“မချစ်တတ်သူများ အ ကြောင်း” ဆိုတဲ့
ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ကောင်းပြည့်နဲ့ သရုပ်ဆောင်ထားပါ တယ်။ မာနချင်း
ပြိုင်ကြတဲ့ လူငယ် ၂ ယောက် ရဲ့ အပြိုင် ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားတွေ
ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံရွှေရည် ရဲ့လတ်တလော ထွက်ရှိထားတဲ့
“လိပ်ပြာ” ဆိုတဲ့ ဇာတ်ကားမှာနွမ်းပါး သူ တစ်ယောက် အဖြစ်
သရုပ်ဆောင်ထားပါတယ်။ ပရိသတ် မြင်တွေ့နေကျ ပုံစံမဟုတ် တဲ့အတွက်
အမြင်ဆန်းသွားစေတယ် လို့ပြောပြတဲ့ ဝတ်မှုံရွှေရည် က “အဲဒီကားက ကစ်တစ်ခါ မှ
မလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးပါ။ မလှအောင်လည်း လုပ်ထားတယ်။ တော် တော်လေး
ရုပ်ချထားတယ်။ အလှကား မျိုး၊မြင်နေကျ ဇာတ်ရုပ်မျိုးဆို သိပ်ပြင်ဆင် စရာလည်း
မလိုဘူး။ တော်တော် ဆင်းဆင်းရဲရဲ ဆိုတော့သေချာ လုပ်ထားပါတယ်”လို့
ပြောပြပါတယ်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ကြသူအနုပညာရှင်တို့ အမှတ်တရစကားသံများ
တစ်ချိန်က တပ်မတော်နေ့ကို
တော်လှန်ရေးနေ့အခမ်းအနားအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအထိ
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပေသည်။ အနယ်နယ်အရပ်ရပ် တွင်လည်း ပိုစတာ
နံရံကပ်အနုပညာပြိုင်ပွဲများ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများ၊
ကျပန်းစကားပြောပြိုင်ပွဲများဟူ၍ အသီးသီး ပူးတွဲကျင်းပခဲ့သလို
ဂုဏ်ပြုစစ်ကြောင်း ချီလာ သည့် တပ်မတော်သားများ အား မြို့မိမြို့ဖ ပြည်သူ
ပြည် သားများက သောင်းသောင်း ဖြဖြကြိုဆို၍ ဂုဏ်ပြုပန်းကုံးစွပ်ကြပေသည်။
ထိုကဲ့သို့သော တပ်မတော် နှင့်
ပြည်သူကြည်ဖြူညီတူ စိတ်ထားဖွဲ့ မြင်ကွင်းပုံရိပ်တို့ကား မြန်မာနိုင်ငံ၏
အနာဂတ် ခွန်အားသစ်များ အနေနှင့် ဖြစ်တ ည်ကျန် ရစ်စေ ခဲ့ပါ သည်။
ထိုကဲ့သို့သော သမိုင်းအစဉ်အလာကောင်းများနှင့် ဖြစ်တည်ခဲ့သော တပ်မတော်နေ့ကို
ကိုယ်တိုင်ကြုံ တွေ့ ဖြတ်သန်းခဲ့ဖူးသူတို့၏ အမှတ်တရစကား သံများကို စု
စည်းဖော်ပြ လိုက်ပါသည်။
အပြောင်းအလဲကို ကြိုက်တဲ့ အောင်ရဲလင်း
ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့
“လရောင် နံပါတ်(၆)” ဇာတ်ကားကို အောင်ရဲလင်းက နန်းဆုဦး နဲ့ အတူ
ရိုက်ကူးနေပါတယ်။ ပြောင်းလဲမှုတွေ ပြုလုပ်ရတာ ကို တအား လည်း
ကြိုက်နှစ်သက်ပြီး ဝါသနာလည်း ပါတဲ့ အောင်ရဲလင်း ကဇာတ်ရုပ်တွေ နဲ့ပတ်သက်
လို့လည်း အမြဲတမ်း အပြောင်းအလဲလေးတွေ လုပ်လေ့ ရှိပါတယ်။ “တစ်ကားနဲ့ တစ်ကားအ
တတ်နိုင်ဆုံး မတူအောင် ချိန်းတယ်။ ဒါပေမဲ့ တချို့ဟာ တွေကလည်း ချိန်းတယ်
ဆိုပေမယ့် ချိန်းရတာ အခက်အခဲလေးတွေ ရှိတယ်။ ဖက် ရှင် ကိုတော့ အတတ်နိုင်ဆုံး
ချိန်းဖြစ်တယ်။ အခု ၂ဝ၁၄ မှာဆိုရင် ကျွန်တော် တတ်နိုင်သမျှ အကုန်
ချိန်းထားတယ်။” လို့ ဇာတ်လမ်းတွေ ရိုက်ကူးတဲ့ အခါ ဇာတ်ထုပ် အပြောင်း အလဲ၊
ဖက်ရှင်အပြောင်းလဲ လုပ်ဖြစ်မှုတွေ နဲ့ ပတ်သက်ပြီး အောင်ရဲလင်းက ပြောပြပါတယ်။
ဒီနှစ်သင်္ကြန် မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူရှိမယ်လို့ပြောတဲ့ နန်းဆုရတီစိုး
အနုပညာစာမျက်နှာတွေပေါ် တွေ့ရနည်းလာတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး
ခုလတ်တလောဘာတွေ အလုပ်ရှုပ်နေတယ်ဆိုတာရော၊ သူမအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့
၂၀၁၄ အတွက်သင်္ကြန်ရင်ခုန်သံတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ သူမက ‘နန်းဆု
အခုက ပုသိမ်ပြီးမယ်၊ နောက် ၀ါးခယ်မပြီးသွားရင် ဖားကန့်ထပ်သွားရမယ်၊
အဲ့ဒါတွေပြီးရင် မန္တလေးမြို့တော်ဝန်မှာသီချင်းတွေလိုက်ဆိုမယ်။
နန်းဆုအခွေလေးက အဲဒါတွေပြီးမှဆက်ရိုက်ကူးမှာပါ။ ကြားရက်လေးတွေမှာတော့
အမ်တီဗီရိုက်ကူးဖို့အတွက် ပြင်ဆင်မှုလေးတွေ လုပ်နေရတာပေါ့နော်။
သင်္ကြန်ကျရင်တော့ မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုမယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုက လူတိုင်းရင်ခုန်သလို နန်းဆုလဲ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့တူတူ နှစ်သစ်ကို ကူးရမယ်ဆိုတော့ ပိုပြီးလဲရင်ခုန်တယ်။ ပိုပြီးလဲ ၀မ်းသာတယ်။ အကျေနပ်ဆုံးပါပဲ။
သင်္ကြန်ကျရင်တော့ မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုမယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုက လူတိုင်းရင်ခုန်သလို နန်းဆုလဲ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့တူတူ နှစ်သစ်ကို ကူးရမယ်ဆိုတော့ ပိုပြီးလဲရင်ခုန်တယ်။ ပိုပြီးလဲ ၀မ်းသာတယ်။ အကျေနပ်ဆုံးပါပဲ။
သင်္ကြန်က သူမအတွက် ပုံမှန်ပါပဲလို့ဆိုတဲ့ မော်ဒယ် Mဆိုင်းလူ
ချစ်စဖွယ်ကောင်းတဲ့ မျက်နှာဟန်ပန်လေးရော၊ အင်တာနေရှင်နယ်အဆင့်မီ ကိုယ်နေဟန်ထား ကြောင့်ပါ မော်ဒယ်လောကမှာ နာမည်ရရှိနေသူ မော်ဒယ်လ် Mဆိုင်းလူကို
သူမရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက် တစ်ချို့ကို
မေးမြန်းဖြစ်ခဲ့တာကတော့ ‘ညီမ အခု လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့
ပတ်သက်ပြီး ဘာမှသိပ်မလုပ်ဖြစ်ဘူး။ ပြီးတော့ သင်္ကြန်အတွက်လည်း
သိပ်မသေချာသေးဘူး။ ခရီးထွက်ဖြစ်ရင်လည်း ထွက်ဖြစ်မယ်။ မဏ္ဍပ်ထိုင်ဖြစ်ရင်လည်း
ထိုင်ဖြစ်မယ်။ သေချာပြောလို့တော့ မရသေးပါဘူး။ အရင်နှစ် သင်္ကြန်တွေ
တုန်းကဆိုရင် ညီမက ခရစ်ယာန် ဖြစ်တဲ့အတွက် ကန့်ပဲ
အမြဲတမ်းဝင်ဖြစ်တာများပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး စိတ်ခံစားချက် ပြောရမယ်
ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ကတော့ ဘယ်တူနိုင်မလဲနော်။
တစ်ယောက်တစ်မျိုးစီပေါ့။ ညီမအတွက်ကတော့
Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |




