Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဘရာဇီးလ်၏ ရွှေရောင်ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေဆဲ ရော်နယ်လ်ဒို

                      
ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးချီတက်သည့် ကာနီဗယ်လ် ပွဲတော်တစ်ခုတွင် ရော်နယ်လ်ဒိုက ဂုဏ်ယူစွာ ပါဝင်ခဲ့သည်။

ဘောလုံးသမား ဘဝကို ကျောခိုင်းစွန့်ခွာသွားပြီ ဖြစ်သည့် တိုင် ရော်နယ်လ်ဒို ဒီလားမား အနေဖြင့် ဘရာဇီးလ်၏ ရွှေရောင်ပုဂ္ဂိုလ် တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးချီတက်သည့် ကာနီဗယ်လ် ပွဲတော်တစ်ခုတွင် ရော်နယ်လ်ဒိုက ဂုဏ်ယူစွာ ပါဝင်ခဲ့သည်။ ဆော်ပေါ်လို အသင်းကို အားပေးသူများ စူစည်းတည်ထေင်ထားသည့် ဆမ်ဘာအကသင်တန်းကျောင်း တစ်ခုမှ ကျောင်းသူကျောင်းသားများက ဆော်ပေါ်လိုမြို့ထဲတွင် လှည့်လည်ကပြကြခြင်း ဖြစ်သည်။

အဆိုပါ ကာနေဗယ်လ်ပွဲတော် အခမ်းအနားတွင် ရော်နယ်လ်ဒိုသည် ဖိတ်ဖိတ်တောက်သည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ကာ ကခြေသည်များကြား ပျော်ရွှင်စွာဖြင့် လိုက်ပါလာသည်ကို လည်း တွေ့ရသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် လအနည်းငယ်သာ လိုတော့သည့် အချိန်တွင် ဘရာဇီးလ်၌ ကာနေဗယ်လ်ပွဲတော် ကျင်းပခဲ့ရာ ကမ္ဘာ့ဖလားအတွက် ရည်စူးသည့် အစီအစဉ်များလည်း ပါရှိလာသည်။ ဂါဗီယော့စ်ဒါဖီရဲလ် ဆမ်ဘာအက သင်တန်းကျောင်းသည် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် အင်တာမီလန် တိုက်စစ်မှူးဟောင်းကို ဂုဏ်ပြုရင်း ကာနေဗယ်လ် ပွဲတော်၌ ဘရာဇီးလ် ကမ္ဘာ့ဖလားအတွက် ရည်ရွယ်ကာ ချီတက်ဂုဏ်ပြုကြခြင်း ဖြစ် သည်။ ရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် (၁၅)ဂိုးသွင်းကာ ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ရပ်တည်နေသည်။ အသက်(၃၇)နှစ် ရှိပြီဖြစ်သော ရော်နယ်လ်ဒိုသည် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဘရာဇီးလ်ကိုယ်စားပြု စည်းရုံးပေးသည့် သံတမန် (၆)ဦးအနက် (၁)ဦးဖြစ်ကြောင်းလည်း သိရှိရသည်။


                               

Planet Myanmar Network

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB