Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လင်မယားစကားများစဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

၁၈.၂.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် တိုက်ကြီးဆေးရုံ၌ အမျိုးသားတစ်ဦး ဓါးထိုးခံရသဖြင့် သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်ဝင်း(၄၂)နှစ်၊ ရှမ်းစုရပ်ကွက်၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ယာဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို တွေ့ရှိရ
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူမမြ၀င်း(၄၇)နှစ်နှင့် နေအိမ်၌
စကားများရန်ဖြစ်ကြစဉ် ဇနီး ဖြစ်သူမှ အရိုးအသွား(၉)လက်မခန့်ရှိ မီးဖိုချောင်သုံးစတီးဓါးဦးချွန်ဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဗေဒင်ကိစ္စ ငြင်းခုံစဉ် စည်ပင် အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်း အသက် ၃၀ အရွယ် ကိုအရှည်ကြီးက ယူလာသော အရှည်တစ်ပေခန့်ရှိ ဝါးရိုးတပ်ဓားဖြင့် ဗေဒင်ဆရာ ကိုထိုးခဲ့ပြီး သီဟဆိုသူက ကိုအရှည်ကြီးထံမှ ဓားကိုလုကာ ဗေဒင်ဆရာကို ထပ်မံထိုးခဲ့သဖြင့် ဘယ်လက်ချောင်း များတွင် ပြတ်ရှဒဏ်ရာများနှင့် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗေဒင်ဆရာ၏ တူဖြစ်သူ တိုင်တန်းချက်အရ သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်း ကြိုးဆွဲချ၍ အဆုံးစီရင်မှု တစ်လအတွင်း လေးခုထိဖြစ်ပွား

မုံရွာ၊ မဇ္ဈိမ။              ။ စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီအတွင်း မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီးရင်သည့် သေမှုသေခင်း
လေးခုရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက  ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၁၈ တစ်ရက်တည်း၌ပင် မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီးရင်သူ လူနှစ်ဦးရှိနေသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းအတွင်း ထူးခြားဖြစ်စဉ် နေ့စဉ်မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဖြစ်စဉ်များမှာ ဖေဖော်ဝါရီ ၁၈ ရက်က တမူးမြို့၊ မြို့ မ(၁၂/ခ)ရပ်ကွက်၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လူမနေသည့်
တောတွင်းရှိ ကောက်ရိုးစင်တွင် ၄၅ နှစ်အရွယ်ရှိ ကိုဂျဲနာရမ်း ဆိုသူသည်  ဝါယာကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ သည်။ ထို့ကြောင့် တမူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/ ၂ဝ၁၄ အရ အမှုရေးဖွင့်ခဲ့သည်။

ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်

ပြိုင်ကားဖမ်းဆီးရေးအဖွဲ့ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ည ၈ နာရီခွဲက သာကေတမြို့နယ် ဦးစီးရုံးမှ ရဲအုပ် စိုးဝဏ္ဏအောင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမကြီး၊ ရှုခင်း သာဟိုတယ်ရှေ့တွင် ပြိုင်ကားဖမ်းဆီးရေးတာဝန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၉ နာရီ ၄၅ မိနစ်တွင် ဒေါပုံဘက်မှ သန်လျင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမပြုဘဲ အော်ဟစ်စီးနင်းသွားသည်ဟုလည်း ထည့်သွင်းပြောပြတိုင် တန်းထားသည်။

ရေသန့်ဘူးအတွင်းရှိ အက်စစ်သောက်မိသူသေဆုံး

အသက် ၂၃ နှစ် အရွယ် အမျိုးသားတစ်ဦး အက်စစ်သောက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးသွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူသည် တွံတေးမြို့နယ် ခလုတ်ကျေးရွာတွင် နေထိုင်သည့် ကျော်စိုး (၂၃)နှစ်ဖြစ်ပြီး၊ စိတ်ပေါ့သွပ်နေ သူတစ်ဦး ဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁နာရီက နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဘက်ထရီအိုးသုံးရန် အတွက် ရေသန့်ဘူးဖြင့် ထည့်ထားသော အက်စစ်များကို သောက်သုံးမိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ ကုသနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးမေးမြန်းချက်အရ သိရှိထားသည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB