ခရီးဆုံး ရောက်မလာတဲ့ မလေးရှား လေယာဉ်
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား
လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း
တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။
ဒီကိစ္စ သက်သေ အထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်ပါတယ်။
ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ အရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင်
သမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ ခဲ့ကြောင်း တွေ့ရှိရ တယ်လို့ မလေးရှား
ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လာ နေ့က ပြောကြား ခဲ့ပါတယ်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
မယားလိုသလောက် ယူခွင့်ပြုသည့် ဥပဒေကြမ်းကင်ညာ အမျိုးသမီး အမတ်များ ကန့်ကွက်
ကင်ညာ ပါလီမန်လွှတ်တော်
လက်ရှိမယားကြီးအား တိုင်ပင်ရန်မလိုဘဲ အမျိုးသားများ မယားယူချင် သလောက် ယူခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ကင်ညာ ပါလီမန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ရာ အမျိုးသမီး လွှတ်တော် အမတ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြကြောင်း မတ် ၂၂ ရက်သတင်းများတွင် ဖော်ပြသည်။
အဆိုပါ ဥပဒေကြမ်းသည် ကင်ညာနိုင်ငံ၌ ကျင့်သုံးဆဲ လက်ထပ်ထိမ်းမြား မှုဆိုင်ရာဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ကင်ညာပါလီမန် က မတ် ၂၀ ရက် ညပိုင်းတွင် မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေကြမ်းတွင် မူလကခင်ပွန်းသည်များ၏ ရွေးချယ်မှုကို တစ် ချက်လွှတ်ပယ်ချပိုင်ခွင့် အမျိုးသမီးများအတွက် ပေးအပ်ထားသော်လည်း နောက်ပိုင်းတွင် ယင်းပြဋ္ဌာန်းချက်ကို ကင်ညာအမျိုးသား အမတ်များက ဖြုတ်ချနိုင်ခဲ့သည်။

လျှပ်စစ်ချွတ်ယွင်းမှုကြောင့် မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ
လျှပ်စစ်ချွတ်ယွင်းမှုကြောင့်
မလေးရှားလေယာဉ် ဟောင်ကောင်သို့ လမ်းကြောင်းပြောင်းရ MH066 ခရီးစဉ်အဖြစ်
ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့
နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ
အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။
မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းသည်
လျှပ်စစ်ဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုကြောင့် မူလလမ်းကြောင်းမှ သွေဖီကာ
ဟောင်ကောင်၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ မလေးရှား
လေကြောင်းလိုင်းမှ MH370လေယာဉ် ပျောက်ဆုံးနေမှု (၂)ပတ်ကျော်
ကြာမြင့်ခဲ့သည့်နောက် နောက်ထပ် ခေါင်းခဲစရာ ပြဿနာ တစ်ရပ်နှင့်
လေကြောင်းလိုင်း တာဝန်ရှိသူများ ကြုံတွေ့လာခြင်း ဖြစ်သည်။
MH066 ခရီးစဉ်အဖြစ် ပျံသန်းသော Airbus A330-300 အမျိုးအစား လေယာဉ်သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ပျံသန်းရင်း တနင်္လာနေ့ နံနက်အစောပိုင်းက ပြဿနာ ကြုံခဲ့ခြင်းဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

Blogger မှာ Post တစ်ပုဒ်တင်နည်း အခြေခံ

ကျွန်တော့်ရဲ့ ဘလော့ရေးတဲ့အတွေ့အကြုံကို အခြေခံပြီး လက်သစ် Blogger တွေအတွက် အဓိကရည်ရွယ်ကာ ဒီ စာအုပ် pdf လေးကို ရေးဖြစ်တာပါ.. ဒီခေတ်မှာ မှိုလိုပေါလာတဲ့ Blogger တွေ၊ ရည်ရွယ်ချက်ရှိသူတွေရော၊ ရည်ရွယ်ချက်မဲ့သူတွေပါ. Blogger မှာ ဘလော့တစ်ခု ရအောင် တည်ထောင်လာကြပါတယ်.. ဒါပေမယ့် စနစ်ကျပြီး အဆင်ပြေတဲ့ Blogger တွေနည်းနေပြီး Popular ဖြစ်ချင်ကာ Blog မှာ ပို့စ်တစ်ပုဒ်တောင် ကောင်းကောင်း မတင်တတ်သေးသူတွေလည်း ဒုနဲ့ဒေး ပါပဲ.. ယုတ်စွအဆုံး ကျွန်တော့်ဆီမှာရေးနေတဲ့ ညီငယ်အချို့တောင် Post တစ်ခုကို ပြည့်စုံအောင်
ပျောက်ဆုံးလေယာဉ် ပျက်ကျကြောင်း ကြေညာ
ပျက်ကျကြောင်း သတင်းရအပြီး ပူဆွေးနေကြစဉ်
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။
ဒီလို ကြေညာရတာဟာ နောက်ဆုံးရရှိတဲ့ ဂြိုဟ်တု အချက်အလက်တွေကို သုံသပ်ပြီးမှ အခုလို ကောက်ချက်ချရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အဲဒီ လေယာဉ်ပေါ်ကို လိုက်ပါသွားတဲ့ လူ ၂၃၉ ယောက်ရဲ့ မိသားစုတွေကိုလည်း မလေးရှား လေကြောင်းလိုင်းက အကြောင်းကြားလိုက်ပြီလို့ သူက ဆိုပါတယ်။

Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |