၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရွာ၊
ပုလဲလမ်းထိပ်ရှိကုန်စုံဆိုင်အနီး၌ ၎င်းရွာနေ မောင်မျိုး(ခ)ဇော်မျိုးမှာ
ကုန်စုံဆိုင်ဘေးလမ်းကြားသို့ လမ်းမှားဝင်သည့် ကိစ္စဖြင့် ကုန်စုံဆိုင်မှ
ကိုကျော်မိုးနှင့်စကားများကြပြီး လုံးထွေးသတ်ပုတ် နေကြသဖြင့်
မောင်မျိုး(ခ)ဇော်မျိုး၏ညီမများဖြစ်သော မငြိမ်းငြိမ်းအေးနှင့်
မသန္တာထွေးတို့မှ ၀င်ရောက်ဖျန်ဖြေပေးခဲ့ကြပါသည်။
ထိုသို့ ဖျန်ဖြေပေးနေစဉ် မောင်မျိုး(ခ)ဇော်မျိုးမှ အသင့်ပါလာသောဓါးဖြင့်
ကိုကျော်မိုးကိုထိုးခဲ့ရာ ကိုကျော်မိုး အားမထိုးမိဘဲ ညီမဖြစ်သူမသန္တာထွေး၏
ယာဘက်ရင်သားအောက်ကိုထိုးမိသွားခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့
တင်ပို့ကုသစဉ် မသန္တာထွေးမှာသေဆုံးသွားခဲ့ပါသည်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
ပညာရေးအတွက် လှူဒါန်းထားတဲ့ ကျပ်သိန်းပေါင်း ၇၀၀ နီးပါးတန်ဖိုးရှိ ဒေါ်လာများ အခိုးခံလိုက်ရ
ကမာရွတ်မြို့နယ်
အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် တာဝါရှိ ၇ လွှာ တိုက်ခန်းတွင် ဖေဖော်ဝါရီလ
၂၄ ရက်နေ့က အမေရိကန် ဒေါ်လာ ခုနစ်သောင်းကျော် သိမ်းဆည်းထားသော မီးခံသေတ္တာ
ခိုးယူခံရပြီး ပုံစံတူ မီးခံသေတ္တာ အလွတ်ဖြင့် လဲလှယ် ခံရကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
အမှတ် (၆) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာတွင် နေသူ အသက် ၃၉ နှစ် အရွယ်ရှိ အင်္ဂလိပ်စာ သင်တန်း ဆရာသည် ခရီးသွား ကုမ္ပဏီ ဖွင့်ရန် ငှားရမ်းထားသော ဘုရင့်နောင် တာဝါရှိ တိုက်ခန်းတွင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံသေတ္တာ အတွင်း သော့ခတ် သိမ်းဆည်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၆ နာရီခန့်က စာရင်းကိုင် အမျိုးသမီးက မီးခံသေတ္တာ သော့ဖွင့်မရ၍ အဆိုပါ အမျိုးသားကို တယ်လီဖုန်းဖြင့် အကြောင်းကြား၍ သွားရောက် စစ်ဆေးခဲ့ရာမှ မီးခံသေတ္တာ ပုံစံတူ ဖြစ်နေပြီး ကန်ဒေါ်လာ ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာမှာ ပျောက်ဆုံးနေကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မိဘတွေနဲ့ အိမ်ခွဲနေဖို့ပြောတာကို လက်မခံ၍ ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ခင်ပွန်းထောင် ၁၀ နှစ်ကျ
မကွေးတိုင်းဒေသကြီး၊မကွေး
ခရိုင်တရားသူကြီးရုံးကဇနီးဖြစ်သူ ကို ဓားဖြင့် ထိုးသတ်သူ ကျော် သန်းကို
လူသတ်မှုဖြင့် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်နေ့က
အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။
ဖြစ်စဉ်မှာ (၃-၇-၂၀၁၃) ရက် ည(၇း၃၀)အချိန်ခန့်က ရွှေ အိုး(၁)ရပ်ကွက်၊ အပိုင်း (၃) နေ ရာအိမ်မှူး ဦးတင်ဝင်းသည် နေ အိမ်တွင်ရှိနေစဉ် ဦးလေးတစ်ဝမ်း ကွဲတော်စပ်သူဦးအောင်စိုးရောက် ရှိလာပြီး ၄င်း၏သမီး မအေးအေး သင်းကို ခင်ပွန်းဖြစ်သူကျော်သန်း မှ ဓားဖြင့်ထိုး၍ တောင်တွင်းကြီး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ နေကြောင်း ပြောပြသိရှိရသဖြင့် ဆေးရုံသို့ လိုက်သွားခဲ့ရာ မအေး အေးသင်း၏ ယာနို့အုံဘေး၊ ယာ နံဘေး၊ နောက်ကျောယာဘက် ခြမ်း၊ နဖူးယာဘက် ခြမ်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်ဆို၏။

၂ မိနစ်ထဲနဲ့ ဘ၀ကို အမောပြေသွားစေမည့် နည်းလမ်းများ
အရမ်းကို ပင်ပန်းနွမ်း နယ်နေ တယ်လို့ ခံစားနေရ ချိန်မျိုးမှာ
ပင်ပန်းမှုနဲ့ မောပမ်းမှုတွေကို ပြေပျောက်စေဖို့ အချိန် နှစ် မိနစ်နဲ့
သက်သာစေမယ့် နည်းလမ်းလေး တွေရှိပါတယ်။
အကြင်နာပေးပါ
နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အ ကြင်နာပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့
ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု
ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင်ကျွမ်းစေတယ် တယ်လို့
Stanford တက္ကသိုလ်မှ လေ့လာမှုတွေအရ ဆိုပါတယ်။
သာယာလှပသော ကားချပ်များကို ကြည့်ပါ
ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ တောတောင်လေးတွေလို၊ ကြယ်တံ
ခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့
သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။
ဖိအားပေးပါ
အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ
JOB seekers Journal
အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ
လင်းသိုက်ညွန့် (မြန်မာ့မြေ) "အရေးကြီးတာကို အရင်လုပ်ပါ"
Job Seekers Journal vol.2,No.39
စိတ္တဇဆေးရုံတစ်ခုတွင် ဆေးသုတ်သမား တစ်ယောက် နံရံကို ဆေးသုတ်နေ သည်။ ထိုစဉ် လူနာတစ်ယောက်က ၎င်းကို မေးသည်။
“ခင်ဗျားဆေးသုတ်တံကို သေချာကိုင်ထားရဲ့လား”
“ကိုင်ထားပါတယ်”
“ဆေးဘူးကိုရော သေချာကိုင်ထားရဲ့လား”
“ဟုတ်ကဲ့၊ ကိုင်ထားပါတယ်”
“ဒါဆိုရင် ..လှေကားကို ဖြုတ်လိုက်တော့ မယ်နော်”
စာရေးသူတို့တွေလည်း တစ်ခါတလေ ဒီလို ပါပဲ။ ဆေးသုတ် တံနဲ့ ဆေးဘူးကို သေသေချာချာကိုင်ထားပြီး လှေကားကို ဖြုတ်ပစ်လိုက် တတ်ကြပါတယ်။

Subscribe to:
Posts (Atom)
| No | Title | Singer | Listen/Download | Size |
|---|---|---|---|---|
| 1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
| 2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
| 3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
| 4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
| 5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
| 6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
| 7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
| 8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
| 9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
| 10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
| 11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
| 12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |