Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ကြသူအနုပညာရှင်တို့ အမှတ်တရစကားသံများ

တစ်ချိန်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့အခမ်းအနားအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပေသည်။ အနယ်နယ်အရပ်ရပ် တွင်လည်း ပိုစတာ နံရံကပ်အနုပညာပြိုင်ပွဲများ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများဟူ၍ အသီးသီး ပူးတွဲကျင်းပခဲ့သလို ဂုဏ်ပြုစစ်ကြောင်း ချီလာ သည့်   တပ်မတော်သားများ အား  မြို့မိမြို့ဖ ပြည်သူ ပြည် သားများက သောင်းသောင်း ဖြဖြကြိုဆို၍ ဂုဏ်ပြုပန်းကုံးစွပ်ကြပေသည်။
ထိုကဲ့သို့သော တပ်မတော် နှင့် ပြည်သူကြည်ဖြူညီတူ စိတ်ထားဖွဲ့ မြင်ကွင်းပုံရိပ်တို့ကား မြန်မာနိုင်ငံ၏ အနာဂတ် ခွန်အားသစ်များ အနေနှင့် ဖြစ်တ ည်ကျန် ရစ်စေ ခဲ့ပါ သည်။ ထိုကဲ့သို့သော သမိုင်းအစဉ်အလာကောင်းများနှင့် ဖြစ်တည်ခဲ့သော တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံ တွေ့ ဖြတ်သန်းခဲ့ဖူးသူတို့၏ အမှတ်တရစကား သံများကို စု စည်းဖော်ပြ လိုက်ပါသည်။


စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာဦးဝင်းဖေ
” ဟိုတုန်းက တပ်မတော်နေ့ မြင်ကွင်း၊ အမှတ်တရတွေတော့ အများကြီးပါပဲ။ ဒါတွေကို အဓိကထားပြီး မပြောချင်ဘူး။ ငယ်ငယ်တုန်းကဆို တပ်မတော်ကို ပျိုတိုင်းကြိုက် တဲ့နှင်းဆီခိုင်လို့ ခေါ်ကြတယ်။ ဒါက သူတို့ရဲ့ တရားဝင်ဂုဏ်ထူးတစ်ခုပေါ့။ အဲဒီပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုတဲ့ ဂုဏ်ထူးတစ်ရပ်တပ်မတော်မှာ ပျောက်ကွယ်သွားတာ၊ ဆုံးရှုံး သွားတာအတော်ကြာနေပြီ။ အတော်ကြာခဲ့ပြီ။ အဲဒီ တော့ တပ်မတော်နေ့အခမ်းအနားကလည်း အများကြီးကြာသွားပြီ။ရှေးတုန်းက တပ်မတော် နေ့ အခမ်း အ နားပေါ့လေ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတဲ့စကားနဲ့အညီ တပ်မတော်နေ့မှာ ချီတက်ကြတဲ့အခမ်းအနားတွေလုပ်ရင် လူတိုင်းလူတိုင်းမျှော်ရှုကြတယ်။ ကြည့်ကြ တယ်။ လက်ခုပ်လက်ဝါးတီးကြတယ်။ အားပေးကြတယ်။ အဲဒီဘွဲ့မရှိတဲ့နောက် လူတိုင်းစိတ်ထဲမှာမရှိဘူး။ တချို့တွေရဲ့ ရင်ထဲမှာမရှိကြဘူး။ မျက်နှာလွှဲနေတာတွေရှိ တာပေါ့။ ဒါကိုတပ်မတော်နေ့မှာ တပ်မတော်သားတိုင်း အငယ်ဆုံးကနေ အကြီးဆုံးအထိ ခေါင်းထဲမှာ ဒီလိုမျိုးရှိခဲ့တယ်ဆိုတာ လျစ်လျူမရှုသင့်ဘူး။ တပ်မတော်နေ့နဲ့ ပတ်သက် လာ ရင် ပြောစရာ တွေတစ်ပုံကြီးပဲ။ ထူးခြားတာတွေလည်း အများကြီးပဲ။ ဒါကလူတွေအားလုံးမှာလည်းရှိ တယ်။ ဒီလိုရှိတယ်ဆိုတာကို တပ်မတော်ကလည်း သိတယ်။ တိုင်းပြည်ကလည်း သိတယ်။ နှစ်တွေများ ၊ ပြဿနာတွေများများပေါ့။ ဒါကိုဖြေရှင်းဖို့၊ အဖြစ်အပျက်တွေကို ဖြေရှင်းဖို့ တပ်မတော်က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ သူ တို့စဉ်းစားပေးဖို့ ဒါပဲရှိတယ်”

ဇာတ်ညွှန်းဆရာဆုသြချယ်
” ကျွန်တော်တို့ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ တပ်မတော်နေ့ပုံရိပ်ကတော့ ဟိုးငယ်ငယ်တုန်း က ကြံ့ခိုင်ပျော်ရွှင်သင်တန်းဆိုတာရှိတယ်။ အထက်တန်းကျောင်း၊ အလယ် တန်းကျောင်း တွေမှာ လိုက်ပြီးဖွင့်လှစ်တာ။ အဲဒီမှာသင်ပေးတဲ့၊ အခြေခံစစ်ပညာကို သင်ပေးတဲ့ဆရာကြီး တွေရှိတယ်။ ကျွန်တော်တို့ တအားချစ်ကြရတာ။ အဲဒီသင် တန်းတွေပြီးလို့ ကျွန်တော်တို့ ရှစ်တန်း ကိုအောင်၊ ကိုးတန်းကို အောင်ပြီးတော့အခါမှာတော့ သူငယ်ချင်းတွေဆို စစ်တပ်ထဲ အကုန်ဝင်သွားကြတာ။ တော်တော်လေးကို ချစ်ခဲ့ကြတယ်။ တပ်မတော်ကိုပေါ့။ ဒီဘက်ပိုင်းတဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါကျတော့၊ အရေးပေးတာတို့၊ ဘာတို့ဖြစ်လာတဲ့အခါ ကျွန်တော့် အစ်ကိုနှစ်ယောက်လည်း တပ်ထဲကပါပဲ။ ဒါပေမဲ့ ပြောချင်တာက ဟသွားတယ်။ အရင်တုန်း က တော်လှန်ရေးနေ့ဆိုရင် ကျွန်တော်တို့ ရန်ကုန်ကိုရောက်ခါစက ချီတက်ပွဲတွေပေါ့။ တော် လှန်ရေး ပန်းခြံကို ချီတက်ကြတာပေါ့။ ပြည်သူတွေကနေ ချီတက်လာတဲ့သူတွေကို ပန်းကုံးတွေ စွပ်ကြတာပေါ့။ ကျွန်တော့်အစ်ကို တွေပါနေတော့ အစ်မကလည်း နယ်ကနေ တကူးတကလာပြီး ပန်းကုံးစွပ်ရတာပေါ့။ အဲဒီလိုမျိုးပါ။ နောက်ပိုင်းကျတော့ အဲဒီလိုမျိုး မရှိတော့ဘူး။ ပန်းကုံးစွပ်ချင်လို့လည်း စွပ်ခွင့်မရတော့ဘူး။ အဲဒီလိုမျိုးတွေ ဖြစ် လာ တယ်။ တဖြည်းဖြည်းနဲ့ ပါလာတယ်။ နောက်ပိုင်းက တော့ တော်လှန်ရေးနေ့ဆိုတာသက်သက်ကြီးကို ဖြစ်သွားတယ်”

ခင်ဝင့်ဝါ
” တပ်မတော်နေ့က ညီမ မမေ့နိုင်တဲ့နေ့တစ်နေ့ပါ။ လွတ်လပ်ရေးနေ့တို့၊ တပ်မတော်နေ့တို့ဆိုတာက တိုင်းပြည်အတွက်အရေးပါတဲ့ နေ့ထူးနေ့မြတ်တွေလေ။ အဲဒီအခါ ကျတော့ တပ်မတော်နေ့ကို မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ရော၊ Miss  တစ်ယောက်အနေနဲ့ပါ ဂုဏ်ပြုကြိုဆိုပါတယ်”

ဒါရိုက်တာစင်ရော်မောင်မောင်
” လွတ်လပ်ရေးရပြီးရော၊ မရခင်ရော နိုင်ငံတော်မှာ တပ်မတော်ဆိုတာ အဓိကလိုအပ်တဲ့အတိုင်း အတာတစ်ခုမှာရှိပါတယ်။ အဓိက ကတော့ နိုင်ငံရဲ့လုံခြုံရေးအတွက်ပေါ့။ တပ်မတော်ကို စတင်တည်ထောင်တာက ဗိုလ်ချုပ်အောင်ဆန်းတို့တည်ထောင်ခဲ့တယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ လည်း ပြည်ထောင်စု မပြိုကွဲရေး အတွက်ကို ဆက်လက်ဆောင်ရွက်နေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခု တိုင်းပြည်မှာ ဒီမိုကရေစီတည် ဆောက်နေတဲ့အချိန်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍဆိုတာ တ အားအရေး ကြီးတယ်လေ။ ကျွန်တော်တို့ကတော့ သမိုင်းအစဉ်အလာကောင်း ခဲ့တဲ့ တပ်မတော်နေ့ကိုလည်း ကြိုဆိုတယ်။ ပြီးတော့ ဒီမိုကရေစီလျှောက်လှမ်းမှာလည်း တပ်မတော်သည် တိုင်းပြည်အတွက် အလွန်ကောင်း မွန်သော၊ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပါဝင်ပြီးတော့ ဆောင်ရွက်မယ်လို့လည်း မျှော်လင့်ပါတယ်”

ပန်တျာဦးမြကြည်
(သဘင်အစည်းအရုံး ဥက္ကဋ္ဌ )
” ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် နိုင်ငံတော်ကို ကာကွယ်ခဲ့တဲ့ တပ်မတော်ကို တော့ ကျွန်တော်တို့ဘက်က အလေးထားမှတ်တမ်းတင် ဂုဏ်ပြုရပါတယ်။ တပ် မတော် ဆိုတာက နိုင်ငံတော်ကို ကာ ကွယ်စောင့်ရှောက်ခဲ့တဲ့ တပ်မတော်ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း တပ်မတော်နေ့နဲ့ပတ်သက်ပြီး ဂုဏ်ယူ ဝမ်းမြော က်ရပါတယ်”

ဦးရဲလွင်
(လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း)
” တပ်မတော်နေ့ဆိုတာ အရင်တုန်းက တော်လှန်ရေးနေ့ဆိုပြီး နာမည်တပ်ခဲ့တာပဲ။ နောက်မှ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာ။  တကယ်လို့ တပ်မတော်က သူတို့ရဲ့ ပွဲမှာ ပြည် သူအတွက်လုပ်နေတဲ့သူတွေကို နေရာပေးမယ်၊ ကူညီပါဆိုရင် ကူညီဖို့အဆင်သင့်ပါပဲ။တပ်မတော် ဆိုတာတပ်မတော်ရဲ့ဂုဏ်သိက္ခာကို ကျမသွားေ အာင် ကျွန်တော်တို့ က တိုက်တွန်းနှိုးဆော်ရမှာပါ”

ဆောင်းဦးလှိုင်
ဗိုလ်ချုပ်တို့ဟာ အဲဒီတုန်းက လူငယ်လေးတွေ၊ တိုင်းပြည်အတွက် စွန့်စားပြီးတော့ ရိုးသားကြိုးစားခဲ့ကြတော့လည်း တစ်တိုင်းပြည်လုံးက လက်ခံတဲ့ ခေါင်းဆောင်ကြီး ဝကို အသက် ၃ဝ ဝန်းကျင်မှာ ရောက်သွားတယ်။ ကျဆုံးသွားတဲ့အချိန်မှာ တစ်တိုင်းပြည်လုံး က အမြဲတမ်းအလေးပြု သတိရအောက်မေ့နေရတဲ့ အာဇာနည်ခေါင်းေ ဆာင်ကြီြး ဖစ်သွားတယ်။  ဗိုလ်ချုပ်အောင်ဆန်းဟောခဲ့၊ ပြောခဲ့၊ညွှန်ကြားခဲ့တဲ့ နိုင်ငံကောင်း၊ နိုင်ငံကြီး တစ်ခု ဘဝကိုဘာဖြစ်လို့မရောက်ရမှာလဲ။ တပ်မတော်နေ့ အခမ်း အနားကို ရန်ကုန်မြို့၊ တော်လှန်ရေးပန်းခြံမှာ ကျင်းပတယ်။ အခုနေပြည်တော်မှာ ကျင်းပတယ်။ အချိန်တွေ၊ နေရာတွေ၊ ခံစားချက်တွေ ပြောင်းလဲသွားခဲ့ပြီ။ အမှတ် တရ အနေနဲ့ တော်လှန်ရေးနေ့လို့ အမည်နာမ တွင်ခဲ့တယ်။ နောက်တော့ တပ်မတော်နေ့ဖြစ်သွားတယ်။ မြန်မာ့တပ်မတော်ကို စစ်ချီ၊ စစ်တက် မိန့် ခွန်းတွေ ညွှန်ကြား ချက်ေ တွပေးနေတာကို သမိုင်းဓာတ်ပုံလေးရှိတယ်။ အဲဒါလေး တွေကို ပြန်တွေ့ရတိုင်းမှာ တို့ တိုင်းပြည်မှာ အလားအလာ ကောင်းတွေ အများကြီး ရှိခဲ့တယ်။”

ကိုသားထွေး
(လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း)
တပ်မတော်နေ့ဆိုတာ တကယ့်ကို ဂျပန်ကိုတော်လှန်ခဲ့တဲ့တော်လှန်ရေးနေ့ပေါ့။ ကျွန်တော်တို့ ကျတော့ တော်လှန်ရေးနေ့ဆိုပြီး သင်လာခဲ့ရတယ်။ ဗိုလ်ချုပ်အောင် ဆန်းတို့က မတရားဖိနှိပ် တဲ့ဖက်ဆစ်စနစ်ကို လက်နက်စွဲကိုင်ပြီး စတင်တော်လှန်တယ်။  မတရားတဲ့ကိစ္စတွေကို တော်လှန်ပစ်ရမယ်ဆိုတဲ့ အသိ လူငယ်တွေ ကို ပေး ရမယ်”

ကြည်ဖြူသျှင်
” အစ်မတို့ ကလေးဘဝတုန်းကဆိုရင် တပ်မတော်နေ့ရောက်ပြီဆိုရင် မနက်အစောကြီး တပ်မတော်စစ်ရေးပြအခမ်းအနားမှာ ချီတက်ကြပြီဆိုရင် ပန်းကုံးတွေ စွတ်ကြ တယ်။ တအားလည်းပျော် ဖို့ကောင်းတယ်။ အသက်ကြီးလာတဲ့အခါကျတော့ တပ်မတော် နေ့ရောက်တဲ့အချိန်မှာ ဘယ်လို ခံစားရလဲဆိုတော့ ဒီတပ်မတော်ကို ထူထောင်ခဲ့ တဲ့ ရည်ရွယ်ချက်ပေါ့။ ပြီးတော့ တိုင်းတစ်ပါးက ကိုယ့်တိုင်းပြည်ကို လာပြီးမကျူးကျော်ဖို့ အတွက်နဲ့ တပ်မတော်နဲ့ ကာကွယ်ဖို့အတွက်ကို တပ်မတော်ကို တည်ထောင် ခဲ့တယ်လို့ နားလည်လာတယ်။ တပ်မတော်သားတွေဆိုတာ တိုင်း ပြည်မှာရှိတဲ့ လူတွေရဲ့အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် တည်ထောင်ခဲ့တယ်။”

နန်းခင်ဇေယျာ
” တပ်မတော်ဆိုတဲ့ ဒီအဝန်းအဝိုင်းရှိမှ ခြံတစ်ခုဆိုတာ မပျက်စီးမှာလေ။ အဲဒီတော့ ဒီခြံလေး မပျက်စီးဖို့အတွက် တပ်မတော်အင်အားဖြည့်ဖို့လည်း လိုအပ်တယ်။ ဒီတပ် မတော် က ရန်သူတွေကိုချေမှုန်းပေးနေတာလေ။ တပ်မတော်နေ့ဆိုတာကလည်း ပြည်သူပြည်သားတွေ မှတ်မှတ်ရရရှိရမယ့် နေ့တွေထဲက တစ်နေ့ပါပဲ။ ဒါကြောင့် ဒီနေ့လေးကိုမှတ်မှတ်ရရရှိစေ ချင်တယ်”

သူရိယ
” တပ်မတော်နေ့မှာ တပ်မတော်သားတွေကို အောင်သပြေပန်းစည်းတွေ၊ ပန်းကုံးတွေနဲ့ ကမ်းကြ၊ ကြိုကြတယ်။ ဒီလိုမှတ်မှတ်ရရလေးတွေက ကောင်းပါတယ်။ နောက် တကယ် ဂုဏ်ယူလေးစားရတဲ့သူတွေကိုလည်း လေးစားဂုဏ်ပြုတဲ့နေ့လေးပါပဲ။”

ကောင်းပြည့်
ငယ်ငယ်ကလည်း ကျွန်တော်စစ်ဗိုလ် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကြီးလာတော့ မင်းသား ဖြစ်နေတယ်။  လူတိုင်းအားလုံးကတော့ ကိုယ့်တိုင်းပြည်အတွက် အသက်ပေး သွားကြတဲ့ ရဲဘော်တွေ၊ စစ်ဗိုလ်တွေအတွက် ဂုဏ်ပြုတဲ့နေ့လေးကို တော့ အသိအမှတ်ပြုသင့်ပါတယ်လို့ ပြောချင်ပါတယ်”

မျောက်ရှုံး
တပ်မတော်နေ့လို့ပဲ ခေါ်ခေါ်၊ တော်လှန်ရေးနေ့လို့ပဲခေါ်ခေါ် အဲဒီနေ့ဟာ ကျွန်တော်တို့မြန်မာပြည်အတွက် နေ့ထူးနေ့မြတ်တစ်နေ့ပါပဲ။  ငါ့နိုင်ငံမှာရှိတဲ့ ငါ့ပြည်သူတွေ၊ တို့ လူမျိုးတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့နေနိုင်ကြစေဆိုတဲ့ မွန်မြတ်သောပရဟိတရည်ရွယ်ချက်နဲ့ သက်စွန့်ဆံဖျား မြန်မာပြည်ကြီးအတွက် အကျိုးပြုသွားတဲ့ တပ်မတော် သားတွေကို ဂုဏ်ပြုပါတယ်။ တိုင်းပြည်တစ်ပြည်မှာ တပ်မတော်ကတော့ လုံးဝရှိသင့်တယ်။

 ပေါ်ပြူလာအဖွဲ့/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB