Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ

JOB seekers Journal
အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ

လင်းသိုက်ညွန့် (မြန်မာ့မြေ) "အရေးကြီးတာကို အရင်လုပ်ပါ"

Job Seekers Journal vol.2,No.39

စိတ္တဇဆေးရုံတစ်ခုတွင် ဆေးသုတ်သမား တစ်ယောက် နံရံကို ဆေးသုတ်နေ သည်။ ထိုစဉ် လူနာတစ်ယောက်က ၎င်းကို မေးသည်။
“ခင်ဗျားဆေးသုတ်တံကို သေချာကိုင်ထားရဲ့လား”
“ကိုင်ထားပါတယ်”
“ဆေးဘူးကိုရော သေချာကိုင်ထားရဲ့လား”
“ဟုတ်ကဲ့၊ ကိုင်ထားပါတယ်”
“ဒါဆိုရင် ..လှေကားကို ဖြုတ်လိုက်တော့ မယ်နော်”
စာရေးသူတို့တွေလည်း တစ်ခါတလေ ဒီလို ပါပဲ။ ဆေးသုတ် တံနဲ့ ဆေးဘူးကို သေသေချာချာကိုင်ထားပြီး လှေကားကို ဖြုတ်ပစ်လိုက် တတ်ကြပါတယ်။ ဘ၀မှာ အရေးကြီးတာ အရေးပါတာကို အရင်ဆုံးဦး စားပေး လုပ်ဆောင်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

အလုပ်အကိုင်ကောင်းကောင်းကို ရရှိပိုင်ဆိုင် လိုသူတွေဟာ တစ်ခါ တလေမှာ အရေးအကြီးဆုံး ဆိုတာတွေကို အရင်ဦးစားပေးဆောင်ရွက် ဖို့ မေ့လျော့နေလေ့ရှိကြပါတယ်။ အလုပ်အကိုင် ကောင်းကောင်းကိုရဖို့ ..
- သင်တန်းမျိုးစုံ တတ်ကြတယ်။
- အင်္ဂလိပ်စာ ကောင်းအောင် ကြိုးစားကြတယ်။
- အဆက်အသွယ်ကောင်းအောင် ကြိုးစားကြတယ်။
- CV တွေကို အားကြိုးမာန်တက်ပို့ကြတယ်။
- အလုပ်ခေါ်အင်တာဗျူးတွေကို အားကြိုးမာန်တက် ၀င်ရောက်ဖြေဆို ကြတယ်။

ဒါပေမဲ့ ..
အလုပ်အကိုင်ကောင်းကောင်း တစ်ခုကိုတော့ မရရှိကြသေးပါဘူး။
ဒါ ..ဘာဖြစ်လို့ပါလဲ။ အဖြေက ရိုးရှင်းပါတယ်။ သူတို့ဟာသူတို့ဆီမှာ ..
- ဘယ်လိုပင်ကိုဗီဇ (Talent) တွေရှိသလဲ။
- အဲ့ဒီ ပင်ကိုဗီဇနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်တွေကဘယ်လိုအလုပ် အကိုင် မျိုးတွေလဲ။

- ကိုယ်က တရှိုက်မတ်မတ်နဲ့ အလုပ်တစ်ခုကို လုပ်နေတယ်လို့တောင် မထင်ရတဲ့ အလုပ်အကိုင်မျိုးဆိုတာ ဘယ်လိုအလုပ်အကိုင်မျိုးတွေလဲ။
- ကိုယ်က လက်မှာပတ်ထားတဲ့ နာရီကို ထုတ်မကြည့်မိလောက်အောင် လုပ်မိတဲ့အလုပ် အကိုင်မျိုးတွေက ဘယ်လိုအလုပ်အကိုင်မျိုးတွေလဲ။
စတဲ့ အရေးကြီးတဲ့ မေးခွန်းတွေကို သူတို့ကိုယ်သူတို့ မေးမြန်းဖို့ မေ့လျော့နေ ကြလို့ပါပဲ။ ဒါတွေကို အရင်ဆုံးမမေးမြန်းဘဲနဲ့ သူတို့ဟာ ..
- ကိုယ်ရည်ကိုယ်သွေး ဘယ်လောက်ပဲ ကောင်းကောင်း၊
- အဆက်အသွယ် ဘယ်လောက်ပဲ ကောင်းကောင်း၊
- အရည်အချင်း ဘယ်လောက်ပဲ ရှိရှိ၊
သူတို့ရဲ့ စိတ်ကူးထဲက နှစ်လိုဖွယ်ကောင်းတဲ့ အလုပ်အကိုင်ကောင်းတစ်ခုကို ရရှိပိုင်ဆိုင်နိုင် ကြမှာ မဟုတ်ပါဘူး။

အလုပ်ဆိုတာ လူလိုပါပဲ။ သူ့ကိုကိုယ်ကဂရုစိုက်မှ သူက ကိုယ့်ကို ဂရု စိုက်မှာပါ။ သူ့ကို ကိုယ်က ချစ်မှသူက ကိုယ့်ကိုချစ်မှာပါ။ အရေးကြီးတာက ကိုယ့်ရဲ့ပင်ကိုဗီဇနဲ့ ကိုက်ညီပြီး ကိုယ်ချစ်မြတ်နိုးတဲ့ အလုပ်အကိုင်က ဘာလဲ ဆိုတာ သိဖို့ပါပဲ။

ကိုယ်ချစ်တဲ့အလုပ်အကိုင်က ဘာလဲဆိုတာ ကို သိပြီးပြီဆို ရင်တော့ နောက်ထပ်လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ အဲ့ဒီ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ...
- ကျွမ်းကျင်မှု (Skill)
- အသိပညာဗဟုသုတ (Knowledge)
- စိတ်ဓာတ် (Attitude)တွေ မိမိဆီမှာရှိလာအောင် အားထုတ်ဖို့ပဲ ဖြစ် ပါတယ်။

လူတစ်ယောက်ကို အမှတ်ပေးလို့ အမြင့်ဆုံး ကို ၁၀ မှတ်ပေးမယ် ဆိုရင် လူတွေက “၈၊ ၉၊ ၁၀” ကိုပဲ လိုချင်ကြပါတယ်။ ဘယ်သူကမှ “၂၊ ၃၊ ၄၊ ၅” ကို မလိုချင်ကြပါဘူး။ မွေးကတည်းက မိမိမှာ ပါလာတဲ့ Talent မှာ စာရေးသူတို့အနေ နဲ့ “၃၊ ၄၊ ၅” လောက်တော့ ရကြပြီးသားပါ။ ဒီအပေါ်မှာ လိုအပ်တဲ့ လေ့လာအားထုတ်သင်ယူမှု (Learning) ကို ထပ်ပေါင်း ထည့် လိုက်ရင် “၇၊ ၈၊ ၉၊ ၁၀” ဖြစ်လာကြမှာ ဖြစ်ပါတယ်။

သာမန်လူတစ်ယောက်အနေနဲ့ သင်ယူမှု ပြုလုပ်လိုက်ရင် သူ့ရဲ့အမှတ် က ၂ ဆင့်၊ ၃ ဆင့် လောက်ပဲ တက်လာနိုင်တာ ဖြစ်တဲ့အတွက် မွေးက တည်းက ပင်ကိုဗီဇပါလာပြီးသား ဆိုရင် နဂိုကတည်းက ၅ မှတ်လောက် ရရှိပြီးသားမို့ “၇၊ ၈၊ ၉” ဖြစ်လာဖို့ လွယ်ကူမှာဖြစ်ပြီး မွေးကတည်းက “၁ မှတ်၊ ၂ မှတ်” လောက်ပဲ ရှိနေ တာဆိုရင် သင်ယူလေ့လာမှု ပြုလုပ်ပြီးတဲ့ အခါ မှာလည်း “၇၊ ၈၊ ၉” ဖြစ်လာဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်””

တချို့သူတွေက “အခွင့်အရေး မရှိဘူး၊ အခွင့်အရေး မရှိဘူး” စသည်ဖြင့် ညည်းညူကြလေ့ရှိပါတယ်။ တကယ်တော့ အခွင့်အရေးဆိုတာ အရည်အချင်းနဲ့ တိုက်ရိုက်အချိုးကျတာ ဖြစ်ပါတယ်။ မိမိကိုယ်ကို အမှတ်ပြန်ပေးကြည့်လိုက် ပါ။ “၃၊ ၄၊ ၅” လောက်ပဲ ရရင်တော့ ဘယ်တော့ မှ အခွင့်အရေးမရှိပါဘူး။ မိမိကိုယ်ကို အမှတ် ပြန်ပေးကြည့်လို့ “၇၊ ၈၊ ၉၊ ၁၀” ဆိုရင်တော့ သေချာပေါက်အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။

“၇၊ ၈၊ ၉၊ ၁၀” ရနေသူတစ်ဦးအတွက် အခွင့်အရေးတွေက တန်းစီ ပြီး စောင့်နေမှာပါပဲ။ အလုပ်အကိုင် ကောင်းကောင်းတစ်ခုကို ရရှိ ပိုင်ဆိုင်နိုင် ဖို့အတွက် “အရေးကြီးတာကို အရင် လုပ်” နိုင်ဖို့လိုအပ်ပါတယ်။ ။

See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

www.myanmarjobseekers.com

www.facebook.com/myanmarjobseekers

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB