးတည်နေရာက ရွာပြင်ရှိသချိုင်းဆီသို့

သူအိမ်မှထွက်လာခဲ့ပြီး ရွာလမ်းသို့အရောက် သူမသေခင်အထိ ရွာတွင်မမြင်ဖူးသော ခလေးငယ်လေးနှစ်ယောက်က
" ဦးလေး ကျွန်တော်တို့အမေကို ရှာပေးပါ"

" ဟေမင်းတို့အမေက ဘယ်သူတုန်း မင်းတို့ကိုလည်းငါမမြင်ဖူးပါလား ဘယ်ရွာကလည်း "

" သားတို့အမေက သားတို့စားဖို့ အစာသွားရှာနေတာပါ၊ အဲ့ဒါသားတို့နှစ်ယောက်ဗိုက်အရမ်းဆာနေလို့မြန်မြန်ပြန်လာဖို့ပြောပေးပါ၊ ဦးလေးဒီသစ်မြစ်လေးကိုင်သွားလိုက်၊သားတို့အမေက ထဘီအနီရောင် ရင်လျားထားတယ် ဦးလေးသွားရင်းတွေ့ ပါလိမ့်မယ်၊ တွေ့ ရင် သူ့သားနှစ်ယောက်ဗိုက်အရမ်းဆာနေလို့ပြန်လာဖို့ပြောပေးပါ ကူညီပေးပါဦးလေးရယ် "


သူဘာလုပ်ရမည်နည်း၊ သူဘာဆက်လုပ်ရမလည်း မသိ၊ သူဘ၀ခြားနေခဲ့တာ သူသိနေပြီ၊ သူ့ကိုယ်သူ ဘယ်ဘုံဘ၀ရောက်နေမှန်းလည်းသူမသိ၊ဒီလိုနဲ့ ရွာလမ်းတလျှောက် လျှောက်လာခဲ့တာ
လွန်ခဲ့သော ဆယ်နှစ်ကျော်ကသေဆုံးသွားခဲ့သော ဦးလေးဦးကျော်လှကိုတွေ့ သည်။ တခြားတခြားသော သေဆုံးပြီးသော ရွာမှ လူများ အများအပြားတို့ သွားလာလှုပ်ရှားနေသည်ကိုမြင်ခဲ့ရသည်။ တချို့မှာ လူ့ဘ၀ထက် ပိုမိုပိန်လှီနေကြသည်။ တချို့ကတော့ လူ့ဘ၀အတိုင်းရုပ်သွင်ရှိကြသော်လည်း အ၀တ်ဗလာဖြင့်ဖြစ်နေသည်။ တချို့ကတော့ အပေါ်ပိုင်းဗလာကျင်း၊ တချို့ကတော့ အောက်ပိုင်းအ၀တ်မပါဖြင့် အမှိုက်ပုံကိုတူးဆွပြီး စားကြွင်းစားကျန်များကို ရှာဖွေစားသောက်နေကြသည်။ သူစကားပြောရန်ခေါ်သော်လည်း ကြားဟန်မမြင်၊ ငတ်မွတ်နေပုံဟန်ပေါက်နေသောသူများမှာ အစားအစာကိုသာ အာရုံမဲနေကြသည်။ တချို့ အပင်များအောက်တွင် လူများပစ်ထားသော ထမင်းဟင်းကျန်များကို အလုအယက်လုစားနေကြသည်။ တချို့မှာ နံဟောင်နေသောခွေးသေကောင်ကို ၀ိုင်းဖဲ့စားနေကြသည်။ တချို့မှာ လူများ၏ ချွှဲသလိပ်များကို မြေကြီးမှ ကျုံးကာ ပါးစပ်ထဲသို့အတင်းသွင်းနေကြသည်။ သူ အလွန်အမင်းကြောက်လည်းကြောက်၊ လန့်လည်းလန့်ကာ ခလေးလေးနှစ်ယောက်ပြောလိုက်သော မိန်းမကိုလည်းရှာနေရသည်။ တချို့များဆို မစင်ပုံကိုစားနေသည်။ သူအလွန်အမင်းကြောက်ရွံပြီး
ခပ်မြန်မြန်လျှောက်ရင်း ရှာရင်းဖြင့်၊ ရင်လျားထဘီအနီဝတ်ထားသော မိန်းမတယောက်ကို ရွာထိပ်နားတွင်သွားတွေ့ လေသည်။ ဟုတ်လိမ့်နိုးနိုးဖြင့် သူမေးကြည့်လေဦးမှပါလေဆိုပြီးမေးကြည့်ခဲ့သည်။

" အမကြီး ခင်ဗျားမှာ ငါးနှစ်အရွယ်လောက်သားလေးနှစ်ယောက်ရှိလား၊ သူတို့က မှာလိုက်လို့ပါ၊ သူတို့ဗိုက်အရမ်းဆာနေလို့ အမြန်ပြန်လာခဲ့ပေးဖို့ကို ကျွန်တော့ကိုမှာလိုက်လို့ပါ"

ထိုမိန်းမမှာ တအံ့တသြပုံစံဖြင့်

" ဟုတ်တယ် ကျွန်မမှာ သားလေးနှစ်ယောက်ရှိတယ်၊ ဒါနဲ့ရှင် ကျွန်မကိုဘယ်လိုမြင်ရတာလည်း"
သူလည်း လက်ထဲမှ သစ်မြစ်လေးအားပြရင်း

" အမကြီး ခလေးနှစ်ယောက်က ဒီအမြစ်လေးပေးလိုက်တာပါ၊ ဒါလေးကိုင်သွားရင် သူတို့အမေကိုမြင်ရလိမ့်မယ်၊ မြင်ရင် မြန်မြန်ပြန်လာဖို့ကိုမှာလိုက်တာပါ၊ ဒါနဲ့ ကျွန်တော် လမ်းမှာ သေပြီးသားသူတွေ အလွန်ဆိုးရွားတဲ့ပုံပန်းသဏ္ဍာန်တွေကိုမြင်ခဲ့ရပါတယ်၊ ကျွန်တော် ဘယ်ဘုံဘ၀ကိုရောက်နေတာလည်းခင်ဗျာ ပြောပြပေးပါလား "

သူ သစ်မြစ်လေးကိုပြလိုက်ရာ အံ့အားတသင့်ကြည့်နေရင်း ပါးစပ်မှလည်း
" ရှင် ကျွန်မတို့ကို မြင်လို့မရသေးဘူး၊ ရှင်လာရမယ့်နေရာမဟုတ်ဘူး၊ ဆေးရုံကိုပြန်ပါ"

ဟုဆိုကာ လက်ထဲမှသစ်မြစ်ကိုအတင်းလုဆွဲသွားခဲ့ပါသည်။

သစ်မြစ်လေးပါသွားသွားခြင်းခုဏက မြင်ခဲ့ရသော လှုပ်ရှားသွားလာနေသောသူများ ပျောက်ခြင်းမလှပျောက်သွားပြီး နောက်ပြန်လှည့်ကြည့်သော်လည်း ရွာလမ်းအရှင်းတိုင်းကြီးသာမြင်လိုက်ရသည်။ သူဘာမှ မသိတော့ ခေါင်းတခုလုံးချာလည်လည်ပြီး အသိစိတ်က ဆေးရုံကုတင်ဆီသို့သာရောက်ရှိသွားတော့သည်။

သူသတိရလာချိန်မှာ ရေအလွန်အမင်းဆာသည်။ သူရေတောင်းသောက်သည်။ ဘေးမှ ထအော်သံကိုကြားရသည်။
" သတိရလာပြီ သတိရလာပြီ။ ရေတောင်းနေတယ် "
သူရေထသောက်လိုက်ပြီး သူ့မိသားစုမှ သူမျောနေတာ တရက်ရှိပြီဖြစ်ကြောင်းနှင့် လက်လျှော့လိုက်ရပြီဟုအားလုံးကထင်ထားကြောင်း၊
ယခုကဲ့သို့ပြန်လည်သတိရလာသည်ကို အလွန်တရာဝမ်းမြောက်နေကြကြောင်းပြောသံတွေကြားပြီး၊ သူတို့မိသားစုကိုးကွယ်သော ဆရာတော်အား ပင့်ဖိတ်ပေးပါရန်ပြောပြီး ဆရာတော်အားကြွလာသောအခါ သူမျောနေသောအခါမြင်ခဲ့ရသည်များကိုအကျိုးအကြောင်း
လျှောက်တင်ခဲ့ပါသည်။


*** တကယ်တော့ သူသတိလစ်မေ့မျောနေစဉ် တွေ့ မြင်ခဲ့ရသည်များမှာ ပြိတ္တာဘုံမှ သူများဖြစ်ပါသည်။ အပယ်လေးဘုံဖြစ်သော ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘုံတို့အနက် မမြင်အပ်သော သာမန်မျက်စိဖြင့်မမြင်ရသောလူ့ဘုံနှင့်အနီးဆုံး ဘုံဘ၀မှာ ပြိတ္တာဘုံနှင့် နေ့စံညခံအသူရကာယ်ဘုံဘ၀တို့ဖြစ်ကြောင်း၊ လူ့ဘုံသို့ရောက်ရှိလာရခြင်းမှာ ထိုမကောင်းသော ဘုံဘ၀တို့မှ ခဏတာအလည်လာရသလိုဖြစ်ပြီး အရိပ်ပမာလာပြရခြင်းဖြစ်ကြောင့်နှင့် ကုသိုလ်ကောင်းမှုတို့ကိုအားထုတ်ကြိုးပမ်းကာမှ မြင့်မြတ်သော
ဘုံဘ၀သို့ရောက်နိုင်မည်ဖြစ်ပြီး သေငင်ဇောမှားယွင်းလျှင်လည်း ခေတ္တခဏ ထိုဘုံဘ၀များဆီသို့ ရောက်တက်ရကြောင်း၊ ပေးဆပ်ရန်ဝဋ်ကြွေးအကုသိုလ်ပါလာလျှင်လည်း ရက်အပိုင်းအခြားအလိုက် ငရဲခံရသကဲ့သို့ပင် မြင်တွေ့ ကြုံခံစား တက်ရကြောင်းသိရှိခဲ့ရပါသည် ***

သူထို့သို့သိရှိပြီးနောက်ပိုင်း အရင်ကထက်ဘုရားတရားကိုလည်းပိုမိုပြုလုပ်ကာ သူမသေပဲလွင့်မျောနေချိန်တွင် မြင်ခဲ့ရသော ရွာမှ မကျွတ်မလွတ်သေးသော သူများအားလုံးကို ကုသိုလ်ကောင်းမှုများအတွက် ရည်စူးအမြဲအမျှပေးဝေကာ ယနေ့ထက်တိုင် ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် လူ့ဘ၀ကို အကျိုးရှိစွာဖြင့်ဖြတ်သန်းနေပါကြောင်း............. 


သိုက်နန်းရှင် By သရဲအကြောင်းပြောကြမယ်

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB