Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဘရာဇီးလ်၏ ရွှေရောင်ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေဆဲ ရော်နယ်လ်ဒို

                      
ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးချီတက်သည့် ကာနီဗယ်လ် ပွဲတော်တစ်ခုတွင် ရော်နယ်လ်ဒိုက ဂုဏ်ယူစွာ ပါဝင်ခဲ့သည်။

ဘောလုံးသမား ဘဝကို ကျောခိုင်းစွန့်ခွာသွားပြီ ဖြစ်သည့် တိုင် ရော်နယ်လ်ဒို ဒီလားမား အနေဖြင့် ဘရာဇီးလ်၏ ရွှေရောင်ပုဂ္ဂိုလ် တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးချီတက်သည့် ကာနီဗယ်လ် ပွဲတော်တစ်ခုတွင် ရော်နယ်လ်ဒိုက ဂုဏ်ယူစွာ ပါဝင်ခဲ့သည်။ ဆော်ပေါ်လို အသင်းကို အားပေးသူများ စူစည်းတည်ထေင်ထားသည့် ဆမ်ဘာအကသင်တန်းကျောင်း တစ်ခုမှ ကျောင်းသူကျောင်းသားများက ဆော်ပေါ်လိုမြို့ထဲတွင် လှည့်လည်ကပြကြခြင်း ဖြစ်သည်။

အဆိုပါ ကာနေဗယ်လ်ပွဲတော် အခမ်းအနားတွင် ရော်နယ်လ်ဒိုသည် ဖိတ်ဖိတ်တောက်သည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ကာ ကခြေသည်များကြား ပျော်ရွှင်စွာဖြင့် လိုက်ပါလာသည်ကို လည်း တွေ့ရသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် လအနည်းငယ်သာ လိုတော့သည့် အချိန်တွင် ဘရာဇီးလ်၌ ကာနေဗယ်လ်ပွဲတော် ကျင်းပခဲ့ရာ ကမ္ဘာ့ဖလားအတွက် ရည်စူးသည့် အစီအစဉ်များလည်း ပါရှိလာသည်။

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စီအီးအို Marissa Maye


Marissa Mayer လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး အသက် ၃၈ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာပဲ Yahoo! ရဲ့  စီအီးအိုအဖြစ် အခန့်အပ် ခံရပါတယ်။

Yahoo! မတိုင်မီက ၁၉၉၉ ခုနှစ်ကစလို့ Google မှာ စတင် လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။ Google ရဲ့  အယောက် ၂၀ မြောက်ဝမ်းထမ်း၊ ပထမဦးဆုံး အမျိးသမီးအင်ဂျင်နီယာ ဝန်ထမ်းအဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရပါတယ။် Google မှာတုန်းကလည်း လုပ်သက်ရှည်ပြီး အရေးအကြီးဆုံး ခေါင်းဆောင် ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တကယ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့သြဇာလွမ်းမိုးမှု အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် စာရင်းမှာ အဆင့် ၁၄ အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မီလျံနာ တစ်ဦး ဖြစ်ပြီး Yahoo! အပြင် အခြားသော စီးပွားရေးလုပ်ငန်း၊ ပရဟိတ လုပ်ငန်း အဖွဲ့အစည်းများစွာမှာလည်း တာဝန်ယူ ဝင်ရောက် လုပ်ကိုင်လျက် ရှိပါတယ်။

facebook Page ဖွင့်နည်း


သူများကို ပိုက်ဆံပေးပြီး ဖွင့်ခိုင်းတာက ငွေလည်းကုန်တယ် ကိုယ်လည်း မတတ်ဘူး။ ဘာမှ အခက်ပါဘူး။ ဖေ့ဖွတ်ကိုတော့ သုံးတတ်ဖို့ လိုအပ်ပါတယ်။ facebook Page ဖွင့်နည်းကို မျှဝေပေးလိုက် ရပါတယ်။

(၁) မိမိ facebook မှ အပေါ်ဘက် မြှားသွားပုံ စက်တင်လေးမှာ တစ်ချက်နှိပ်ပါ။

(၂) အဲဒီမှာ Create Page ကို နှိပ်လိုက်ပါ။

(၃) ကဏ္ဍတွေကို တွေ့ပါလိမ့်မာ်။ Local Business or Place ၊ Company, Organization or Institution ၊ Brand or Product ၊ Artist, Band or Public Figure ၊ Entertainment ၊ Cause or Community ဆိုပြီး ရှိပါတယ်။ တစ်ခုရွေးပါ။

(၄) ကဏ္ဍတစ်ခုရွေးပြီးတာနဲ့ Company Name ကိုထည့်ပါ။ Choose a category ကိုရွေးပါ။

(၅) I agree to Facebook Pages Terms မှာ အမှန်ခြစ် ထည့်လိုက်ပါ။ ထို့နောက် Get Started မှာ နှိပ်လိုက်ပါ။

မုန့်ဖိုးနှင့်အတူ ကိုယ်ချင်းစာတရားမှလွဲ၍ အခြားအရာများ မပါစေရ

ညနေခင်းက အမြှုပ်တစီစီထလွန်းလှသည်။ အခိုးတရှိန်ရှိန် ထွက်နေသော သွေးရောင်လွှမ်းမျက်နှာများနှင့် မည်သည့် အဓိပ္ပာယ်ဟု အလိုလိုသိသာနေသော ရီဝေဝေ အကြည့်များကို လည်း ထိုနေရာ တွင်ပေါပေါသီသီရနိုင်ပါသည်။ ထိုကဲ့သို့ အရိုင်းဆန်လှသောနေရာ တစ်ခုတွင် ပေါင်လယ်ခန့်စကပ်တိုတို၊ ရင် တစ်ဝက်လှပ်ထားသော ကြိုးပျောက်ဘော်လီအင်္ကျီနှင့် မိန်းမ သားတစ်ဦးကို ဟိုစားပွဲဝိုင်းကူးလျက် ဒီစားပွဲဝိုင်းကူးလျက်မြင်တွေ့ရပါလျှင် သင့်မျက်လုံးများသည်ရော တစ်စုံတစ်ရာသော တပ် မက်မှုဖြင့် အရောင်မပြောင်းဟုအာမခံနိုင် ပါမည်လော။ အဘယ့်ကြောင့်ဆိုသော် နေရာ အချိန်နှင့် သုံးစွဲနေသော အရာ၏ ပံ့ပိုးမှုများက ပုထုဇဉ်တို့၏စိတ်ကို ဖောက်ပြန်ေ စတတ်သော ကြောင့်ဖြစ်သည်။ ထိုနေရာက နိုက်ကလပ်တစ်ခုမဟုတ်။ မော် ဒယ်လျှောက်လမ်းတစ်ခုမဟုတ်သလို အပျော်အပါးအတွက် သွေးသား အရောင်းအဝယ်နေ ရာတစ်ခုလည်း မဟုတ်ပါ။ ထို နေရာက ဘီယာဆိုင် တစ်ခုသာဖြစ်သည်။ အဖြေကိုသိပြီဆို သောအခါ သင့်ထံတွင်အတွေး တစ်ခုလည်းရှိနေပြီဖြစ်သည်။

လူထွားကြီးတစ်ဦးကြောင့် ပူတာအိုမြို့မှ အမျိုးသမီးများ ထိတ်လန့်လျှက်ရှိ

လွန်ခဲ့သည့်(၅)ရက်ခန့်မှစ၍ ကချင်ပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော ပူတာအိုမြို့ပေါ်တွင် အမျိုးသမီးများ ညစဉ် ထိတ်လန့်နေရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လျှက်ရှိရာ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ (၅၊၃၊၁၄)ရက်နေ့က ပူတာအိုမြို့နယ်တာဝန်ရှိသူများမှ အရေးပေါ်အစည်းအဝေးပြုလုပ်၍ ကျူးလွန်နေသူအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ရကြောင်း herjule media မှသတင်းရရှိပါသည်။

ထိုသို့ ထိတ်လန့်နေရသောသတင်းမှ လူထွားကြီးတစ်ဦး ညအချိန်တွင် အမျိုးသမီးများရှိရာ နေအိမ်များပေါ်တက်၍ မဖွယ်မရာ ပြုလုပ်နေသည့် သတင်းဖြစ်ပြီး တစ်ညလျှင်တစ်ရပ်ကွက်နှုန်းဖြင့် နေအိမ်များပေါ်တက်၍ အဓမ္မကြံစီရန်ကြိုးပမ်းနေကြောင်း ဒေသခံတစ်ဦးမှ ယခုလိုအတည်ပြု herjule media သို့ ယခုလိုပြောကြားခဲ့ပါသည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB