Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဟစ်ဟော့ပ် အဆိုတော် ဂျောက်ဂျက်ရဲ့ ပရဟိတ အလှူ

ဟစ်ဟော့ပ် အဆိုတော်ဂျောက်ဂျက် က မကြာသေးခင်က ထွက်ရှိထားတဲ့ မာစတာသင်္ကြန် အခွေမှာ “သင်္ကြန် ဘာဘီရုပ်” ဆိုတဲ့ သီချင်းကို ပါဝင်သီ ဆိုထားပါတယ်။ သင်္ကြန် သီချင်းတွေကို ဟစ်ဟော့ပ် ဆန်ဆန် ဆိုတတ်တဲ ဂျောက်ဂျက်က သင်္ကြန်သီချင်း ဆိုရတဲ့ ဖီလင် နဲ့ ပတ်သက်ပြီး “အမှန် အတိုင်းပြောရရင် သင်္ကြန် သီချင်း ကရေးစရာ သိပ်မရှိဘူး။ အဆိုတော်တိုင်းကို မေးကြည့်လို့ ရတယ်။ တကယ် မလုပ်ချင်ဆုံးက သင်္ကြန် သီချင်းပဲ။ ဘာဖြစ် လို့လဲဆိုတော့ ထွေထွေထူးထူး ရေးစရာ သိပ် မရှိလို့။ ဒါပေမဲ့ ဒီသီချင်းလေး ကိုတော့ အကောင်းမွန်ဆုံး ဖြစ်အောင် လုပ်ထားပါတယ်” လို့ ဂျောက်ဂျက် က ပြောပါတယ်။
ဒီနှစ် သင်္ကြန်မှာ မန္တလေးမှာရှိဖို့များ တယ်လို့ပြောတဲ့ ဂျောက်ဂျက်က အဆိုတော် ဖြစ်ပြီးတဲ့ နောက်ပိုင်း သင်္ကြန်ကာလတွေ ဆို အလုပ်များကြောင်း ပြောပါတယ်။ “သင်္ကြန် ကတော့ မန္တလေးမှာ ရှိမယ်။ သင်္ကြန်ဆို သိပ်မကဲရပါဘူး။ အလုပ်လုပ်ရတာ များတယ်။ ငယ်ငယ်တုန်း ကဆို ကျွန်တော် ၉တန်းနှစ်တုန်း ကပေါ့။ ကားနဲ့ ခိုးလည်တာ အဖေ သိသွားတော့ အရိုက်ခံရတယ်။ အဲဒါလေးကတော့ သင်္ကြန် အမှတ်တရပါပဲ”လို့ ဂျောက်ဂျက် က သင်္ကြန်နဲ့ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရ ကို ပြောပြပါတယ်။

သုံးရာသီ ဂီတဆုပေးပွဲ အပေါ် ဂီတလောကသား တို့အမြင်

 မြန်မာ့ ဂီတလောက မှာပေါ်ထွက်လာတော့မယ့် သုံးရာသီ ဂီတ ဆုပေးပွဲကြီးဟာ ၂ဝ၁၄ နှစ်လယ်လောက်မှာ စတင်အကောင် အထည် ဖော်တော့ မှာဖြစ်ပါတယ်။ အဲဒီ အတွက် ဂီတလောက သားတို့ရဲ့ ဆုပေးပွဲကြီး အပေါ် အမြင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။
မြင့်မိုးအောင်
“ဆုအနေ နဲ့ကတော့ FM တွေ ကပေးတာတွေတော့ တွေ့ဖူးတယ်။ သူတို့လည်း သူတို့ရဲ့စံနှုန်း စံထား တွေနဲ့ပေးတာပေါ့လေ။ အနုပညာ ရှင် တွေထောင့်က ကြည့်ရင် လည်း တချို့ မကြိုက်တာလေးတွေရှိတယ်။ ဒီထက်ပိုပြီး ပြည့်စုံတဲ့ ဆုမျိုးကို မျှော် လင့်ကြတာပေါ့။ ဒီလို ဆုပေးတာက တခြားပုဂ္ဂလိက အဖွဲ့အစည်း အနေ နဲ့လည်း လုပ် ရင်တော့ ရပါတယ်။ အခုလည်း FM တွေက တစ်မျိုးလုပ် မယ် လို့တော့ကြားတယ်။ ဂီတ အစည်း အရုံးကလည်း စီစဉ်နေတယ်။ ကိုယ် တစ်ယောက်တည်း အမြင် အရဆို ရင် ဘာဖြစ်ဖြစ် ကြိုဆိုတယ်။ အား လုံးကတော့ ကောင်းအောင် လုပ်ကြမှာပဲလေ။ ဘယ်သူလုပ် တာ ပဲဖြစ်ဖြစ် ဂီတလောက တစ် ခုလုံးကောင်းဖို့ အတွက် ကတော့ ကြို ဆိုပါတယ်။ ကျွန်တော်က အခု သုံး ရာသီ ဆုပေးပွဲ အစီအစဉ်မှာ အကြံ ပေးအနေနဲ့ ပါဝင်မှာပါ”
ရန်ရန်ချန်း

မြန်မာ့ ဂီတဆုပေးပွဲ ကြီးကို စတင် ကျင်းပရန် စိတ်ကူး အကောင် အထည်ဖော်ခဲ့သူ ရွှေဂျော်ဂျော်နှင့် တွေ့ဆုံခြင်း

မြန်မာပြည် ဂီတလောကမှာ FM တွေကပေးတဲ့ ဂီတဆုတွေ အသီးသီး ရှိကြပေမယ့် အနုပညာရှင် အချင်းချင်း  တစ်ဦးကို တစ်ဦး မဲပေးရွေးချယ် ကြတဲ့ မြန်မာ့ ဂီတဆု ကတော့ ပြီးခဲ့တဲ့နှစ် အပိုင်းအခြားတွေမှာ မရှိခဲ့ပါဘူး။ အခု ၂ဝ၁၄ ခုနှစ် ထဲမှာတော့ တေးရေး ရွှေဂျော်ဂျော် ရဲ့ စိတ်ကူး နဲ့ အတူ  ဂီတလောကသား များ ပူးပေါင်း ရွေး ချယ် ကြမယ့်  သုံးရာသီ ဂီတဆု  ပေါ်ထွက် လာတော့ မှာ ဖြစ်ပါတယ်။  လက်တလောမှာ တော့   ဆုပေးပွဲကြီး ကို  ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ပြင်ဆင် ပြီးသွားပြီ လို့ သိရ တာကြောင့် စိတ်ကူး အကြံဥာဏ် စတင်ခဲ့သူ ရွှေဂျော်ဂျော် နဲ့ တွေ့ဆုံ မေး မြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ရပါတယ်။
ဒီလိုဂီတဆုပေးပွဲမျိုးကို ကျင်းပဖို့ စိတ်ကူးက ဘယ်လိုရတာလဲ။ ဘယ် အချိန်လောက်ကစပြီး အကောင် အထည်ဖော်ခဲ့တာလဲ။
နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွေ မှာ PFA ဆုဆိုတာရှိတယ်။ ဘောလုံး ကစားသမားတွေ က အကောင်းဆုံး ကစားသမားကို မဲပေး ရွေးချယ်တဲ့ သဘောပါ။ ဒီလိုသဘော တရားပေါ် မှာ အခြေခံ ပြီးတော့ စိတ်ကူးဖြစ် တယ်။ စိတ်ကူး ရှိနေတာတော့ ကြာ ပြီပေါ့။ အကောင်အထည်ဖော်ဖြစ် တာတော့ ၈လလောက် ရှိပြီ။
ဒီဆုမှာ မဲပေးရွေးချယ်ဖို့ ပညာရှင် တွေအားလုံး ဘယ်နှစ်ဦးလောက်ပါ မလဲ။ မဲပေးနိုင်တဲ့ သူတွေ အနေနဲ့ ကကော ဘယ်လိုပေးရမလဲ။

မိုင်တိုင်၂၆ဇာတ်ကားကို စင်ကာပူမှာ ပြဖို့စီစဉ်နေတယ်လို့ ဆိုတဲ့အဆိုတော်၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်

အဆိုတော်၊ သရုပ်ဆောင်ခွန်းဆင့်နေခြည်ကို လတ်တလောအနုပညာလှုပ် ရှားမှုနဲ့အတူ နယူးယောက်မှာ သွားရောက်ပြသခဲ့တဲ့ မိုင်တိုင် ၂၆ဇာတ်ကားအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ ‘အမေရိကန်နိုင်ငံ နယူးယောက်ရယ်၊ ဆန်ဖရန်စစ္စကို နဲ့ LA မှာ အစ်မရဲ့ မိုင်တိုင်၂၆ဇာတ်ကားကို သွားရောက်ပြသခဲ့တယ်။ အဲဒီ့မှာ အစ်မရဲ့ တစ်ကိုယ်တော်ဖျော်ဖြေရေးနဲ့ မိုင်တိုင်၂၆ရုပ်ရှင်ကားနဲ့ နှစ်ခုပေါင်းလုပ်ခဲ့တယ်။  အဲဒီ့လေးပွဲလုံးကို မြန်မာပရိသတ်တွေ လာကြည့်ကြသလို၊ နိုင်ငံခြားသားတွေပါ လာကြည့်ကြတယ်။ အစ်မက မိုင်တိုင်၂၆ ကို Subtittle လည်းထိုးထားတော့ ဇာတ်လမ်း သဘောတရားကို သူတို့သဘောပေါက်ကြတယ်။ အဲဒီ့ပွဲလေးပွဲလုံး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကို သူတို့ဘက်ကနေ မြန်မာနိုင်ငံရဲ့ Special Guest ဆိုပြီး ထပ်ဖိတ်တယ်။ အဲဒါက မတ်လ၉ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာ၊ Chinese Assosiation ရဲ့38 Anniversary လုပ်မယ့်ပွဲဖြစ်တယ်။ အစ်မက သွားပြီးတော့ သီဆိုဖျော်ဖြေပေးရမယ်။ တရုတ်၊ မြန်မာချစ်ကြည်ရေးပွဲဆိုတော့ တရုတ်သီချင်းရယ်၊ မြန်မာသီချင်းရယ် ဆိုပေးရမယ်။ သီချင်းဆိုပေးရင်းနဲ့မှ ဆန်ဖရန်စစ္စကိုမှာ တစ်ပွဲထပ်ဆိုပေးရမယ်။

ထူးခြားတဲ့ ကာရိုက်တာလေးတွေ သရုပ်ဆောင်ရတာ သဘောကျတယ်လို့ဆိုတဲ့ သွန်းဆက်

ငြိတွယ်၊ ပျိုလေးရည်းစားမြို့ကြီးသားဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး နောက်မှာတော့ အခုဆိုရင် ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်သွန်းဆက်ကို လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့အတူ နွေရာသီနဲ့ပတ်သက်တဲ့စိတ် ခံစားချက်တွေကိုမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ ကိုရာဇာနေဝင်းနဲ့ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်ပြီးသွားပြီ။ အခု မင်းသားသစ် ဇနဲ့ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။ ညီမ ခေါင်းဆောင်မင်းသမီးဖြစ်သွားပြီးတဲ့နောက် ဇာတ်ကားတွေ ရိုက်ခဲ့ပြီးတဲ့နောက်မှာ ကိုလူမင်းနဲ့ ရိုက်ထားတဲ့ ဘဲကွဲဆိုတဲ့ ဇာတ်ကားလေးကတော့ ထူးထူးခြားခြားဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ယောင်္ကျားလေးတစ်ယောက်ရဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတာလေ။ အဲ့ဒီဇာတ်ကားလေးကိုလည်း ညီမသဘောကျပါတယ်။’လို့ သူမက ပြောပါတယ်။

စန္ဒီ/ Trend Myanmar

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB