Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သုံးရာသီ ဂီတဆုပေးပွဲ အပေါ် ဂီတလောကသား တို့အမြင်

 မြန်မာ့ ဂီတလောက မှာပေါ်ထွက်လာတော့မယ့် သုံးရာသီ ဂီတ ဆုပေးပွဲကြီးဟာ ၂ဝ၁၄ နှစ်လယ်လောက်မှာ စတင်အကောင် အထည် ဖော်တော့ မှာဖြစ်ပါတယ်။ အဲဒီ အတွက် ဂီတလောက သားတို့ရဲ့ ဆုပေးပွဲကြီး အပေါ် အမြင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။
မြင့်မိုးအောင်
“ဆုအနေ နဲ့ကတော့ FM တွေ ကပေးတာတွေတော့ တွေ့ဖူးတယ်။ သူတို့လည်း သူတို့ရဲ့စံနှုန်း စံထား တွေနဲ့ပေးတာပေါ့လေ။ အနုပညာ ရှင် တွေထောင့်က ကြည့်ရင် လည်း တချို့ မကြိုက်တာလေးတွေရှိတယ်။ ဒီထက်ပိုပြီး ပြည့်စုံတဲ့ ဆုမျိုးကို မျှော် လင့်ကြတာပေါ့။ ဒီလို ဆုပေးတာက တခြားပုဂ္ဂလိက အဖွဲ့အစည်း အနေ နဲ့လည်း လုပ် ရင်တော့ ရပါတယ်။ အခုလည်း FM တွေက တစ်မျိုးလုပ် မယ် လို့တော့ကြားတယ်။ ဂီတ အစည်း အရုံးကလည်း စီစဉ်နေတယ်။ ကိုယ် တစ်ယောက်တည်း အမြင် အရဆို ရင် ဘာဖြစ်ဖြစ် ကြိုဆိုတယ်။ အား လုံးကတော့ ကောင်းအောင် လုပ်ကြမှာပဲလေ။ ဘယ်သူလုပ် တာ ပဲဖြစ်ဖြစ် ဂီတလောက တစ် ခုလုံးကောင်းဖို့ အတွက် ကတော့ ကြို ဆိုပါတယ်။ ကျွန်တော်က အခု သုံး ရာသီ ဆုပေးပွဲ အစီအစဉ်မှာ အကြံ ပေးအနေနဲ့ ပါဝင်မှာပါ”
ရန်ရန်ချန်း

“တကယ့် ပညာရှင်တွေ၊ နယ်ပယ်အစုံက ပညာရှင်တွေ အားလုံး ကပေးတာမျိုး၊ တစ်ခုတည်း က ပေးတာ မဟုတ်ဘဲ နဲ့ စာပေပညာရှင်တွေ ရော၊ တခြား ပညာ ရှင် တွေရော၊ ပရိသတ်တွေကပါ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံ ကပေးတာဆိုတော့ မျှတမယ်လို့လည်း ထင်တယ်။ ပြီးတော့ ပေးသင့်တယ်လို့ လည်းထင်တယ်။ တကယ် အရည် အချင်း ရှိတဲ့သူ တွေ လည်း ပိုပြီး အား တက်မယ် ထင်တယ်။ လောလောဆယ်တော့ အကြံမပေး တတ်သေးပါဘူး။ လူကြီးတွေ လုပ်တာ ဆိုတော့ ကောင်း ပါတယ်”
ဂျောက်ဂျက်
“ကောင်းပါတယ်။ အားလုံး အရင်ကထက် ပိုပြီး အလုပ်ပိုလုပ်ချင် တဲ့စိတ်လေးတွေ ဖြစ်သွားတာပေါ့။ အထူးသဖြင့် အနည်းနဲ့ အများပေါ့။ မပေါက်သေးတဲ့ သူလည်း ရှိသလို ပေါက် ပြီးတဲ့သူလည်း ရှိတယ်။ အားလုံးကြိုး စားကြမယ်လို့ ကျွန်တော် ထင်တယ်။ ကိုယ့် အချင်းချင်း မဲပေးပြီး ဆုရွေး ချယ်မှာ ဆိုတော့ ကောင်းပါတယ်။ ဂီတ အစည်းအရုံး ရွေးချယ်သလိုမျိုး Vote စနစ် နဲ့ရွေးချယ်မယ်ဆိုတော့ ကောင်း ပါတယ်”
ဆက်လက်ဖော်ပြပါမည်
 popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB