ယာဉ်တိုက်မှုကြောင့် အလုပ် မလုပ်နိုင်သေး၍ လက်ခံ ထားသည့် အလုပ်အတွက် စရန်ငွေများကို ပြန်အမ်းထား ကြောင်း လင်းဇာနည်ဇော် က ပြောသည်။
”ကိုယ်က မလုပ်နိုင်သေးဘူး။ တစ်ဖက် အလုပ်ရှင်ကိုလည်း အားနာတယ်လေ”ဟု လင်းဇာနည်ဇော်က ပြောသည်။
လင်းဇာနည်ဇော်သည် ဇန်နဝါရီ ၂ဝ ရက်နေ့က
ယာဉ် တိုက်မှုဖြစ်ခဲ့ပြီး ခါး၊ ဇက် နှင့် လက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ရာ
ယခုအခါ ပြန်လည် သက်သာစပြု လာကြောင်း ၄င်းက ပြောသည်။
”ခါးကတော့ နည်းနည်း နားရဦးမယ်။ ဇက်ကတော့
တော်တော် သက်သာလာပါပြီ။ လက်ဆိုလည်း လှုပ်လို့ရပြီ။ အားလုံး ပုံမှန်အတိုင်း
ပြန် မဖြစ်သေးပေမယ့် နောက် တစ်လ နှစ်လလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ”
ဟု ၄င်းက ဆက်ပြောသည်။




